ရှမ်းမှ လက်နက်ကိုင်အဖွဲ့ အချို့တရားမဝင်ခနောက်စိမ်းတူးဖော်ရောင်းချပြီး စီးပွားဖြစ်နေ

 95

Pearl(NP News)-ဇူလိုင် ၃
ရှမ်းပြည်နယ်မှလက်နက်ကိုင်အဖွဲ့အချို့က တရားမဝင် ခနောက်စိမ်းတူးဖော်ရောင်းချပြီး စီးပွားဖြစ်နေကြောင်း ဒေသခံများနှင့် ခနောက်စိမ်း ဈေးကွက်အကြောင်း သိရှိသူများထံ NP News မှ ဆက်သွယ်မေးမြန်း ထားသည့်အချက် အလက်များအရ သိရသည်။
“မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆက်၊ ပန်ဆန်း ဘက်မှာ ခနောက်စိမ်းတို့ တခြားသတ္တုတွေထွက်တယ်။ ဝ နဲ့ ပတ်သက် တဲ့လူတွေ၊ နောက်ပြီးတော့ မိုင်းလားအဖွဲ့နဲ့ ပတ်သက်တဲ့လူတွေတော့ ရှိတယ်။ သူတို့တွေ တရားမဝင်တူးဖော်နေ တာတွေရှိတယ်။ ရွှေတူးတာတွေလည်းရှိတယ်။ တချို့ဆိုရင် တရုတ်ဘက်ကလာပြီး မြန်မာနာမည်ခံထားတဲ့ တရုတ် ကုမ္ပဏီတွေ တူးဖော်နေတာမျိုးတွေ တွေ့ရတယ်” ဟု ရှမ်းပြည်ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ခနောက်စိမ်းသတ္တုများကို လက်နက်ကိုင် များထိန်းချုပ်ထားသည့် နယ်မြေအချို့တွင် နေ့စဉ်တူး ဖော်နေကြပြီး ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်ပြည်အတွင်းရှိ လက်နက်ခဲယမ်းပြုလုပ်သည့်နေရာများသို့ ရောင်းချနေကြောင်းလည်း သိရ သည်။
‘‘ခနောက်စိမ်းက ရှမ်းပြည်ကထွက်တယ်၊ ကရင်ပြည်နယ်ကထွက်တယ်၊ တနင်္သာရီကထွက် တယ်။ အဲဒီဒေသ ကနေ တရုတ်ကို အဓိကသွားကြတယ်။ ကြားကတော့ ထိုင်းတို့ ဘာတို့ခံပြီးတော့ အရောင်းအဝယ်လုပ်ကြတာ။ အရောင်းအဝယ်တွေ ကောင်းနေတဲ့အခါကျတော့ ရှမ်း၊ ကရင်၊ တနင်္သာရီမှာ ရှိကြတဲ့ ဘယ်အဖွဲ့အစည်းမဆိုပေါ့။ တရုတ် က ခနောက်စိမ်းလိုအပ်ချက်က မြင့်နေတဲ့အခါကျတော့ အရောင်းအဝယ်ဖြစ်နေကြတာပေါ့။ သေနတ်ပြောင်း တို့၊ RPG ထိပ်တို့ အဓိကကတော့ လက်နက်ခဲယမ်းအတွက် အသုံးကြတာများတာပေါ့။ အရောင်းအဝယ် တော့ ဖြစ်နေကြတာပေါ့ ဗျာ။ ပစ္စည်းက ဝယ်ချင်တဲ့ လူများတော့ ရောင်းတဲ့လူကနည်းတော့ ဈေးရတယ်ပေါ့” ဟု ခနောက်စိမ်းဈေးကွက် အကြောင်း သိရှိသူ တစ်ဦးက NP News သို့ပြောသည်။
ခနောက်စိမ်းကို လက်နက်ခဲယမ်းများ အပါအဝင် စက်မှုလုပ်ငန်းအချို့၌ အပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ခနောက်စိမ်းအရိုင်း တစ်တန်လျှင် ဓာတ်သတ္တုပါဝင်မှုရာခိုင်နှုန်းအလိုက် မြန်မာ ငွေကျပ် အနည်း ဆုံး (၁၀၄၅၅၅၁၀) ကျပ်မှ အများဆုံး ( ၃၅၈၁၁၂၀ဝ) ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသည့် ခနောက်စိမ်းအပါအဝင် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းကို တိုက်ဖျက်တား ဆီးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ပြောကြားထားဖူးသည်။

Zawgyi Version:
ရွမ္းမွ လက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕တရားမဝင္ခေနာက္စိမ္းတူးေဖာ္ေရာင္းခ်ၿပီး စီးပြားျဖစ္ေန
Pearl(NP News)-ဇူလိုင္ ၃
ရွမ္းျပည္နယ္မွလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က တရားမဝင္ ခေနာက္စိမ္းတူးေဖာ္ေရာင္းခ်ၿပီး စီးပြားျဖစ္ေနေၾကာင္း ေဒသခံမ်ားႏွင့္ ခေနာက္စိမ္း ေဈးကြက္အေၾကာင္း သိရွိသူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္ အလက္မ်ားအရ သိရသည္။
“မိုင္းတုံ၊ မိုင္းျဖတ္၊ မိုင္းဆက္၊ ပန္ဆန္း ဘက္မွာ ခေနာက္စိမ္းတို႔ တျခားသတၱဳေတြထြက္တယ္။ ဝ နဲ႔ ပတ္သက္ တဲ့လူေတြ၊ ေနာက္ၿပီးေတာ့ မိုင္းလားအဖြဲ႕နဲ႔ ပတ္သက္တဲ့လူေတြေတာ့ ရွိတယ္။ သူတို႔ေတြ တရားမဝင္တူးေဖာ္ေန တာေတြရွိတယ္။ ေ႐ႊတူးတာေတြလည္းရွိတယ္။ တခ်ိဳ႕ဆိုရင္ တ႐ုတ္ဘက္ကလာၿပီး ျမန္မာနာမည္ခံထားတဲ့ တ႐ုတ္ ကုမၸဏီေတြ တူးေဖာ္ေနတာမ်ိဳးေတြ ေတြ႕ရတယ္” ဟု ရွမ္းျပည္ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ခေနာက္စိမ္းသတၱဳမ်ားကို လက္နက္ကိုင္ မ်ားထိန္းခ်ဳပ္ထားသည့္ နယ္ေျမအခ်ိဳ႕တြင္ ေန႔စဥ္တူး ေဖာ္ေနၾကၿပီး ထိုင္းႏိုင္ငံမွတစ္ဆင့္ တ႐ုတ္ျပည္အတြင္းရွိ လက္နက္ခဲယမ္းျပဳလုပ္သည့္ေနရာမ်ားသို႔ ေရာင္းခ်ေနေၾကာင္းလည္း သိရ သည္။
‘‘ခေနာက္စိမ္းက ရွမ္းျပည္ကထြက္တယ္၊ ကရင္ျပည္နယ္ကထြက္တယ္၊ တနသၤာရီကထြက္ တယ္။ အဲဒီေဒသ ကေန တ႐ုတ္ကို အဓိကသြားၾကတယ္။ ၾကားကေတာ့ ထိုင္းတို႔ ဘာတို႔ခံၿပီးေတာ့ အေရာင္းအဝယ္လုပ္ၾကတာ။ အေရာင္းအဝယ္ေတြ ေကာင္းေနတဲ့အခါက်ေတာ့ ရွမ္း၊ ကရင္၊ တနသၤာရီမွာ ရွိၾကတဲ့ ဘယ္အဖြဲ႕အစည္းမဆိုေပါ့။ တ႐ုတ္ က ခေနာက္စိမ္းလိုအပ္ခ်က္က ျမင့္ေနတဲ့အခါက်ေတာ့ အေရာင္းအဝယ္ျဖစ္ေနၾကတာေပါ့။ ေသနတ္ေျပာင္း တို႔၊ RPG ထိပ္တို႔ အဓိကကေတာ့ လက္နက္ခဲယမ္းအတြက္ အသုံးၾကတာမ်ားတာေပါ့။ အေရာင္းအဝယ္ ေတာ့ ျဖစ္ေနၾကတာေပါ့ ဗ်ာ။ ပစၥည္းက ဝယ္ခ်င္တဲ့ လူမ်ားေတာ့ ေရာင္းတဲ့လူကနည္းေတာ့ ေဈးရတယ္ေပါ့” ဟု ခေနာက္စိမ္းေဈးကြက္ အေၾကာင္း သိရွိသူ တစ္ဦးက NP News သို႔ေျပာသည္။
ခေနာက္စိမ္းကို လက္နက္ခဲယမ္းမ်ား အပါအဝင္ စက္မႈလုပ္ငန္းအခ်ိဳ႕၌ အျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ခေနာက္စိမ္းအ႐ိုင္း တစ္တန္လွ်င္ ဓာတ္သတၱဳပါဝင္မႈရာခိုင္ႏႈန္းအလိုက္ ျမန္မာ ေငြက်ပ္ အနည္း ဆုံး (၁၀၄၅၅၅၁၀) က်ပ္မွ အမ်ားဆုံး ( ၃၅၈၁၁၂၀ဝ) က်ပ္အထိ ေပါက္ေဈးရွိေၾကာင္း သိရသည္။
လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို သက္ဆိုးရွည္ေစသည့္ ခေနာက္စိမ္းအပါအဝင္ တရားမဝင္ကုန္သြယ္မႈ ႀကီးထြားလာျခင္းကို တိုက္ဖ်က္တား ဆီးရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဒုတိယ ဥကၠ႒ ၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးဝင္းက ေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.