တရုတ်က AI စက်ရုပ်နဲ့ ဘောလုံးကန်ပွဲ ကျင်းပ

595

ရောင်နီ (NP News) - ဇွန် ၂၉
တရုတ်နိုင်ငံရဲ့အမျိုးသားဘောလုံးအသင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရိသတ်တွေကို လုံလောက်တဲ့ စိတ်လှုပ်ရှားမှုများစွာ မပေးနိုင်ခဲ့တာကြောင့် တရုတ်က လူသားနဲ့ ပိုဆင်တဲ့စက်ရုပ် ဘောလုံးပွဲနဲ့ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရယူဖို့ ကြိုးစားလာပါတယ်။
တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ စနေနေ့ (ဇွန်လ ၂၈ ရက်) ညက ဥာဏ်ရည်တု (AI) နဲ့ အလုံးစုံ ထိန်းချုပ် ထားတဲ့ စက်ရုပ်တွေနဲ့ 3-3-3 ဘောလုံးပွဲကို ပေကျင်းမှာ ကျင်းပမယ့် World Humanoid Robot Games အတွက် အကြိုကြည့်ရှုမှု အနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပွဲစီစဉ်သူတွေရဲ့ အဆိုအရ၊ ပွဲရဲ့အဓိကသော့ချက်အဖြစ် ပါဝင်တဲ့ စက်ရုပ်အားလုံးဟာ လူသား ဝင်ရောက်စွက်ဖက်မှု (သို့မဟုတ်) ကြီးကြပ်မှုမရှိဘဲ AI နဲ့သာ ထိန်းချုပ်နိုင်ကာ အလိုအလျောက်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆင့်မြင့် အမြင်အာရုံခံကိရိယာတွေ တပ်ဆင်ထား တာကြောင့် စက်ရုပ်တွေဟာ ဘောလုံးကို ခွဲခြားသိရှိနိုင်ပြီး ကွင်းပြင်မှာ သွက်လက်မြန်ဆန်စွာ ပြေးလွှားနိုင်ပါ တယ်။ လဲကျခဲ့ရင်လည်း မိမိဘာသာ မတ်တတ်ရပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ မာရသွန်၊ လက်ဝှေ့နဲ့ ဘောလုံးစတဲ့ အားကစားပြိုင်ပွဲတွေမှာ AI စွမ်းအားသုံး လူသား စက်ရုပ်တွေနဲ့ အစားထိုးဖို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒီအတွက် Booster Robotics တည်ထောင်သူနဲ့ CEO ဖြစ်သူ ချန်ဟို က လူသားစက်ရုပ် စမ်းသပ်ချက်တွေကို ပံ့ပိုးပေးပြီး အယ်လဂိုရီသမ်နဲ့ ပေါင်းစည်းထားတဲ့ ဟာ့ဒ်ဝဲဆော့ဖ်ဝဲလ်စနစ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ကူညီပေးတယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္က AI စက္႐ုပ္နဲ႔ ေဘာလုံးကန္ပြဲ က်င္းပ
ေရာင္နီ (NP News) - ဇြန္ ၂၉
တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားေဘာလုံးအသင္းက ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ပရိသတ္ေတြကို လုံေလာက္တဲ့ စိတ္လႈပ္ရွားမႈမ်ားစြာ မေပးႏိုင္ခဲ့တာေၾကာင့္ တ႐ုတ္က လူသားနဲ႔ ပိုဆင္တဲ့စက္႐ုပ္ ေဘာလုံးပြဲနဲ႔ပရိသတ္ရဲ႕ အာ႐ုံစိုက္မႈကို ရယူဖို႔ ႀကိဳးစားလာပါတယ္။
တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေပက်င္းမွာ စေနေန႔ (ဇြန္လ ၂၈ ရက္) ညက ဥာဏ္ရည္တု (AI) နဲ႔ အလုံးစုံ ထိန္းခ်ဳပ္ ထားတဲ့ စက္႐ုပ္ေတြနဲ႔ 3-3-3 ေဘာလုံးပြဲကို ေပက်င္းမွာ က်င္းပမယ့္ World Humanoid Robot Games အတြက္ အႀကိဳၾကည့္ရႈမႈ အေနနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ပြဲစီစဥ္သူေတြရဲ႕ အဆိုအရ၊ ပြဲရဲ႕အဓိကေသာ့ခ်က္အျဖစ္ ပါဝင္တဲ့ စက္႐ုပ္အားလုံးဟာ လူသား ဝင္ေရာက္စြက္ဖက္မႈ (သို႔မဟုတ္) ႀကီးၾကပ္မႈမရွိဘဲ AI နဲ႔သာ ထိန္းခ်ဳပ္ႏိုင္ကာ အလိုအေလ်ာက္လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ အဆင့္ျမင့္ အျမင္အာ႐ုံခံကိရိယာေတြ တပ္ဆင္ထား တာေၾကာင့္ စက္႐ုပ္ေတြဟာ ေဘာလုံးကို ခြဲျခားသိရွိႏိုင္ၿပီး ကြင္းျပင္မွာ သြက္လက္ျမန္ဆန္စြာ ေျပးလႊားႏိုင္ပါ တယ္။ လဲက်ခဲ့ရင္လည္း မိမိဘာသာ မတ္တတ္ရပ္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံဟာ မာရသြန္၊ လက္ေဝွ႔နဲ႔ ေဘာလုံးစတဲ့ အားကစားၿပိဳင္ပြဲေတြမွာ AI စြမ္းအားသုံး လူသား စက္႐ုပ္ေတြနဲ႔ အစားထိုးဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနပါတယ္။ ဒီအတြက္ Booster Robotics တည္ေထာင္သူနဲ႔ CEO ျဖစ္သူ ခ်န္ဟို က လူသားစက္႐ုပ္ စမ္းသပ္ခ်က္ေတြကို ပံ့ပိုးေပးၿပီး အယ္လဂိုရီသမ္နဲ႔ ေပါင္းစည္းထားတဲ့ ဟာ့ဒ္ဝဲေဆာ့ဖ္ဝဲလ္စနစ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ ကူညီေပးတယ္လို႔ သိရပါတယ္။