ဆင်ပေါင်ဝဲမြို့နယ်တွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်

 374

Pearl (NP News) - ဇူလိုင် ၇

ဆင်ပေါင်ဝဲမြို့နယ်တွင် အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖြစ်စဉ်မှာပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောညောင်ပင်သာကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါကျေးရွာတွင်နေထိုင်သော ဦးအောင်ကိုလင်း(ခ)ကြီးမောင်(၄၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာခဲ့ပြီး ဦးအောင်ကိုလင်း(ခ)ကြီးမောင်ကို “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ဆင္ေပါင္ဝဲၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားက အမ်ိဳးသားတစ္ဦးကို ေနအိမ္အတြင္း ဝင္ေရာက္သတ္ျဖတ္

Pearl (NP News) - ဇူလိုင္ ၇

ဆင္ေပါင္ဝဲၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားက အမ်ိဳးသားတစ္ဦးကို ေနအိမ္အတြင္း ဝင္ေရာက္သတ္ျဖတ္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာၿပီးခဲ့သည့္ ဇူလိုင္လ ၅ ရက္ နံနက္ ၅ နာရီ ၃၀ မိနစ္တြင္ မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ ေတာေညာင္ပင္သာေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။


အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ဦးေအာင္ကိုလင္း(ခ)ႀကီးေမာင္(၄၃)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမား ငါးဦး(စိစစ္ဆဲ)က ဆိုင္ကယ္သုံးစီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ဦးေအာင္ကိုလင္း(ခ)ႀကီးေမာင္ကို “ဒလန္” ဟုစြပ္စြဲေျပာဆို၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လုပ္ႀကံသတ္ျဖတ္မႈမ်ားက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.