စစ်ကိုင်းနှင့်မန္တလေးတွင် (၂)ရက်အတွင်း ကျပ်(၂၀)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

385

ချယ်ရီ (NP News) - ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ (၂)ရက်အတွင်း ငွေကျပ် (၂၀)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်၊ ည (၆) နာရီခွဲအချိန်ခန့်က စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်းစဉ် ကျော်မင်းထွန်းမောင်းနှင်ပြီး ကျော်ထက်အောင်လိုက်ပါလာသော HYUNDAI STAREX ကားနှင့် ဟန်ဌေးမောင်းနှင်သည့် HYUNDAI STAREX ကားတို့ကို စစ်ဆေးရှာဖွေရာ အဆိုပါကား (၂) စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၅ ဒသမ ၂၅) သန်းနှင့် ဘိန်းဖြူ (၂၂) ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူ ဟိန်းမင်းလတ်ကို ဇူလိုင်လ (၈) ရက်၊ နံနက်(၈) နာရီအချိန်ခန့်က ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ တည်းခိုခန်း၌ FORD RANGER ကား(၁) စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့နောက် ထပ်မံဖော်ထုတ်ချက်များအရ မန္တလေးမှကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဗန်ကျဲအိုမန်းနှင့် ရွန်လှေကျုံးတို့ကို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၁၁၁) အိုင်လမ်းရှိနေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား (၄) သန်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ဆီဘောက်ဆာယာဉ် (၂) စီး၊ TOYOTA HILUX SURF ကား(၁) စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၉ ဒသမ ၁၂၅) ဘီလျံရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉ ဒသမ ၂၅) သန်း နှင့် ငွေကျပ် (၁ ဒသမ ၁)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ (၂၂) ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများကို တရားဥပဒေနှင့်အညီ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
စစ္ကိုင္းႏွင့္မႏၲေလးတြင္ (၂)ရက္အတြင္း က်ပ္(၂၀)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၆
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တို႔၌ (၂)ရက္အတြင္း ေငြက်ပ္ (၂၀)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၇) ရက္၊ ည (၆) နာရီခြဲအခ်ိန္ခန႔္က စစ္ကိုင္းၿမိဳ႕၊ နီလာရပ္ကြက္၊ ခ႐ိုင္ခ်င္းဆက္လမ္းအနီးတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သတင္းအရေစာင့္ဆိုင္းစဥ္ ေက်ာ္မင္းထြန္းေမာင္းႏွင္ၿပီး ေက်ာ္ထက္ေအာင္လိုက္ပါလာေသာ HYUNDAI STAREX ကားႏွင့္ ဟန္ေဌးေမာင္းႏွင္သည့္ HYUNDAI STAREX ကားတို႔ကို စစ္ေဆးရွာေဖြရာ အဆိုပါကား (၂) စီးေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅ ဒသမ ၂၅) သန္းႏွင့္ ဘိန္းျဖဴ (၂၂) ကီလိုဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာမူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္ခိုင္းသူ ဟိန္းမင္းလတ္ကို ဇူလိုင္လ (၈) ရက္၊ နံနက္(၈) နာရီအခ်ိန္ခန႔္က ေက်ာက္ဆည္ၿမိဳ႕၊ မင္းရပ္ရပ္ကြက္၊ ၿမိဳ႕ေရွာင္လမ္းေပၚရွိ တည္းခိုခန္း၌ FORD RANGER ကား(၁) စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ေနာက္ ထပ္မံေဖာ္ထုတ္ခ်က္မ်ားအရ မႏၲေလးမွကေလးသို႔ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္သူမ်ားျဖစ္သည့္ ဗန္က်ဲအိုမန္းႏွင့္ ႐ြန္ေလွက်ဳံးတို႔ကို ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ (၁၁၁) အိုင္လမ္းရွိေနအိမ္၌ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄) သန္း၊ မူးယစ္ေဆးဝါးသယ္ေဆာင္ရာတြင္ အသုံးျပဳသည့္ ဆီေဘာက္ဆာယာဥ္ (၂) စီး၊ TOYOTA HILUX SURF ကား(၁) စီးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁၉ ဒသမ ၁၂၅) ဘီလ်ံရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉ ဒသမ ၂၅) သန္း ႏွင့္ ေငြက်ပ္ (၁ ဒသမ ၁)ဘီလ်ံတန္ဖိုးရွိ ဘိန္းျဖဴ (၂၂) ကီလိုတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားကို တရားဥပေဒႏွင့္အညီ အေရးယူထားရွိၿပီး ၎တို႔၏ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။