ခယ်မအား အက်စစ်ဖြင့်ပက်ခဲ့သူ ခဲအိုကို သေဒဏ်ချ

 1896

သန့်ဇင်(NP News) - ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် အစ်မနှင့်သဘောမတူသည့် ခယ်မအား အက်စစ်ဖြင့်ပက်ခဲ့သူ ခဲအိုကို သေဒဏ်ချမှတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။

အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ‌အောက်တိုဘာ ၂၂ရက်၊ ညနေ ၆နာရီ ၂၀မိနစ်အချိန်က တောင်ငူမြို့၊ ၁၉ရပ်ကွက်၊ ညောင်ပင်ဈေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အက်စစ်ဖြင့်အပက်ခံရသူ ဒေါ်အေးမြစန္ဒာမြင့်၏ အစ်မအရင်းဖြစ်သူ ဒေါ်ဆွေဇင်မြင့်သည် တရားခံ အောင်ဆွေလိတ်(ခ) အီစာ ဆိုသူနှင့် ပေါင်းသင်းနေထိုင်နေသည့်အတွက် ဒေါ်အေးမြစန္ဒာမြှင့်က သဘောမကျသောကြောင့် ၎င်းတို့အား ပြောဆိုခြင်းများရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောင်ဆွေလိတ်(ခ) အီစာသည် ဒေါ်အေးမြစန္ဒာမြင့်ကို ကြည့်မရသဖြင့် အငြိုးအတေးထားကာ ကြိုတင်ကြံစည်နေပြီးနောက် မိလ္လာကန်ဆေးရန် ဝယ်ယူထားသော အက်စစ်ဖြင့်ပက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အက်စစ်ဖြင့်အပက်ခံရမှုကြောင့် ဒေါ်အေးမြစန္ဒာမြင့်တွင် မျက်နှာ၊ လက်မောင်း(၂)ဖက်၊ ရင်ဘတ်နှင့် | ဝမ်းဗိုက်တို့တွင် အရေပြားများ လောင်ကျွမ်းဒဏ်ရာများနှင့် မျက်လုံးများလည်းကောင်းစွာမမြင်ရကာ အဆိုပါဒဏ်ရာများဖြင့် စက်တင်ဘာ(၂၃) ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တရားခံ အောင်ဆွေလိတ်(ခ) အီစာကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်၊ သေခံအထောက်အထား၊ CCTV မှတ်တမ်း အထောက်အထား၊ ဆေးစာပြန်ကြားချက်၊ အခင်းဖြစ်မြေပုံကြမ်းနှင့် မှတ်တမ်းဓာတ်ပုံအထောက်အထားတို့အရ ပြစ်မှုထင်ရှားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် နိုဝင်ဘာလ၊ ၂၀ရက်တွင် တောင်ငူခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂(၁)(ခ)အရ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

zawgyi version

ခယ္မအား အက္စစ္ျဖင့္ပက္ခဲ့သူ ခဲအိုကို ေသဒဏ္ခ်
သန႔္ဇင္(NP News) - ဇူလိုင္ ၂

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕တြင္ အစ္မႏွင့္သေဘာမတူသည့္ ခယ္မအား အက္စစ္ျဖင့္ပက္ခဲ့သူ ခဲအိုကို ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွသိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ‌ေအာက္တိုဘာ ၂၂ရက္၊ ညေန ၆နာရီ ၂၀မိနစ္အခ်ိန္က ေတာင္ငူၿမိဳ႕၊ ၁၉ရပ္ကြက္၊ ေညာင္ပင္ေဈးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အက္စစ္ျဖင့္အပက္ခံရသူ ေဒၚေအးျမစႏၵာျမင့္၏ အစ္မအရင္းျဖစ္သူ ေဒၚေဆြဇင္ျမင့္သည္ တရားခံ ေအာင္ေဆြလိတ္(ခ) အီစာ ဆိုသူႏွင့္ ေပါင္းသင္းေနထိုင္ေနသည့္အတြက္ ေဒၚေအးျမစႏၵာျမႇင့္က သေဘာမက်ေသာေၾကာင့္ ၎တို႔အား ေျပာဆိုျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေအာင္ေဆြလိတ္(ခ) အီစာသည္ ေဒၚေအးျမစႏၵာျမင့္ကို ၾကည့္မရသျဖင့္ အၿငိဳးအေတးထားကာ ႀကိဳတင္ႀကံစည္ေနၿပီးေနာက္ မိလႅာကန္ေဆးရန္ ဝယ္ယူထားေသာ အက္စစ္ျဖင့္ပက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ အက္စစ္ျဖင့္အပက္ခံရမႈေၾကာင့္ ေဒၚေအးျမစႏၵာျမင့္တြင္ မ်က္ႏွာ၊ လက္ေမာင္း(၂)ဖက္၊ ရင္ဘတ္ႏွင့္ | ဝမ္းဗိုက္တို႔တြင္ အေရျပားမ်ား ေလာင္ကြၽမ္းဒဏ္ရာမ်ားႏွင့္ မ်က္လုံးမ်ားလည္းေကာင္းစြာမျမင္ရကာ အဆိုပါဒဏ္ရာမ်ားျဖင့္ စက္တင္ဘာ(၂၃) ရက္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တရားခံ ေအာင္ေဆြလိတ္(ခ) အီစာကို ဖမ္းဆီးစစ္ေဆးခဲ့ရာ ၎၏ထြက္ဆိုခ်က္၊ ေသခံအေထာက္အထား၊ CCTV မွတ္တမ္း အေထာက္အထား၊ ေဆးစာျပန္ၾကားခ်က္၊ အခင္းျဖစ္ေျမပုံၾကမ္းႏွင့္ မွတ္တမ္းဓာတ္ပုံအေထာက္အထားတို႔အရ ျပစ္မႈထင္ရွားေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ႏိုဝင္ဘာလ၊ ၂၀ရက္တြင္ ေတာင္ငူခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ၿပီး ၿပီးခဲ့သည့္ ဇြန္လ ၃၀ ရက္တြင္ ရာဇသတ္ႀကီး ပုဒ္မ-၃ဝ၂(၁)(ခ)အရ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.