နစကအဖွဲ့ဝင် ဒေါ်ဒွဲဘူ နှင့် ဒေါက်တာနမ်တူးဂျာတို့နေအိမ်တို့ကို PDF အဖွဲ့က အသံမိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်

425

သန့်ဇင်(NP News) - ဇူလိုင် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌဒေါက်တာနမ်တူးဂျာတို့ နေအိမ်တို့ကို PDF အဖွဲ့က အသံမိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(ဇူလိုင်လ ၇ရက်)၊ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ၊ နစကအဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ နေအိမ်ကို PDF အဖွဲ့က အသုံးမိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် (၅)မိနစ်ခြား၍ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ယုဇနရပ်ကွက်အတွင်းရှိ KSPP ဥက္ကဋ္ဌ ဦးတူးဂျာ၏ နေအိမ်များကို PDF အဖွဲ့က အသံမိုင်းအသုံးပြု ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်များရှိ ပြတင်းတံခါးမှန်များ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။ အထက်ပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

zawgyi version
နစကအဖြဲ႕ဝင္ ေဒၚဒြဲဘူ ႏွင့္ ေဒါက္တာနမ္တူးဂ်ာတို႔ေနအိမ္တို႔ကို PDF အဖြဲ႕က အသံမိုင္းျဖင့္ပစ္ခတ္တိုက္ခိုက္
သန႔္ဇင္(NP News) - ဇူလိုင္ ၈
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚဒြဲဘူႏွင့္ ခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ဥကၠ႒ေဒါက္တာနမ္တူးဂ်ာတို႔ ေနအိမ္တို႔ကို PDF အဖြဲ႕က အသံမိုင္းျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔(ဇူလိုင္လ ၇ရက္)၊ ညေန ၃ နာရီ မိနစ္ ၄၀ ခန႔္က ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ စီတာပူရပ္ကြက္ရွိ၊ နစကအဖြဲ႕ဝင္ ေဒၚဒြဲဘူ၏ ေနအိမ္ကို PDF အဖြဲ႕က အသုံးမိုင္းျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ (၅)မိနစ္ျခား၍ ညေန ၃ နာရီ ၄၅ မိနစ္ခန႔္တြင္လည္း ယုဇနရပ္ကြက္အတြင္းရွိ KSPP ဥကၠ႒ ဦးတူးဂ်ာ၏ ေနအိမ္မ်ားကို PDF အဖြဲ႕က အသံမိုင္းအသုံးျပဳ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္ခဲ့မႈေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္မ်ားရွိ ျပတင္းတံခါးမွန္မ်ား အနည္းငယ္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ အထက္ပါ ျဖစ္စဥ္တြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္းႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္