လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ (၄၅၀) ကျော်ကိုဖွံဖြိုးတိုးတက်ရေးစီမံကိန်းများဆောင်ရွက်ပေးမည်

 161

(NP News)- ဇူလိုင် ၅ ရက်
ယခု( ၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Planning - VDP) ကို ကျေးရွာပေါင်း ၄၅၀ ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ မိမိတို့ကျေးရွာ၏ ပကတိ လိုအပ်ချက်များကိုထုတ်ဖော်၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ရေးဆွဲပြီး နိုင်ငံတော်မှ ခွင့်ပြုငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို စတင်‌ဆောင်ရွက်ခဲ့တဲ့ အချိန်ကစပြီး ပြီးခဲ့တဲ့ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အထိဆိုရင် ကျေးရွာပေါင်း ၁၉,၀၆၁ ရွာမှာ ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် (၂၀၅ ဒသမ ၀၀၈) ဘီလီယံ နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ်မှာလည်း လျာထားရန်ပုံငွေ ကျပ် (၆ ဒသမ ၈၇) ဘီလီယံ နဲ့ ကျေးရွာပေါင်း (၄၅၈) ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စီမံကိန်းအရ ကျေးရွာတွင်းလမ်းများ၊ တံတားများနှင့် ကုန်ထုတ်လမ်းများ တည်ဆောက်ခြင်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်လုပ်ငန်းများကို စီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ကုန်ခဲ့သည့် (၂၀၁၅-၂၀၁၆ )ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်တွင် စီမံကိန်းကာလ ၁၁ နှစ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လက္ရွိ ဘ႑ာႏွစ္အတြင္း ေက်း႐ြာ ၄၅၀ေက်ာ္ကိုဖြံၿဖိဳးတိုးတက္ေရးစီမံကိန္းမ်ားေဆာင္႐ြက္ေပးမည္
(NP News)- ဇူလိုင္ ၅ ရက္
ယခု( ၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္အတြင္းတြင္ ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစီမံကိန္း (Village Development Planning - VDP) ကို ေက်း႐ြာေပါင္း ၄၅၀ ေက်ာ္တြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။
အဆိုပါစီမံကိန္းသည္ ေက်းလက္ေနျပည္သူမ်ား မိမိတို႔ေက်း႐ြာ၏ ပကတိ လိုအပ္ခ်က္မ်ားကိုထုတ္ေဖာ္၍ ဖြံ႕ၿဖိဳးေရးအစီအစဥ္မ်ား ခ်မွတ္ေရးဆြဲၿပီး ႏိုင္ငံေတာ္မွ ခြင့္ျပဳေငြျဖင့္ ေက်း႐ြာလူထုကိုယ္တိုင္ ေဆာင္႐ြက္သည့္ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။
“ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစီမံကိန္း(VDP)ကို စတင္‌ေဆာင္႐ြက္ခဲ့တဲ့ အခ်ိန္ကစၿပီး ၿပီးခဲ့တဲ့ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အထိဆိုရင္ ေက်း႐ြာေပါင္း ၁၉,၀၆၁ ႐ြာမွာ ျပည္ေထာင္စုခြင့္ျပဳေငြ ေငြက်ပ္ (၂၀၅ ဒသမ ၀၀၈) ဘီလီယံ နဲ႔ ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ အခုဘ႑ာႏွစ္မွာလည္း လ်ာထားရန္ပုံေငြ က်ပ္ (၆ ဒသမ ၈၇) ဘီလီယံ နဲ႔ ေက်း႐ြာေပါင္း (၄၅၈) ႐ြာမွာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္” ဟု ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
စီမံကိန္းအရ ေက်း႐ြာတြင္းလမ္းမ်ား၊ တံတားမ်ားႏွင့္ ကုန္ထုတ္လမ္းမ်ား တည္ေဆာက္ျခင္း၊ ေက်းလက္ေရရရွိေရး၊ ေက်းလက္မီးလင္းေရး၊ ပညာေရးႏွင့္ က်န္းမာေရးဆိုင္ရာအေျခခံအေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အစရွိသည့္လုပ္ငန္းမ်ားကို စီမံခ်က္မ်ား ခ်မွတ္ကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတာျဖစ္ေၾကာင္း သိရသည္။
အဆိုပါစီမံကိန္းကို ကုန္ခဲ့သည့္ (၂၀၁၅-၂၀၁၆ )ဘ႑ာႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္တြင္ စီမံကိန္းကာလ ၁၁ ႏွစ္ေျမာက္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

© 2021. All rights reserved.