အမေရိကန်နဲ့ဆွေးနွေးပွဲတွေ ပြန်စဖို့ မစီစဉ်ထားဘူးလို့ အီရန်ပြော

415
Pika (NP News) - ဇူလိုင် ၂
အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ လျင်လျင်မြန်မြန်ပြန်စဖို့ စီစဉ်ထားတာမျိုး မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်က အီရန်ကို နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူးလို့ အရင်ဆုံးအာမခံပေးဖို့ လိုအပ်တယ်လို့လည်း အာဘတ်စ်အာဂရာချီကပြောကြားခဲ့ပါတယ်။
အီရန်နဲ့နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေက ယခုသီတင်းပတ်အတွင်း ပြန်လည်စတင်နိုင်တယ်လို့ ပြောဆိုခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေကို အာဘတ်စ်အာဂရာချီက ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းက "စေ့စပ်ညှိနှိုင်းမှုတွေက ဒီလောက်အထ် လျင်လျင်မြန်မြန်ပြန်စမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီဆွေးနွေးပွဲတွေပြန်လည်စတင်ဖို့အတွက် အမေရိကန်က အီရန်ကို နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူးလို့ အာမခံပေးရပါမယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် သံတမန်ရေးဆိုင်ရာတံခါးတွေက မပိတ်ပေမယ့်လည်း အီရန်က နောက်ထပ်အချိန်တွေကို လိုအပ်တယ်လို့ ထင်မိတယ်လို့ အာဘတ်စ်အာဂရာချီက ထပ်မံပြောကြားခဲ့ပါတယ်။
zawgyi version
အေမရိကန္နဲ႔ေဆြးေႏြးပြဲေတြ ျပန္စဖို႔ မစီစဥ္ထားဘူးလို႔ အီရန္ေျပာ
Pika (NP News) - ဇူလိုင္ ၂
အေမရိကန္နဲ႔ ေဆြးေႏြးပြဲေတြ လ်င္လ်င္ျမန္ျမန္ျပန္စဖို႔ စီစဥ္ထားတာမ်ိဳး မရွိဘူးလို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္က အီရန္ကို ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူးလို႔ အရင္ဆုံးအာမခံေပးဖို႔ လိုအပ္တယ္လို႔လည္း အာဘတ္စ္အာဂရာခ်ီကေျပာၾကားခဲ့ပါတယ္။
အီရန္နဲ႔န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြက ယခုသီတင္းပတ္အတြင္း ျပန္လည္စတင္ႏိုင္တယ္လို႔ ေျပာဆိုခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ေတြကို အာဘတ္စ္အာဂရာခ်ီက ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာလည္းျဖစ္ပါတယ္။ ၎က "ေစ့စပ္ညႇိႏႈိင္းမႈေတြက ဒီေလာက္အထ္ လ်င္လ်င္ျမန္ျမန္ျပန္စမယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ဒီေဆြးေႏြးပြဲေတြျပန္လည္စတင္ဖို႔အတြက္ အေမရိကန္က အီရန္ကို ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူးလို႔ အာမခံေပးရပါမယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ သံတမန္ေရးဆိုင္ရာတံခါးေတြက မပိတ္ေပမယ့္လည္း အီရန္က ေနာက္ထပ္အခ်ိန္ေတြကို လိုအပ္တယ္လို႔ ထင္မိတယ္လို႔ အာဘတ္စ္အာဂရာခ်ီက ထပ္မံေျပာၾကားခဲ့ပါတယ္။