အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ပေးပို့နေဆဲဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
134
Pika (NP News) - ဇူလိုင် ၅
အမေရိကန်နိုင်ငံဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့ပေးနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ တုံပြန်ချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို Patriotနဲ့ Hellfire ဒုံးကျည်တွေ၊ GMLRSရော့ကတ်တွေနဲ့ (၁၅၅)မီလီမီတာအမြောက်ကျည်ထောင်ပေါင်းများစွာအပါအဝင် အရေးကြီးတဲ့ခဲယမ်းမီးကျည်တွေ ပေးပို့မှုကို ရပ်ဆိုင်းလိုက်ပြီဖို့ ယခုသီတင်းပတ်အစောပိုင်းမှာ မီဒီယာအများအပြားက ရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့ပေးမှုတွေ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ပြောဆိုချက်တွေကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့ပြီး ယခုလိုထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version:
Pika (NP News) - ဇူလိုင် ၅