ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းက ပိုလန်သံရုံး ထိခိုက်ပျက်စီးခဲ့

 208

Pika (NP News) - ဇူလိုင် ၅
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ညတွင်းချင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ချိန်အတွင်း ပိုလန် သံရုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူနဲ့သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ Radoslaw Sikorski က ထပ်မံ ပြောကြားခဲ့ပါတယ်။
Radoslaw Sikorski က “ကိယက်ဗ်မြို့ကို ရုရှားရဲ့ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကြောင့် ကိယက်ဗ်မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့သံရုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လူအသေအပျောက် ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရတဲ့လူတွေတော့ မရှိခဲ့ပါဘူး။ ယူကရိန်းက လေကြောင်းရန်ကာကွယ်‌ရေး အရင်းအမြစ်တွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့‌သဘောတူညီချက်တွေ ရယူနိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပေမယ့်လည်း သိသာထင်ရှားတဲ့ရလဒ် ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
႐ုရွားရဲ႕တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းက ပိုလန္သံ႐ုံး ထိခိုက္ပ်က္စီးခဲ့
Pika (NP News) - ဇူလိုင္ ၅
႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းႏိုင္ငံ ကိယက္ဗ္ၿမိဳ႕ကို ညတြင္းခ်င္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ခ်ိန္အတြင္း ပိုလန္ သံ႐ုံး ထိခိုက္ပ်က္စီးသြားခဲ့တယ္လို႔ ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီး Radoslaw Sikorski က ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိသူနဲ႔ေသဆုံးသူေတြေတာ့ မရွိခဲ့ဘူးလို႔ Radoslaw Sikorski က ထပ္မံ ေျပာၾကားခဲ့ပါတယ္။
Radoslaw Sikorski က “ကိယက္ဗ္ၿမိဳ႕ကို ႐ုရွားရဲ႕ႀကီးမားတဲ့တိုက္ခိုက္မႈတစ္ခုေၾကာင့္ ကိယက္ဗ္ၿမိဳ႕မွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕သံ႐ုံး ထိခိုက္ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း လူအေသအေပ်ာက္ ဒါမွမဟုတ္ ထိခိုက္ ဒဏ္ရာရတဲ့လူေတြေတာ့ မရွိခဲ့ပါဘူး။ ယူကရိန္းက ေလေၾကာင္းရန္ကာကြယ္‌ေရး အရင္းအျမစ္ေတြ အေရးေပၚ လိုအပ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားခဲ့တဲ့စစ္ပြဲဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့‌သေဘာတူညီခ်က္ေတြ ရယူႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ေနေပမယ့္လည္း သိသာထင္ရွားတဲ့ရလဒ္ ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.