ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၅) ဦး ကို ထောက်ပံ့ငွေများပေးအပ်

393

Pearl (NP News) - ဇူလိုင် ၁၇
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၅) ဦး ကို ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အမည်ခံအဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (ဇူလိုင်လ ၁၆ရက်)က အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား (၅) ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
zawgyi version
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္ (၅) ဦး ကို ေထာက္ပံ့ေငြမ်ားေပးအပ္
Pearl (NP News) - ဇူလိုင္ ၁၇
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္ (၅) ဦး ကို ေထာက္ပံ့ေငြမ်ားေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕နယ္ေျမမ်ားအတြင္း သင္တန္းမ်ား တက္ေရာက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့သည့္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာေသာ PDF အမည္ခံအဖြဲ႕ဝင္မ်ားကို ျပန္လည္ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းေပးအပ္ျခင္းကို ယမန္ေန႔ (ဇူလိုင္လ ၁၆ရက္)က အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္၊ ေအာင္ဆန္းခန္းမ၌ ျပဳလုပ္ခဲ့ၿပီး မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ၾကည္သိန္း၊ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္လင္းေမာင္ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားတြင္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့သည့္ PDF အဖြဲ႕ဝင္ အမ်ိဳးသား (၅) ဦးတို႔ကို တာဝန္ရွိသူမ်ားက ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံကာ ေထာက္ပံ့ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔အေနျဖင့္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝသို႔ ျပန္လည္ဝင္ေရာက္ျခင္း ျပဳမည္ဆိုပါက ႀကိဳဆိုလက္ခံသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အစိုးရက ထုတ္ျပန္ထားၿပီးျဖစ္ရာ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းမရွိေသာ PDF အဖြဲ႕ဝင္မ်ားက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး၌ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လ်က္ရွိေၾကာင္းလည္း သိရသည္။