တစ်လအတွင်း တရားမဝင်ကုန်ပစ္စည်း ငွေကျပ် သန်း (၄,၀၀၀) ကျော် ဖမ်းဆီးရမိ

132

မြတ် (NP News) - ဇူလိုင် ၅
ပြီးခဲ့သည့် ဇွန်လအတွင်း ငွေကျပ် သန်း(၄,၀၀၀)ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်း(၅၇)မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ နယ်စပ်ဂိတ်စခန်းများ၊ လေဆိပ်နှင့် ဆိပ်ကမ်းများ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း သတင်းမှန်ဖမ်းဆီးရမိမှု (၆၁) ကြိမ်နှင့် ဖမ်းဆီးရမိအမှုတွဲ (၁၀၀) မှု ဖွင့်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်ဆီးရမိမှုမှ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအပါအဝင် ငွေကျပ် (၄,၆၉၆ ဒသမ ၉၂၈) သန်းတန်ဖိုးရှိ ကုန်ပစ္စည်း (၅၇)မျိုးနှင့် အဆိုပါတရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့်ဇွန်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် ပြည်သူများကိုလည်း ဖမ်းဆီးရမိသည့်အဆိုပါငွေထဲမှ (၂၀) ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် (၉၃၉ ဒသမ ၃၈၅) သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
တစ္လအတြင္း တရားမဝင္ကုန္ပစၥည္း ေငြက်ပ္ သန္း (၄,၀၀၀) ေက်ာ္ ဖမ္းဆီးရမိ
ျမတ္ (NP News) - ဇူလိုင္ ၅
ၿပီးခဲ့သည့္ ဇြန္လအတြင္း ေငြက်ပ္ သန္း(၄,၀၀၀)ေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္း(၅၇)မ်ိဳးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၊ နယ္စပ္ဂိတ္စခန္းမ်ား၊ ေလဆိပ္ႏွင့္ ဆိပ္ကမ္းမ်ား၌ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ျပည္သူမ်ား၏ သတင္းေပးတိုင္ၾကားမႈမ်ားျဖင့္ ၿပီးခဲ့သည့္ ဇြန္လအတြင္း သတင္းမွန္ဖမ္းဆီးရမိမႈ (၆၁) ႀကိမ္ႏွင့္ ဖမ္းဆီးရမိအမႈတြဲ (၁၀၀) မႈ ဖြင့္ထားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ဖမ္ဆီးရမိမႈမွ သစ္မ်ိဳးစုံ၊ လုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားအပါအဝင္ ေငြက်ပ္ (၄,၆၉၆ ဒသမ ၉၂၈) သန္းတန္ဖိုးရွိ ကုန္ပစၥည္း (၅၇)မ်ိဳးႏွင့္ အဆိုပါတရားမဝင္ကုန္စည္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ဇြန္လအတြင္း သတင္းေပးတိုင္ၾကားခဲ့သည့္ ျပည္သူမ်ားကိုလည္း ဖမ္းဆီးရမိသည့္အဆိုပါေငြထဲမွ (၂၀) ရာခိုင္ႏႈန္း ျဖစ္ေသာ ေငြက်ပ္ (၉၃၉ ဒသမ ၃၈၅) သန္းကို သတင္းေပး ဆုေၾကးေငြအျဖစ္ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။