နေပြည်တော်တွင် အမျိုးသမီးကြီးတစ်ဦးအား လုယက်သတ်ဖြတ်သူ(၄)ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

1005

သန့်ဇင်(NP News)-ဇူလိုင် ၁၇
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် အမျိုးသမီးကြီးတစ်ဦးအား လုယက်သတ်ဖြတ်သူ(၄)ဦးကို (၉)လအကြာ၌ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၇)ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာ များဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများဖြစ်သည့် (၁) မျိုးမင်းထွန်း၊ (၂) ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ (၃) ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့် (၄) ဖြိုးဝေလင်း (ခ) ကရင်တို့ (၄)ဦးကို ပျဉ်းမနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ဇူလိုင် (၇) ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားခံများအား ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၆၄/၂၀၂၄ ဖြင့် လက်ခံစစ်ဆေးပြီး မျိုးမင်းထွန်း၊ ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့် ဖြိုးဝေလင်း (ခ) ကရင်တို့ (၄)ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားခံမျိုးမင်းထွန်း၊ ဖြိုးသက်ပိုင် (ခ) ကိုဖြိုးနှင့် ရဲလင်းဦး (ခ) ရဲရဲ (ခ) ကိုရဲနှင့်တို့အား ရာဇသတ်ကြီးပုဒ်မ (၃၉၄) အရလည်း ကောင်း၊ တရားခံ ဖြိုးဝေလင်း (ခ) ကရင်တို့ သည် ရာဇသတ်ကြီး ပုဒ်မ (၃၉၄/၁၀၉) အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် အလုပ်နှင့် ထောင်ဒဏ်အနှစ် (၂၀) စီ ကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်စန္ဒာမိုးအား သတ်ဖြတ်လုယက်ခံရမှုနှင့်ပတ်သက်၍ အထက်ပါ တရားခံ(၄)ဦးအား တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းတွင် မိသားစုဝင်(၃)ဦးကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း နှင့် မော်တော်ယာဉ် ယူဆောင်သွားသည့်အမှုနှင့်ပတ်သက်၍ ပါဝင်သူများကို ထောင်ဒဏ် နှင့် သေဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့ဖူးသည်။
zawgyi version
ေနျပည္ေတာ္တြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား လုယက္သတ္ျဖတ္သူ(၄)ဦးကို ေသဒဏ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္
သန႔္ဇင္(NP News)-ဇူလိုင္ ၁၇
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္တြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား လုယက္သတ္ျဖတ္သူ(၄)ဦးကို (၉)လအၾကာ၌ ေသဒဏ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာ (၇)ရက္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ သုခသိဒၶိရပ္ကြက္ သုခေတာ္ဝင္အိမ္ရာ၊ တိုက္အမွတ္ (K-1)၊ အခန္း(၁၃) တြင္ ေနထိုင္သူ ေဒၚစႏၵာမိုးသည္ ၎၏ေနအိမ္တိုက္ခန္းအတြင္းရွိ ဧည့္ခန္း၌ ဝမ္းဗိုက္ပတ္လည္တြင္ ထိုးသြင္းဒဏ္ရာ မ်ားျဖင့္ ေသဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က စုံစမ္းေဖာ္ထုတ္ၿပီး တရားခံမ်ားျဖစ္သည့္ (၁) မ်ိဳးမင္းထြန္း၊ (၂) ၿဖိဳးသက္ပိုင္ (ခ) ကိုၿဖိဳး၊ (၃) ရဲလင္းဦး (ခ) ရဲရဲ (ခ) ကိုရဲႏွင့္ (၄) ၿဖိဳးေဝလင္း (ခ) ကရင္တို႔ (၄)ဦးကို ပ်ဥ္းမနားခ႐ိုင္ တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ၿပီး ဇူလိုင္ (၇) ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တရားခံမ်ားအား ပ်ဥ္းမနားခ႐ိုင္တရား႐ုံး၏ ရာဇဝတ္ႀကီးမႈ အမွတ္ ၆၄/၂၀၂၄ ျဖင့္ လက္ခံစစ္ေဆးၿပီး မ်ိဳးမင္းထြန္း၊ ၿဖိဳးသက္ပိုင္ (ခ) ကိုၿဖိဳး၊ ရဲလင္းဦး (ခ) ရဲရဲ (ခ) ကိုရဲႏွင့္ ၿဖိဳးေဝလင္း (ခ) ကရင္တို႔ (၄)ဦးအေပၚ ရာဇသတ္ႀကီးပုဒ္မ ၃၀၂(၁)(ခ)/၃၄ အရ ျပစ္မႈက်ဴး လြန္ေၾကာင္း ထင္ရွားသျဖင့္ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တရားခံမ်ိဳးမင္းထြန္း၊ ၿဖိဳးသက္ပိုင္ (ခ) ကိုၿဖိဳးႏွင့္ ရဲလင္းဦး (ခ) ရဲရဲ (ခ) ကိုရဲႏွင့္တို႔အား ရာဇသတ္ႀကီးပုဒ္မ (၃၉၄) အရလည္း ေကာင္း၊ တရားခံ ၿဖိဳးေဝလင္း (ခ) ကရင္တို႔ သည္ ရာဇသတ္ႀကီး ပုဒ္မ (၃၉၄/၁၀၉) အရလည္းေကာင္း ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွား သျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္အႏွစ္ (၂၀) စီ က်ခံေစရန္ ပ်ဥ္းမနားခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒၚစႏၵာမိုးအား သတ္ျဖတ္လုယက္ခံရမႈႏွင့္ပတ္သက္၍ အထက္ပါ တရားခံ(၄)ဦးအား တစ္ပတ္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ခဲ့ဖူးသည္။
အလားတူ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလက ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ ဇဝနသိဒၶိရပ္ကြက္ ျမတ္ေလးလမ္းတြင္ မိသားစုဝင္(၃)ဦးကို သတ္ျဖတ္ကာ လက္ကိုင္ဖုန္း ႏွင့္ ေမာ္ေတာ္ယာဥ္ ယူေဆာင္သြားသည့္အမႈႏွင့္ပတ္သက္၍ ပါဝင္သူမ်ားကို ေထာင္ဒဏ္ ႏွင့္ ေသဒဏ္ အသီးသီးခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ခဲ့ဖူးသည္။