အလုပ်ရမည်ဟု ပြောဆိုစည်းရုံးပို့ဆောင်ကာ လစာများ ကြိုတင်ထုတ်ယူသူကို ထောင်ဒဏ်ချမှတ်

 603

ချယ်ရီ (NP News) - ဇူလိုင် ၁၆

အလုပ်ရမည်ဟု ပြောဆိုစည်းရုံးပို့ဆောင်ကာ လစာများ ကြိုတင်ထုတ်ယူသူကို အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာတွင်နေထိုင်သော အသက် (၃၈)နှစ်အရွယ်ရှိ ဦး----- ကို တစ်ရပ်ကွက်တည်းနေထိုင်သည့် မပပက ဖျာပုံမြို့နယ်၊ မြစ်တန်းကျေးရွာရှိ စက်လှေပေါ်တွင် ပိုက်ထောင်သည့်အလုပ်အား လုပ်ကိုင်ပါက တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ်နှစ်သိန်းခန့်ရမည်၊ ၎င်းကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မိုးမင်းဝင်း(ခ)ငမိုး ထံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မိုးမင်းဝင်း(ခ)ငမိုးမှ “ဖြိုး”ရေစင်သို့ ပို့ဆောင်ပေးခဲ့ကာ ငါးဖမ်းသင်္ဘောပေါ်တွင် ခြောက်လကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရပြီး လုပ်အားခထုတ်ယူချိန်တွင်မရရှိဘဲ မိုးမင်းဝင်း(ခ)ငမိုးမှ လုပ်အားခငွေကျပ် (၁၀) သိန်းကို ကြိုတင်ခေါင်းပုံဖြတ် ထုတ်ယူသွားကြောင်း စစ်ဆေးသိရှိခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှ (ပ) ၇/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၆) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မှော်ဘီခရိုင်တရားရုံးမှ ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်တွင် ပြစ်မှုကျူးလွန်သူ မိုးမင်းဝင်း(ခ)ငမိုးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၆) အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ပြစ်မှူကျူးလွန်သူ မပပကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၈၇/ ၈၈) အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက်(၃၀)နှစ်နှင့် အသက် (၂၅)နှစ်အရွယ်ရှိ အမျိုးသမီး(၂)ဦးတို့ကို ခင်မင်ရင်းနှီးသည့် လှိုင်သာယာမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင်နေထိုင်သည့် ကိုရဲက တရုတ်ယောက်ျားယူရမည်၊ ငွေကျပ်သိန်း (၆ဝ) ရရှိမည်၊ ခရီးစရိတ်အကုန်ကျခံ ခေါ်ပေးမည်ဟု စည်းရုံးပြောဆို၍ မြစ်ကြီးနားမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းတစ်ခုသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းတွင် တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန် တည်းခိုနေသည့် အသက်(၂၄)နှစ်အရွယ်ရှိ မ----- ကို ကိုရဲက တရုတ်ယောက်ျားယူရန် ထပ်မံစည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့သုံးဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည့် လူပွဲစားက လာရောက်ခေါ်ဆောင်ခြင်းမရှိသဖြင့် ကျိုင်းတုံမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် မန္တလေးမြို့သို့ အငှားယာဉ်ဖြင့် ခေါ်ဆောင်လာစဉ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ ကိုရဲကို အမရပူရမြို့မရဲစခန်းမှ (ပ) (၄၉/ ၂ဝ၂၅)၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅/၄၄) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ (၁၄) ရက်တွင် အမရပူရခရိုင် တရားရုံးမှ ပြစ်မှုကျူးလွန်သူ ကိုရဲကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၅)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
အလုပ္ရမည္ဟု ေျပာဆိုစည္း႐ုံးပို႔ေဆာင္ကာ လစာမ်ား ႀကိဳတင္ထုတ္ယူသူကို ေထာင္ဒဏ္ခ်မွတ္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၆

အလုပ္ရမည္ဟု ေျပာဆိုစည္း႐ုံးပို႔ေဆာင္ကာ လစာမ်ား ႀကိဳတင္ထုတ္ယူသူကို အလုပ္ႏွင့္ေထာင္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထန္းတပင္ၿမိဳ႕နယ္၊ ရခိုင္႐ိုးေလးေက်း႐ြာတြင္ေနထိုင္ေသာ အသက္ (၃၈)ႏွစ္အ႐ြယ္ရွိ ဦး----- ကို တစ္ရပ္ကြက္တည္းေနထိုင္သည့္ မပပက ဖ်ာပုံၿမိဳ႕နယ္၊ ျမစ္တန္းေက်း႐ြာရွိ စက္ေလွေပၚတြင္ ပိုက္ေထာင္သည့္အလုပ္အား လုပ္ကိုင္ပါက တစ္လလွ်င္ စရိတ္ၿငိမ္း ေငြက်ပ္ႏွစ္သိန္းခန႔္ရမည္၊ ၎ကိုယ္တိုင္လိုက္ပါ ပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆို၍ မိုးမင္းဝင္း(ခ)ငမိုး ထံပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မိုးမင္းဝင္း(ခ)ငမိုးမွ “ၿဖိဳး”ေရစင္သို႔ ပို႔ေဆာင္ေပးခဲ့ကာ ငါးဖမ္းသေဘၤာေပၚတြင္ ေျခာက္လေက်ာ္ခန႔္ အလုပ္လုပ္ကိုင္ခဲ့ရၿပီး လုပ္အားခထုတ္ယူခ်ိန္တြင္မရရွိဘဲ မိုးမင္းဝင္း(ခ)ငမိုးမွ လုပ္အားခေငြက်ပ္ (၁၀) သိန္းကို ႀကိဳတင္ေခါင္းပုံျဖတ္ ထုတ္ယူသြားေၾကာင္း စစ္ေဆးသိရွိခဲ့ရျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္၊ တက္သစ္နယ္ေျမရဲစခန္းမွ (ပ) ၇/ ၂၀၂၅၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၆) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ေမွာ္ဘီခ႐ိုင္တရား႐ုံးမွ ၿပီးခဲ့သည့္ ဇြန္လ (၃၀) ရက္တြင္ ျပစ္မႈက်ဴးလြန္သူ မိုးမင္းဝင္း(ခ)ငမိုးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၆) အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၅)ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး ျပစ္မႉက်ဴးလြန္သူ မပပကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၈၇/ ၈၈) အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္(၃၀)ႏွစ္ႏွင့္ အသက္ (၂၅)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီး(၂)ဦးတို႔ကို ခင္မင္ရင္းႏွီးသည့္ လႈိင္သာယာၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္တြင္ေနထိုင္သည့္ ကိုရဲက တ႐ုတ္ေယာက္်ားယူရမည္၊ ေငြက်ပ္သိန္း (၆ဝ) ရရွိမည္၊ ခရီးစရိတ္အကုန္က်ခံ ေခၚေပးမည္ဟု စည္း႐ုံးေျပာဆို၍ ျမစ္ႀကီးနားၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕ရွိ တည္းခိုခန္းတစ္ခုသို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ျမစ္ႀကီးနားၿမိဳ႕ရွိ တည္းခိုခန္းတြင္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ အလုပ္လုပ္ကိုင္ရန္ တည္းခိုေနသည့္ အသက္(၂၄)ႏွစ္အ႐ြယ္ရွိ မ----- ကို ကိုရဲက တ႐ုတ္ေယာက္်ားယူရန္ ထပ္မံစည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ၎တို႔သုံးဦးကို တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေပးမည့္ လူပြဲစားက လာေရာက္ေခၚေဆာင္ျခင္းမရွိသျဖင့္ က်ိဳင္းတုံၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ရန္ မႏၲေလးၿမိဳ႕သို႔ အငွားယာဥ္ျဖင့္ ေခၚေဆာင္လာစဥ္ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ကာ တ႐ုတ္ေယာက္်ားထံ ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့သူ ကိုရဲကို အမရပူရၿမိဳ႕မရဲစခန္းမွ (ပ) (၄၉/ ၂ဝ၂၅)၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅/၄၄) ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ၿပီး ဇူလိုင္လ (၁၄) ရက္တြင္ အမရပူရခ႐ိုင္ တရား႐ုံးမွ ျပစ္မႈက်ဴးလြန္သူ ကိုရဲကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.