လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးဦးစီးသော မြန်မာ့ရိုးရာလက်ဝှေ့ကလပ် မကြာမီဖွင့်လှစ်တော့မည်

 196

သန့်ဇင်(NP News)-ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇင်္ဂမလမ်း၌ မြန်မာ့လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးဦးစီးသော မြန်မာ့ရိုးရာလက်ဝှေ့ကလပ်ကို လာမည့် ဇူလိုင်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာလက်ဝှေ့ကလပ်အမည်ကို “တော်ဝင်ဧရာ”ဟုအမည်ပေးထားပြီး မြန်မာ့ရိုးရာလက်ဝှေ့အား ဝါသနာပါသော်လည်း အခက်အခဲ များစွာရှိနေသည့် မျိုးဆက်သစ်ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က နယ်ကလာထိုးတဲ့ကလေးတွေကို ပံ့ပိုးချင်တယ်။ ကိုယ်တိုင်ကလည်း အဲလောက်ထိအဆင်ပြေတာမဟုတ်တော့ ရန်ကုန်က အစ်ကိုတစ်ယောက်နဲ့တိုင်ပင်ပြီးတော့ ရန်ကုန်မှာ ကလပ်လေးတစ်ခုဖွင့်တယ်။ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့က Manberကြေး ကို စီးပွားရေးသပ်သပ်မဟုတ်ပဲနဲ့ ကျွန်တော်တို့ ဝါသနာပါပြီးတော့ ဒီလက်ဝှေ့ကိုလုပ်ချင်ပါလျက်နဲ့ မိသားစုအခက်အခဲရှိတယ် ဒါမှမဟုတ် လေ့ကျင်ချင်ပါလျက်နဲ့ မပံ့ပိုးနိုင်တဲ့ကလေးတွေအများကြီးရှိတယ်။ အဲဒီက ကလေးတွေကို ကူညီပေးချင်တာပေါ့”ဟု လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးက ပြောသည်။
အဆိုပါ လက်ဝှေ့ကလပ်တွင် မြန်မာ့ရိုးရာလက်ဝှေ့၊ မွေထိုင်းလက်ဝှေ့နှင့် Boxingပညာနည်းစနစ်များကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေနှင့် အနာဂတ်ရည်မှန်းချက်ရှင်သန်လိုသူများအား နည်းစနစ်သေချာစွာဖြင့် သင်ကြားပေး သွားမည်ဖြစ်ကြောင်းလည်း ထွန်းလွင်မိုးက ဆိုသည်။
“မြန်မာနိုင်ငံမှာက လက်ဝှေ့က နည်းစနစ်မရှိပါဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်လေ။ လက်ဝှေ့မှာ နည်းစနစ်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော်တို့ တတ်စွမ်းသလောက်ပေါ့နော်။ ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်သင်ပေးချင်တာပေါ့။ အဲဒါကိုမှ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ခန္ဒာကိုယ်ကြံ့ခိုင်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လို့အကြောင်းပဲဆော့ဆော့ လက်ဝှေ့နည်းစနစ်တွေကို သိနားလည်နေရမယ်ပေါ့နော်။ အဲဒါပါပဲ”ဟု ထွန်းလွင်မိုးက ပြောသည်။

Zawgyi Version:
လက္ေဝွ႔သမားေဟာင္း ထြန္းလြင္မိုးဦးစီးေသာ ျမန္မာ့႐ိုးရာလက္ေဝွ႔ကလပ္ မၾကာမီဖြင့္လစ္ေတာ့မည္
သန႔္ဇင္(NP News)-ဇူလိုင္ ၇
ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ ဇဂၤမလမ္း၌ ျမန္မာ့လက္ေဝွ႔သမားေဟာင္း ထြန္းလြင္မိုးဦးစီးေသာ ျမန္မာ့႐ိုးရာလက္ေဝွ႔ကလပ္ကို လာမည့္ ဇူလိုင္လ (၁၃) ရက္တြင္ စတင္ဖြင့္လစ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့႐ိုးရာလက္ေဝွ႔ကလပ္အမည္ကို “ေတာ္ဝင္ဧရာ”ဟုအမည္ေပးထားၿပီး ျမန္မာ့႐ိုးရာလက္ေဝွ႔အား ဝါသနာပါေသာ္လည္း အခက္အခဲ မ်ားစြာရွိေနသည့္ မ်ိဳးဆက္သစ္ကေလးမ်ားအတြက္ ရည္႐ြယ္ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္က နယ္ကလာထိုးတဲ့ကေလးေတြကို ပံ့ပိုးခ်င္တယ္။ ကိုယ္တိုင္ကလည္း အဲေလာက္ထိအဆင္ေျပတာမဟုတ္ေတာ့ ရန္ကုန္က အစ္ကိုတစ္ေယာက္နဲ႔တိုင္ပင္ၿပီးေတာ့ ရန္ကုန္မွာ ကလပ္ေလးတစ္ခုဖြင့္တယ္။ အဓိကရည္႐ြယ္ခ်က္က ကြၽန္ေတာ္တို႔က Manberေၾကး ကို စီးပြားေရးသပ္သပ္မဟုတ္ပဲနဲ႔ ကြၽန္ေတာ္တို႔ ဝါသနာပါၿပီးေတာ့ ဒီလက္ေဝွ႔ကိုလုပ္ခ်င္ပါလ်က္နဲ႔ မိသားစုအခက္အခဲရွိတယ္ ဒါမွမဟုတ္ ေလ့က်င္ခ်င္ပါလ်က္နဲ႔ မပံ့ပိုးႏိုင္တဲ့ကေလးေတြအမ်ားႀကီးရွိတယ္။ အဲဒီက ကေလးေတြကို ကူညီေပးခ်င္တာေပါ့”ဟု လက္ေဝွ႔သမားေဟာင္း ထြန္းလြင္မိုးက ေျပာသည္။
အဆိုပါ လက္ေဝွ႔ကလပ္တြင္ ျမန္မာ့႐ိုးရာလက္ေဝွ႔၊ ေမြထိုင္းလက္ေဝွ႔ႏွင့္ Boxingပညာနည္းစနစ္မ်ားကိုလည္း စနစ္တက် ေလ့က်င့္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာ့႐ိုးရာလက္ေဝွႏွင့္ အနာဂတ္ရည္မွန္းခ်က္ရွင္သန္လိုသူမ်ားအား နည္းစနစ္ေသခ်ာစြာျဖင့္ သင္ၾကားေပး သြားမည္ျဖစ္ေၾကာင္းလည္း ထြန္းလြင္မိုးက ဆိုသည္။
“ျမန္မာႏိုင္ငံမွာက လက္ေဝွ႔က နည္းစနစ္မရွိပါဘူးဆိုတဲ့လူေတြလည္းအမ်ားႀကီးရွိတယ္ေလ။ လက္ေဝွ႔မွာ နည္းစနစ္ရွိတယ္ဆိုတဲ့အေၾကာင္းကိုလည္း ကြၽန္ေတာ္တို႔ တတ္စြမ္းသေလာက္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ျဖတ္သန္းလာခဲ့တဲ့ အေတြ႕အႀကဳံေတြကို ျပန္သင္ေပးခ်င္တာေပါ့။ အဲဒါကိုမွ က်န္းမာေရးပဲျဖစ္ျဖစ္၊ ခႏၵာကိုယ္ႀကံ့ခိုင္ခ်င္လို႔ပဲျဖစ္ျဖစ္ ဘယ္လို႔အေၾကာင္းပဲေဆာ့ေဆာ့ လက္ေဝွ႔နည္းစနစ္ေတြကို သိနားလည္ေနရမယ္ေပါ့ေနာ္။ အဲဒါပါပဲ”ဟု ထြန္းလြင္မိုးက ေျပာသည္။

Related news

© 2021. All rights reserved.