အီရန်ရဲ့ယူရေနီယမ်သန့်စင်မှု သုည သဘောတူညီချက်ကို ရုရှားက ထောက်ခံတယ်ဆိုတဲ့အစီရင်ခံစာတွေကို ရုရှား ပြစ်တင်ရှုတ်ချ

82

Pika (NP News) - ဇူလိုင် ၁၄
နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ယူရေနီယမ်သန့်စင်မှုသုညသဘောတူညီချက်ကို လက်ခံဖို့ အီရန်နိုင်ငံကို ရုရှားသမ္မတပူတင်က တိုက်တွန်းခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေကို အသရေဖျက်မှုတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံကို ယူရေနီယမ်သန့်စင်မှုတွေကနေတားဆီးထားတဲ့ အမေရိကန်နဲ့ သဘောတူညီချက်ကို လက်ခံဖို့ ပူတင် က အီရန်ကို တိုက်တွန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်သတင်းအေဂျင်စီ Axios က ရေးသားဖော်ပြခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “ဒီအစီရင်ခံစာတွေဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး တင်းမာမှုတွေ ပိုမိုဆိုးရွားလာစေဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးဆိုင်ရာ အသရေဖျက်မှုအသစ်တစ်ခုဖြစ်နိုင်ပါတယ်။ နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေနဲ့ အီရန်ရဲ့နျူကလီးယားဆိုင်ရာအကျပ်အတည်းကို သီးသန့်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ဘက်က အကြိမ်ကြိမ်အလေးပေးပြောကြားခဲ့ပြီးပါပြီ။ ပြီးတော့ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကျွန်တော်တို့ရဲ့ဆန္ဒတွေကိုလည်း ဖော်ပြခဲ့ပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။
အီရန်နိုင်ငံဟာ ယူရေနီယမ်သန့်စင်မှုတွေကိုလုပ်ဆောင်ပြီး နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် လို့ အစ္စရေးနိုင်ငံက ကာလရှည်ကြာစွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယား အစီအစဉ်တွေဟာ အရပ်ဘက်အတွက်အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း အီရန် ဘက်က အကြိမ်ကြိမ်ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Zawgyi Version:
အီရန္ရဲ႕ယူေရနီယမ္သန႔္စင္မႈ သုည သေဘာတူညီခ်က္ကို ႐ုရွားက ေထာက္ခံတယ္ဆိုတဲ့အစီရင္ခံစာေတြကို ႐ုရွား ျပစ္တင္ရႈတ္ခ်
Pika (NP News) - ဇူလိုင္ ၁၄
န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ယူေရနီယမ္သန႔္စင္မႈသုညသေဘာတူညီခ်က္ကို လက္ခံဖို႔ အီရန္ႏိုင္ငံကို ႐ုရွားသမၼတပူတင္က တိုက္တြန္းခဲ့တယ္ဆိုတဲ့ အစီရင္ခံစာေတြကို အသေရဖ်က္မႈတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
အီရန္ႏိုင္ငံကို ယူေရနီယမ္သန႔္စင္မႈေတြကေနတားဆီးထားတဲ့ အေမရိကန္နဲ႔ သေဘာတူညီခ်က္ကို လက္ခံဖို႔ ပူတင္ က အီရန္ကို တိုက္တြန္းခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး အေမရိကန္သတင္းေအဂ်င္စီ Axios က ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ဒီအစီရင္ခံစာေတြဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး တင္းမာမႈေတြ ပိုမိုဆိုး႐ြားလာေစဖို႔ ရည္႐ြယ္တဲ့ ႏိုင္ငံေရးဆိုင္ရာ အသေရဖ်က္မႈအသစ္တစ္ခုျဖစ္ႏိုင္ပါတယ္။ ႏိုင္ငံေရးနဲ႔ သံတမန္နည္းလမ္းေတြနဲ႔ အီရန္ရဲ႕န်ဴကလီးယားဆိုင္ရာအက်ပ္အတည္းကို သီးသန႔္ေျဖရွင္းဖို႔ လိုအပ္တယ္ဆိုတာကို ကြၽန္ေတာ္တို႔ဘက္က အႀကိမ္ႀကိမ္အေလးေပးေျပာၾကားခဲ့ၿပီးပါၿပီ။ ၿပီးေတာ့ ႏွစ္ဖက္စလုံးက လက္ခံႏိုင္တဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ကြၽန္ေတာ္တို႔ရဲ႕ဆႏၵေတြကိုလည္း ေဖာ္ျပခဲ့ၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
အီရန္ႏိုင္ငံဟာ ယူေရနီယမ္သန႔္စင္မႈေတြကိုလုပ္ေဆာင္ၿပီး န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတယ္ လို႔ အစၥေရးႏိုင္ငံက ကာလရွည္ၾကာစြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယား အစီအစဥ္ေတြဟာ အရပ္ဘက္အတြက္အသုံးျပဳဖို႔ ရည္႐ြယ္ခ်က္နဲ႔လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း အီရန္ ဘက္က အႀကိမ္ႀကိမ္ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။