အိန္ဒိယနိုင်ငံက စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃၆)ဦးသေဆုံး

 130

Pika (NP News) - ဇူလိုင် ၂

အိန္ဒိယနိုင်ငံတောင်ပိုင်း Telangana ပြည်နယ်မှာရှိတဲ့ စက်ရုံတစ်ခုမှာ ဇူလိုင်လ(၁)ရက်နေ့က မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Telangana မီးဘေးအန္တရာယ်တုံ့ပြန်ရေးအရေးပေါ်ဌာန ဒါရိုက်တာ GV Narayana Rao က"ကျွန်တော်တို့ အပျက်အစီးတွေကို ဆက်လက်ရှင်းလင်းနေတုန်းပါပဲ။ အဆောက်အအုံတစ်ခုလုံးက လုံးဝကိုပြိုကျသွားခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် နောက်ထပ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လက်ရှိအချိန်အထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။

၎င်းက"ရှင်းလင်းမှုတွေလုပ်ဆောင်ပြီးပြီဆိုတာနဲ့ အပျက်အစီးတွေအောက်မှာ နောက်ထပ်ရုပ်အလောင်းတွေ ကျန်သေးလားဆိုတာကို ကျွန်တော်တို့ဆက်လက်ရှာဖွေသွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဇွန်လ(၃၀)ရက်နေ့က Sigachi စက်ရုံမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုမီးလောင်ကျွမ်းမှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

zawgyi version
အိႏၵိယႏိုင္ငံက စက္႐ုံတစ္ခုမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၃၆)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၂

အိႏၵိယႏိုင္ငံေတာင္ပိုင္း Telangana ျပည္နယ္မွာရွိတဲ့ စက္႐ုံတစ္ခုမွာ ဇူလိုင္လ(၁)ရက္ေန႔က မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၃၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၆)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

Telangana မီးေဘးအႏၲရာယ္တုံ႔ျပန္ေရးအေရးေပၚဌာန ဒါ႐ိုက္တာ GV Narayana Rao က"ကြၽန္ေတာ္တို႔ အပ်က္အစီးေတြကို ဆက္လက္ရွင္းလင္းေနတုန္းပါပဲ။ အေဆာက္အအုံတစ္ခုလုံးက လုံးဝကိုၿပိဳက်သြားခဲ့တာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ေနာက္ထပ္ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို လက္ရွိအခ်ိန္အထိ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ ၎ကေျပာၾကားခဲ့ပါတယ္။

၎က"ရွင္းလင္းမႈေတြလုပ္ေဆာင္ၿပီးၿပီဆိုတာနဲ႔ အပ်က္အစီးေတြေအာက္မွာ ေနာက္ထပ္႐ုပ္အေလာင္းေတြ က်န္ေသးလားဆိုတာကို ကြၽန္ေတာ္တို႔ဆက္လက္ရွာေဖြသြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဇြန္လ(၃၀)ရက္ေန႔က Sigachi စက္႐ုံမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုမီးေလာင္ကြၽမ္းမႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.