ယူကရိန်းဝန်ကြီးချုပ် ရာထူးကနေနှုတ်ထွက်

828
Pika (NP News) - ဇူလိုင် ၁၇
ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ်ရှမီဂဲလ်ဟာ ၎င်းရဲ့ရာထူးကနေနှုတ်ထွက်စာကို ယူကရိန်းလွှတ်တော်ကို တရားဝင်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးက ဒန်းနစ်ရှမီဂဲလ်ကို လာမယ့်ကာကွယ်ရေးဝန်ကြီးအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ၎င်းရဲ့ရာထူးကနေနှုတ်ထွက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒန်းနစ်ရှမီဂဲလ်ဟာ (၂၀၂၀)ခုနှစ်တည်းက ယူကရိန်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် ဒန်းနစ်ရှမီဂဲလ်ဟာ ၎င်းရဲ့နှုတ်ထွက်စာမိတ္တူကို တယ်လီဂရမ်မှာတင်ခဲ့ပြီး အလုပ်အတူတွဲလုပ်ခဲ့တဲ့ ၎င်းရဲ့အဖွဲ့ကိုကျေးဇူးတင်ကြောင်းနဲ့ နှစ်ပေါင်းများစွာကြာအောင် ယုံကြည်ပေးခဲ့တဲ့အတွက် ဇီလန်စကီးကို ကျေးဇူးတင်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဇီလန်စကီးက”ဒန်းနစ်ရှမီဂဲလ်ရဲ့ အတွေ့အကြုံတွေဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးရာထူးအတွက် သေချာပေါက်တန်ဖိုးရှိပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒန်းနစ်ရှမီဂဲလ်ဟာ ကိုဗစ်(၁၉)ကပ်ရောဂါကာလနဲ့ ရုရှားနဲ့စစ်ပွဲတို့အတွင်း ယူကရိန်းအစိုးရကို လမ်းညွှန်မှုတွေ လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
ယူကရိန္းဝန္ႀကီးခ်ဳပ္ ရာထူးကေနႏႈတ္ထြက္
Pika (NP News) - ဇူလိုင္ ၁၇
ယူကရိန္းဝန္ႀကီးခ်ဳပ္ ဒန္းနစ္ရွမီဂဲလ္ဟာ ၎ရဲ႕ရာထူးကေနႏႈတ္ထြက္စာကို ယူကရိန္းလႊတ္ေတာ္ကို တရားဝင္တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးက ဒန္းနစ္ရွမီဂဲလ္ကို လာမယ့္ကာကြယ္ေရးဝန္ႀကီးအျဖစ္ သတ္မွတ္ေၾကာင္း ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ၎ရဲ႕ရာထူးကေနႏႈတ္ထြက္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒန္းနစ္ရွမီဂဲလ္ဟာ (၂၀၂၀)ခုႏွစ္တည္းက ယူကရိန္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္ ဒန္းနစ္ရွမီဂဲလ္ဟာ ၎ရဲ႕ႏႈတ္ထြက္စာမိတၱဴကို တယ္လီဂရမ္မွာတင္ခဲ့ၿပီး အလုပ္အတူတြဲလုပ္ခဲ့တဲ့ ၎ရဲ႕အဖြဲ႕ကိုေက်းဇူးတင္ေၾကာင္းနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ယုံၾကည္ေပးခဲ့တဲ့အတြက္ ဇီလန္စကီးကို ေက်းဇူးတင္တယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ဇီလန္စကီးက”ဒန္းနစ္ရွမီဂဲလ္ရဲ႕ အေတြ႕အႀကဳံေတြဟာ ယူကရိန္းကာကြယ္ေရးဝန္ႀကီးရာထူးအတြက္ ေသခ်ာေပါက္တန္ဖိုးရွိပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒန္းနစ္ရွမီဂဲလ္ဟာ ကိုဗစ္(၁၉)ကပ္ေရာဂါကာလနဲ႔ ႐ုရွားနဲ႔စစ္ပြဲတို႔အတြင္း ယူကရိန္းအစိုးရကို လမ္းၫႊန္မႈေတြ လုပ္ေဆာင္ေပးခဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။