ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံမှုလုပ်ဆောင်

 44

Pika (NP News) - ဇူလိုင် ၁၆

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်ဟာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း တရုတ် သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “ဆာဂေးလာရော့ဗ်ဟာ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့ပြီး ရုရှားသမ္မတပူတင်ရဲ့ ဆုတောင်း စကားတွေကို ပြောကြားခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်နဲ့ရှီကျင့်ဖျင်တို့ဟာ ပူတင်ရဲ့တရုတ်ကို လာရောက် လည်ပတ်မယ့်ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ အပါအဝင် နှစ်နိုင်ငံကြား နိုင်ငံရေးဆက်သွယ်မှုတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပူတင်ဟာ ရှီကျင့်ဖျင်နဲ့တွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့အပေါ်အောင်ပွဲခံတဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာလ(၃)ရက်မှာ အခြားအခမ်းအနားတွေကို တက်ရောက်သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံမႈလုပ္ေဆာင္
Pika (NP News) - ဇူလိုင္ ၁၆
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း တ႐ုတ္ သမၼတရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံခဲ့တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO)ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို တက္ေရာက္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္တာျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ဆာေဂးလာေရာ့ဗ္ဟာ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံခဲ့ၿပီး ႐ုရွားသမၼတပူတင္ရဲ႕ ဆုေတာင္း စကားေတြကို ေျပာၾကားခဲ့ပါတယ္။ ဆာေဂးလာေရာ့ဗ္နဲ႔ရွီက်င့္ဖ်င္တို႔ဟာ ပူတင္ရဲ႕တ႐ုတ္ကို လာေရာက္ လည္ပတ္မယ့္ခရီးစဥ္အတြက္ ျပင္ဆင္မႈေတြ အပါအဝင္ ႏွစ္ႏိုင္ငံၾကား ႏိုင္ငံေရးဆက္သြယ္မႈေတြနဲ႔ပတ္သက္တဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားသမၼတပူတင္ဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ပူတင္ဟာ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္သြားမွာျဖစ္ၿပီး ဒုတိယကမာၻစစ္အတြင္း ဂ်ပန္တို႔အေပၚေအာင္ပြဲခံတဲ့ ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ စက္တင္ဘာလ(၃)ရက္မွာ အျခားအခမ္းအနားေတြကို တက္ေရာက္သြားမွာျဖစ္တယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.