အီရန်ကို ဘာမှကမ်းလှမ်းတာမျိုးမရှိဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 434

Pika (NP News) - ဇူလိုင် ၁

အီရန်နိုင်ငံနဲ့ စကားပြောဆိုတာမျိုးမရှိကြောင်းနဲ့ အီရန်ကို ဘာမှကမ်းလှမ်းတာမျိုးမရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အဦးတွေကို လုံးဝချေမှုန်းပစ်လိုက်ပြီလို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံမှာ အရပ်ဘက်ဆိုင်ရာစွမ်းအင်ထုတ်လုပ်မယ့် နျူကလီးယားအစီအစဉ်တစ်ခုတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ(၃၀)ဘီလျံကူညီပေးဖို့ အလားအလာတွေကို အမေရိကန်အစိုးရကဆွေးနွေးခဲ့တယ်ဆိုတဲ့မီဒီယာတွေရဲ့ဖော်ပြချက်တွေကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်းသိရပါတယ်။
ဒေါ်နယ်ထရမ့်က "အီရန်ကို ကျွန်‌တော်တို့ဘက်က ကမ်းလှမ်းတာမျိုးတွေတစ်ခုမှမရှိပါဘူး။ပြီးတော့ အီရန်နဲ့ကျွန်တော်တို့ကြားမှာ စကားပြောဆိုတာမျိုးတွေလည်း မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အမေရိကန်ဟာ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေဟာ ပြန်လည်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အီရန္ကို ဘာမွကမ္းလွမ္းတာမ်ိဳးမရွိဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၁
အီရန္ႏိုင္ငံနဲ႔ စကားေျပာဆိုတာမ်ိဳးမရွိေၾကာင္းနဲ႔ အီရန္ကို ဘာမွကမ္းလွမ္းတာမ်ိဳးမရွိဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားအေဆာက္အဦးေတြကို လုံးဝေခ်မႈန္းပစ္လိုက္ၿပီလို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံမွာ အရပ္ဘက္ဆိုင္ရာစြမ္းအင္ထုတ္လုပ္မယ့္ န်ဴကလီးယားအစီအစဥ္တစ္ခုတည္ေဆာက္ဖို႔အတြက္ အေမရိကန္ေဒၚလာ(၃၀)ဘီလ်ံကူညီေပးဖို႔ အလားအလာေတြကို အေမရိကန္အစိုးရကေဆြးေႏြးခဲ့တယ္ဆိုတဲ့မီဒီယာေတြရဲ႕ေဖာ္ျပခ်က္ေတြကို ေဒၚနယ္ထရမ့္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္းသိရပါတယ္။
ေဒၚနယ္ထရမ့္က "အီရန္ကို ကြၽန္‌ေတာ္တို႔ဘက္က ကမ္းလွမ္းတာမ်ိဳးေတြတစ္ခုမွမရွိပါဘူး။ၿပီးေတာ့ အီရန္နဲ႔ကြၽန္ေတာ္တို႔ၾကားမွာ စကားေျပာဆိုတာမ်ိဳးေတြလည္း မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အေမရိကန္ဟာ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြဟာ ျပန္လည္တည္ေဆာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရလိမ့္မယ္လို႔လည္း အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.