နိုင်ငံခြားသားများက မြန်မာအမျိုးသမီးများအား ကာအိန္ဒြေနှောင့်ယှက်ပါက နီးစပ်ရာရဲစခန်းတွင် တိုင်ကြားရန် တိုက်တွန်း

383

သက်ပိုင် (NP News) - ဇူလိုင် ၁၉
ပြည်ပနိုင်ငံသားများက မြန်မာအမျိုးသမီးများကို ကာအိန္ဒြေနှောက်ယှက်မှုများရှိလာပါက နီးသပ်ရာ ရဲစခန်းများ တွင် သွားရောက်တိုင်ကြားနိုင်ကြောင်း NP News သို့ အငြိမ်းစားရဲမှူးကြီးတစ်ဦးက တိုက်တွန်းပြောဆိုသည်။
လက်ရှိတွင် ပြည်ပနိုင်ငံသားများက ဖုန်း(သို့မဟုတ်) ကင်မရာများဖြင့် အများပြည်သူအပန်းဖြေရာနေများ၊ လမ်းများ နှင့် စျေးဝယ်စင်တာများတွင် အပန်းဖြေအနားယူနေသော မြန်မာအမျိုးသမီးများကို ပစ်မှတ်ထားပြီး ကာအိန္ဒြေပျက်ပြားစေသော စကားများပြောဆို ရိုက်ကူးမှုများ ရှိလာနေသည့်အတွက် ယင်းသို့ ပြုမူခံရပါက တိုင်ကြားနိုင်သည်ဟု အငြိမ်းစားရဲမှူးကြီးက ပြောသည်။
“တချို့ကျတော့ လမ်းမသိလို့ အကူညီတောင်းတာမျိုးဆိုရင် ကူညီတာကိစ္စမရှိပေမယ့် အဲဒီထက်ပိုပြီး ပြောလာတာ ရှိရင် ကိုယ့်ဘက်က ကြိုတင်ရှောင်တာမျိုးတွေ လုပ်သင့်တယ်။ ခေတ်ကာလအခြေအနေအရ သူတို့က အလုပ်နဲ့ မြှူဆွယ်တာတွေ လုပ်လာရင်လည်း လက်လွတ်စပယ် မယုံကြဖို့လည်းလိုတယ်။ ရှောင်တာကိုမှ အတင်းအကြပ် လိုက်မေးလာပြီဆိုရင် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၅၄)အရ တိုင်ကြားလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ မြို့ကြီးအချို့တွင် နိုင်ငံခြားသားများမှ မြန်မာအမျိုးသမီးများအား ကာအိန္ဒြေနှောင့်ယှက်မှုများ ရှိလာနေသည့်အတွက် ယင်းအပေါ်အပေါ် အထူးဂရုပြုရန်လည်း လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးက ဆိုသည်။
“နိုင်ငံခြားသားတွေက သူတို့ဘာသာစကားနဲ့ အမျိုးသမီးလေးတွေအနားကိုချဉ်းကပ်ပြီး သူတို့ရဲ့ဖုန်းနံပတ်တွေ၊ နာမည်တွေကို တောင်းတာ၊ အလုပ်ရမယ်ဆိုပြီး ကိုယ်ရေးအချက်အလက်တွေကို တောင်းတာတွေ တွေ့လာနေရ တယ်။နောက်ပြီး Live လွှင့်ပြီးတော့ သူ့နိုင်ငံဘာသာစကားနဲ့ Live ထဲကသူတွေကို ဒီကောင်မလေးကိုကြိုက်လား။ ဘာလုပ်ပြမယ်၊ ညာလုပ်ပြမယ်ဆိုပြီး သားပြော မယားပြော ပြောတာတွေအထိ ရှိလာနေတာတွေ တွေ့လာရတယ်။ ဒါတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘာမှမဖြစ်ခင်မှာ ကြိုတင်ရှောင်ရှားတာက အကောင်းဆုံးပါပဲ ” ဟု အဆိုပါ အငြိမ်းစားရဲမှူးကြီးက ထောက်ပြ သတိပေးသည်။
မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၅၄)တွင် မည်သူမဆို၊ မိန်းမတဦး၏ ကာယိန္ဒြေကို ပျက်စီးစေရန် အကြံဖြင့်သော်၎င်း၊ ကာယိန္ဒြေပျက်စီးတန်ရာသည်ကို သိလျက်နှင့်သော်၎င်း ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျင်၊ သို့တည်းမဟုတ် ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ ထိုသူအား နှစ်နှစ် ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Zawgyi Version:
နိုင်ငံခြားသားများက မြန်မာအမျိုးသမီးများအား ကာအိနြေ္ဒနှောင့်ယှက်ပါက နီးစပ်ရာရဲစခန်းတွင် တိုင်ကြားရန် တိုက်တွန်း
ပြည်ပနိုင်ငံသားများက မြန်မာအမျိုးသမီးများကို ကာအိနြေ္ဒနှောက်ယှက်မှုများရှိလာပါက နီးသပ်ရာ ရဲစခန်းများ တွင် သွားရောက်တိုင်ကြားနိုင်ကြောင်း NP News သို့ အငြိမ်းစားရဲမှူးကြီးတစ်ဦးက တိုက်တွန်းပြောဆိုသည်။
လက်ရှိတွင် ပြည်ပနိုင်ငံသားများက ဖုန်း(သို့မဟုတ်) ကင်မရာများဖြင့် အများပြည်သူအပန်းဖြေရာနေများ၊ လမ်းများ နှင့် ဈေးဝယ်စင်တာများတွင် အပန်းဖြေအနားယူနေသော မြန်မာအမျိုးသမီးများကို ပစ်မှတ်ထားပြီး ကာအိနြေ္ဒပျက်ပြားစေသော စကားများပြောဆို ရိုက်ကူးမှုများ ရှိလာနေသည့်အတွက် ယင်းသို့ ပြုမူခံရပါက တိုင်ကြားနိုင်သည်ဟု အငြိမ်းစားရဲမှူးကြီးက ပြောသည်။
မြန်မာနိုင်ငံမှ မြို့ကြီးအချို့တွင် နိုင်ငံခြားသားများမှ မြန်မာအမျိုးသမီးများအား ကာအိနြေ္ဒနှောင့်ယှက်မှုများ ရှိလာနေသည့်အတွက် ယင်းအပေါ်အပေါ် အထူးဂရုပြုရန်လည်း လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးက ဆိုသည်။
မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၅၄)တွင် မည်သူမဆို၊ မိန်းမတဦး၏ ကာယိနြေ္ဒကို ပျက်စီးစေရန် အကြံဖြင့်သော်၎င်း၊ ကာယိနြေ္ဒပျက်စီးတန်ရာသည်ကို သိလျက်နှင့်သော်၎င်း ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျင်၊ သို့တည်းမဟုတ် ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ ထိုသူအား နှစ်နှစ် ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။