အလားအလာရှိသော တရုတ်၏တိုက်ခိုက်မှုများအတွက် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာလေ့ကျင့်မှုကို တရုတ်(တိုင်ပေ)ပြုလုပ်

187

Pika (NP News) - ဇူလိုင် ၁၈
တရုတ်(တိုင်ပေ)အစိုးရသည် အလားအလာရှိသော တရုတ်၏တိုက်ခိုက်မှုများအတွက် အစမ်းလေ့ကျင့်မှုတစ်ခုအဖြစ် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာလေ့ကျင့်မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။အဆိုပါနှစ်စဉ်အရပ်ဘက်စစ်ရေးလေ့ကျင့်မှုကို တရုတ်(တိုင်ပေ)ကျွန်းတစ်ဝှမ်းရှိ မြို့များတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဥဩသံထွက်ပေါ်လာချိန်တွင် ထောင်နှင့်ချီသောလူများက မြေအောက်အကာအကွယ်နေရာများအောက်သို့ ပြေးဝင်ခြင်းကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့သည်။ထို့ပြင် အဆိုပါလေ့ကျင့်မှုအတွင်း စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အကူအညီများ ဖြန့်ဖြူးမှုကိုပုံဖော်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူအသေအပျောက်များစေမည့်ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် လေ့ကျင့်မှုများလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
တရုတ်(တိုင်ပေ)အစိုးရသည် အမေရိကန်ထုတ် HIMARS ရော့ကတ်လောင်ချာများတပ်ဆင်ထားသည့် စစ်ဘက်ဆိုင်ရာယူနစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ကျော်အကြာတွင် အဆိုပါအရပ်ဘက်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် HIMARS ရော့ကတ်လောင်ချာများပါဝင်သည့် ယင်းဖွဲ့စည်းမှုသည် တရုတ်(တိုင်ပေ)သမိုင်းတစ်လျှောက် ပထမဆုံးဖွဲ့စည်းမှုတစ်ခုဖြစ်ကြောင်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
zawgyi version
အလားအလာရွိေသာ တ႐ုတ္၏တိုက္ခိုက္မႈမ်ားအတြက္ ေလေၾကာင္းတိုက္ခိုက္မႈဆိုင္ရာေလ့က်င့္မႈကို တ႐ုတ္(တိုင္ေပ)ျပဳလုပ္
Pika (NP News) - ဇူလိုင္ ၁၈
တ႐ုတ္(တိုင္ေပ)အစိုးရသည္ အလားအလာရွိေသာ တ႐ုတ္၏တိုက္ခိုက္မႈမ်ားအတြက္ အစမ္းေလ့က်င့္မႈတစ္ခုအျဖစ္ ေလေၾကာင္းတိုက္ခိုက္မႈဆိုင္ရာေလ့က်င့္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။အဆိုပါႏွစ္စဥ္အရပ္ဘက္စစ္ေရးေလ့က်င့္မႈကို တ႐ုတ္(တိုင္ေပ)ကြၽန္းတစ္ဝွမ္းရွိ ၿမိဳ႕မ်ားတြင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ဥဩသံထြက္ေပၚလာခ်ိန္တြင္ ေထာင္ႏွင့္ခ်ီေသာလူမ်ားက ေျမေအာက္အကာအကြယ္ေနရာမ်ားေအာက္သို႔ ေျပးဝင္ျခင္းကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။
တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎၏ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းရန္အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့သည္။ထို႔ျပင္ အဆိုပါေလ့က်င့္မႈအတြင္း စစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း အကူအညီမ်ား ျဖန႔္ျဖဴးမႈကိုပုံေဖာ္ျခင္းႏွင့္ အစုလိုက္အၿပဳံလိုက္ လူအေသအေပ်ာက္မ်ားေစမည့္ျဖစ္ရပ္မ်ားကို ေရွာင္ရွားႏိုင္ရန္အတြက္ ေလ့က်င့္မႈမ်ားလည္း ပါဝင္ခဲ့ေၾကာင္းသိရသည္။
တ႐ုတ္(တိုင္ေပ)အစိုးရသည္ အေမရိကန္ထုတ္ HIMARS ေရာ့ကတ္ေလာင္ခ်ာမ်ားတပ္ဆင္ထားသည့္ စစ္ဘက္ဆိုင္ရာယူနစ္တစ္ခုကို ဖြဲ႕စည္းခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ေက်ာ္အၾကာတြင္ အဆိုပါအရပ္ဘက္စစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ HIMARS ေရာ့ကတ္ေလာင္ခ်ာမ်ားပါဝင္သည့္ ယင္းဖြဲ႕စည္းမႈသည္ တ႐ုတ္(တိုင္ေပ)သမိုင္းတစ္ေလွ်ာက္ ပထမဆုံးဖြဲ႕စည္းမႈတစ္ခုျဖစ္ေၾကာင္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။