အီရန်နျူကလီးယားသဘောတူညီချက်အတွက် နောက်ဆုံးရက်ကို အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေသတ်မှတ်

 345

Pika (NP News) - ဇူလိုင် ၁၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရန်နဲ့နျူကလီးယားသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် လာမယ့်ဩဂုတ်လကုန်ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့်ဩဂုတ်လကုန်အထိ သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့ဟာ (၂၀၁၅)ခုနှစ်အီရန်သဘောတူညီချက်အရ ရုတ်သိမ်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေအားလုံးကို အလိုအလျောက်ပြန်လည်ချမှတ်သွားမယ့် ယန္တရားတစ်ခုကို စတင်ဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ပြင်သစ်၊ ဂျာမနီ နဲ့ ဗြိတိန်နိုင်ငံတို့ဟာ လာမယ့်ဩဂုတ်လကုန်မှာ အီရန်အပေါ် ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုယန္တရားကို စတင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုရယ်ဘာရော့ကပြောကြားခဲ့ပါတယ်။ ဂျင်းနိုရယ်ဘာရော့က”ပြင်သစ်နဲ့ မိတ်ဖက်နိုင်ငံတွေဟာ လွန်ခဲ့တဲ့(၁၀)နှစ်က ရုတ်သိမ်းခဲ့တဲ့ လက်နက်၊ဘဏ်နဲ့နျူကလီးယားပစ္စည်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ကျင့်သုံးဖို့ လုပ်ဆောင်သွားမှာပါ။

လာမယ့်ဩဂုတ်လကုန်အထိ အီရန်နဲ့နျူကလီးယားသဘောတူညီချက် မရရှိခဲ့ဘူးဆိုရင် ပိတ်ဆို့အရေးယူမှုယန္တရားကို ပြန်လည်ကျင့်သုံးသွားမှာပါ ”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version

အီရန္န်ဴကလီးယားသေဘာတူညီခ်က္အတြက္ ေနာက္ဆုံးရက္ကို အေမရိကန္နဲ႔မိတ္ဖက္ႏိုင္ငံေတြသတ္မွတ္

Pika (NP News) - ဇူလိုင္ ၁၇

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုနဲ႔ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္တို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ အီရန္နဲ႔န်ဴကလီးယားသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ လာမယ့္ဩဂုတ္လကုန္ကို ေနာက္ဆုံးရက္အျဖစ္ သတ္မွတ္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ သိရပါတယ္။

လာမယ့္ဩဂုတ္လကုန္အထိ သေဘာတူညီခ်က္မရရွိခဲ့ဘူးဆိုရင္ ျပင္သစ္၊ ဂ်ာမနီနဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ (၂၀၁၅)ခုႏွစ္အီရန္သေဘာတူညီခ်က္အရ ႐ုတ္သိမ္းထားတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ပိတ္ဆို႔အေရးယူမႈေတြအားလုံးကို အလိုအေလ်ာက္ျပန္လည္ခ်မွတ္သြားမယ့္ ယႏၲရားတစ္ခုကို စတင္ဖို႔စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

ျပင္သစ္၊ ဂ်ာမနီ နဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ လာမယ့္ဩဂုတ္လကုန္မွာ အီရန္အေပၚ ကုလသမဂၢရဲ႕ပိတ္ဆို႔အေရးယူမႈယႏၲရားကို စတင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်င္းႏိုရယ္ဘာေရာ့ကေျပာၾကားခဲ့ပါတယ္။ ဂ်င္းႏိုရယ္ဘာေရာ့က”ျပင္သစ္နဲ႔ မိတ္ဖက္ႏိုင္ငံေတြဟာ လြန္ခဲ့တဲ့(၁၀)ႏွစ္က ႐ုတ္သိမ္းခဲ့တဲ့ လက္နက္၊ဘဏ္နဲ႔န်ဴကလီးယားပစၥည္းဆိုင္ရာ ကမာၻလုံးဆိုင္ရာပိတ္ဆို႔အေရးယူမႈေတြကို ျပန္လည္က်င့္သုံးဖို႔ လုပ္ေဆာင္သြားမွာပါ။

လာမယ့္ဩဂုတ္လကုန္အထိ အီရန္နဲ႔န်ဴကလီးယားသေဘာတူညီခ်က္ မရရွိခဲ့ဘူးဆိုရင္ ပိတ္ဆို႔အေရးယူမႈယႏၲရားကို ျပန္လည္က်င့္သုံးသြားမွာပါ ”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.