နိုင်ငံ့ဝန်ထမ်း၏ (၆၀) ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း နစကဥက္ကဌဆို

 231

ချယ်ရီ (NP News) - ဇူလိုင် ၃
မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားများတွင် (၂၀၂၄) ခုနှစ်၊ မတ်လကုန်အထိ နိုင်ငံ့ဝန်ထမ်းများ၏ (၆၀) ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။
အဆိုပါပြောစကားကို ယမန်နေ့ (ဇူလိုင်လ ၃ ရက်)၊ နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးများသည် သနားကြင်နာတတ်သူများ၊ ကြံ့ကြံ့ခံနိုင်သူများ၊ စွမ်းဆောင်ရည်ရှိသူများဖြစ်ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ၊ အတတ်ပညာနှင့် အနုပညာစသည့် နယ်ပယ်အသီးသီးသာမက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များအထိပါ အမျိုးသားများနှင့် ရင်ပေါင်တန်းကာ တိုင်းကျိုးပြည်ပြုလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်နိုင်ကြောင်း နစကဥက္ကဌမှ ဆိုသည်။
ထို့ပြင် မျက်မှောက်ကာလတွင်လည်း မြန်မာအမျိုးသမီးများသည် ကဏ္ဍအသီးသီး၏ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်အဆင့်များ၌ပင် ပါဝင်ဆောင်ရွက်နေကြပြီး နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာ တာဝန်ယူရချိန်၌ နိုင်ငံနှင့် မိမိတာဝန်ကို ချစ်မြတ်နိုးတန်ဖိုးထားကာ သက်စွန့်တာဝန်ထမ်းဆောင်သူများလည်း ရှိခဲ့ကြသောကြောင့် နိုင်ငံတော်မှ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် ထူးခြားလေးနက်စွာဆောင်ရွက်ခဲ့ကြသည့် ၎င်းတို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း နစကဥက္ကဌမှ ပြောကြားသည်။
အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာ၌ အမျိုးသမီးများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်ရှိမှုနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အဆင့်များ၌ အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် လိုအပ်ပြီး မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားများတွင် (၂၀၂၄) ခုနှစ်၊ မတ်လကုန်အထိ နိုင်ငံ့ဝန်ထမ်းများ၏ (၆၀ ဒသမ ၁၄) ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီးအချိုးအစားမှာလည်း ဒုတိယညွှန်ကြားရေးမှူးနှင့် အထက်ဝန်ထမ်းဦးရေ၏ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းမှာ (၅၃ ဒသမ ၆၃) ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရကြောင်း နစကဥက္ကဌမှ ဆိုသည်။

Zawgyi Version:
ႏိုင္ငံ့ဝန္ထမ္း၏ (၆၀) ရာခိုင္ႏႈန္းေက်ာ္မွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း နစကဥကၠဌဆို
ခ်ယ္ရီ (NP News) - ဇူလိုင္ ၃
ျမန္မာစာရင္းအင္းစာေစာင္ (၂၀၂၄) အရ ႏိုင္ငံ့ဝန္ထမ္းဆိုင္ရာ အခ်က္အလက္စာရင္းဇယားမ်ားတြင္ (၂၀၂၄) ခုႏွစ္၊ မတ္လကုန္အထိ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ (၆၀) ရာခိုင္ႏႈန္းေက်ာ္မွာ အမ်ိဳးသမီးမ်ားျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ေျပာၾကားခဲ့သည္။
အဆိုပါေျပာစကားကို ယမန္ေန႔ (ဇူလိုင္လ ၃ ရက္)၊ ေနျပည္ေတာ္ရွိ ဒကၡိဏသီရိၿမိဳ႕နယ္၊ ျမန္မာႏိုင္ငံအမ်ိဳးသမီးေရးရာအဖြဲ႕ခ်ဳပ္႐ုံး သီရိရတနာခန္းမ၌က်င္းပေသာ ၂၀၂၅ ခုႏွစ္ ျမန္မာအမ်ိဳးသမီးမ်ားေန႔အခမ္းအနားကို တက္ေရာက္မိန႔္ခြန္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားထားျခင္းျဖစ္သည္။
ျမန္မာအမ်ိဳးသမီးမ်ားသည္ သနားၾကင္နာတတ္သူမ်ား၊ ႀကံ့ႀကံ့ခံႏိုင္သူမ်ား၊ စြမ္းေဆာင္ရည္ရွိသူမ်ားျဖစ္ၾကၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ အသိပညာ၊ အတတ္ပညာႏွင့္ အႏုပညာစသည့္ နယ္ပယ္အသီးသီးသာမက ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးနယ္ပယ္မ်ားအထိပါ အမ်ိဳးသားမ်ားႏွင့္ ရင္ေပါင္တန္းကာ တိုင္းက်ိဳးျပည္ျပဳလုပ္ငန္းမ်ား၌ စြမ္းစြမ္းတမံ ပါဝင္ေဆာင္႐ြက္ခဲ့ၾကသည္ကို ေတြ႕ျမင္ႏိုင္ေၾကာင္း နစကဥကၠဌမွ ဆိုသည္။
ထို႔ျပင္ မ်က္ေမွာက္ကာလတြင္လည္း ျမန္မာအမ်ိဳးသမီးမ်ားသည္ က႑အသီးသီး၏ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္သည့္အဆင့္မ်ား၌ပင္ ပါဝင္ေဆာင္႐ြက္ေနၾကၿပီး ႏိုင္ငံေတာ္တာဝန္မ်ားကို မလႊဲမေရွာင္သာ တာဝန္ယူရခ်ိန္၌ ႏိုင္ငံႏွင့္ မိမိတာဝန္ကို ခ်စ္ျမတ္ႏိုးတန္ဖိုးထားကာ သက္စြန႔္တာဝန္ထမ္းေဆာင္သူမ်ားလည္း ရွိခဲ့ၾကေသာေၾကာင့္ ႏိုင္ငံေတာ္မွ ျမန္မာအမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနျဖင့္ ထူးျခားေလးနက္စြာေဆာင္႐ြက္ခဲ့ၾကသည့္ ၎တို႔ကို ဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္ဂုဏ္ျပဳခဲ့ေၾကာင္း နစကဥကၠဌမွ ေျပာၾကားသည္။
အမ်ိဳးသမီးက႑ျမႇင့္တင္ေဆာင္႐ြက္ရာ၌ အမ်ိဳးသမီးမ်ား၏ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ရွိမႈႏွင့္ ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္သည့္ အဆင့္မ်ား၌ အမ်ိဳးသမီးမ်ား ပိုမိုပါဝင္ႏိုင္ရန္ လိုအပ္ၿပီး ျမန္မာစာရင္းအင္းစာေစာင္ (၂၀၂၄) အရ ႏိုင္ငံ့ဝန္ထမ္းဆိုင္ရာ အခ်က္အလက္စာရင္းဇယားမ်ားတြင္ (၂၀၂၄) ခုႏွစ္၊ မတ္လကုန္အထိ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ (၆၀ ဒသမ ၁၄) ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္းႏွင့္ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္သည့္ အမ်ိဳးသမီးအခ်ိဳးအစားမွာလည္း ဒုတိယၫႊန္ၾကားေရးမႉးႏွင့္ အထက္ဝန္ထမ္းဦးေရ၏ အမ်ိဳးသမီးပါဝင္မႈရာခိုင္ႏႈန္းမွာ (၅၃ ဒသမ ၆၃) ရာခိုင္ႏႈန္း ျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း နစကဥကၠဌမွ ဆိုသည္။

Related news

© 2021. All rights reserved.