ငပလီမြို့နယ်မှ AA ၏ နယ်မြေမှူးအဆင့်ရှိသူတစ်ဦး အလင်းဝင်လာဟုဆို

 1088

သက်ပိုင် (NP News) - ဇူလိုင် ၁၉
ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ငပလီမြို့နယ်မှ AA ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ULA မှ နယ်မြေမှူး အဆင့်ရှိသူ
တစ်ဦး သည် မြန်မာတပ်မတော်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ သတင်းရင်းမြစ်က The Statesman ဂျာနယ်သို့ ပြောကြားချက်အရကနဦး သိရသည်။
သံတွဲမြို့နယ် ULA အဖွဲ့မှ ဗိုလ်ယက္ခ ဆိုသူက ဇူလိုင်လ ၁၃ ရက်တွင် ငပလီမြို့ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ထံသို့ အလင်းဝင်လိုကြောင်း စတင်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်တွင် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုအလင်းဝင်တဲ့သူက နယ်မြေမှူး ဗိုလ်ယက္ခလို့ သူ့ကိုသိကြတာများတယ်။အဲဒီဘက်မှာတော့ နာမည်ကြားတာ နဲ့ ကြောက်ကြရတဲ့သူပေါ့။သံတွဲကို AA တိုက်တုန်းက အများကြီးကူညီခဲ့တယ်။ သံတွဲကို ရပြီးနောက်ပိုင်းမှာ သူ့ကိုနယ်မြေမှူးရာထူးပေးတယ်။ ဒါပေမယ့် မြောက်ပိုင်းကလာတဲ့ AA တွေက သူ့ကိုနှိပ်ကွပ်လွန်းတော့ မခံနိုင်တဲ့ အဆုံး အလင်းဝင်လာတာလို့ သိရတယ် ” ဟု ခိုင်လုံသော သတင်းရင်းမြစ်ကဆိုသည်။
ထိုသို့ အလင်းဝင်ရောက်ရန်အတွက် ဗိုလ်ယက္ခသည် ရခိုင်ရိုးမကို တောလမ်းမှတဆင့် (၁၀) ရက်ကျော် ကြာ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် တပ်မတော်မှ လိုအပ်သည့် စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များကို ထိန်းချုပ်ပြီးနောက်ပိုင်းမှစ၍ ဘာသာစကား လေသံမတူညီမှု၊ ပြောဆိုပုံမတူညီမှုနှင့် ထုံးတမ်းဓလေ့အချို့ မတူညီမှု တို့ကို ခွဲခြားဆက်ဆံခြင်း၊ နှိပ်ကွပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

Zawgyi Version:
ငပလီၿမိဳ႕နယ္မွ AA ၏ နယ္ေျမမႉးအဆင့္ရွိသူတစ္ဦး အလင္းဝင္လာဟုဆို
သက္ပိုင္ (NP News) - ဇူလိုင္ ၁၉
ရခိုင္ျပည္နယ္ သံတြဲခ႐ိုင္၊ ငပလီၿမိဳ႕နယ္မွ AA ၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ျဖစ္ေသာ ULA မွ နယ္ေျမမႉး အဆင့္ရွိသူ
တစ္ဦး သည္ ျမန္မာတပ္မေတာ္ထံ အလင္းဝင္ေရာက္လာခဲ့ေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ သတင္းရင္းျမစ္က The Statesman ဂ်ာနယ္သို႔ ေျပာၾကားခ်က္အရကနဦး သိရသည္။
သံတြဲၿမိဳ႕နယ္ ULA အဖြဲ႕မွ ဗိုလ္ယကၡ ဆိုသူက ဇူလိုင္လ ၁၃ ရက္တြင္ ငပလီၿမိဳ႕ ျပည္သူ႔စစ္အဖြဲ႕ ေခါင္းေဆာင္ထံသို႔ အလင္းဝင္လိုေၾကာင္း စတင္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ ၁၇ ရက္တြင္ အလင္းဝင္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“အခုအလင္းဝင္တဲ့သူက နယ္ေျမမႉး ဗိုလ္ယကၡလို႔ သူ႔ကိုသိၾကတာမ်ားတယ္။အဲဒီဘက္မွာေတာ့ နာမည္ၾကားတာ နဲ႔ ေၾကာက္ၾကရတဲ့သူေပါ့။သံတြဲကို AA တိုက္တုန္းက အမ်ားႀကီးကူညီခဲ့တယ္။ သံတြဲကို ရၿပီးေနာက္ပိုင္းမွာ သူ႔ကိုနယ္ေျမမႉးရာထူးေပးတယ္။ ဒါေပမယ့္ ေျမာက္ပိုင္းကလာတဲ့ AA ေတြက သူ႔ကိုႏွိပ္ကြပ္လြန္းေတာ့ မခံႏိုင္တဲ့ အဆုံး အလင္းဝင္လာတာလို႔ သိရတယ္ ” ဟု ခိုင္လုံေသာ သတင္းရင္းျမစ္ကဆိုသည္။
ထိုသို႔ အလင္းဝင္ေရာက္ရန္အတြက္ ဗိုလ္ယကၡသည္ ရခိုင္႐ိုးမကို ေတာလမ္းမွတဆင့္ (၁၀) ရက္ေက်ာ္ ၾကာ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ တပ္မေတာ္မွ လိုအပ္သည့္ စစ္ေဆးမႈမ်ားကို လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။
AA အဖြဲ႕အေနျဖင့္ ရခိုင္ျပည္နယ္ေတာင္ပိုင္းၿမိဳ႕နယ္မ်ားျဖစ္သည့္ သံတြဲ၊ ေတာင္ကုတ္ႏွင့္ ဂြၿမိဳ႕နယ္မ်ားကို ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္းမွစ၍ ဘာသာစကား ေလသံမတူညီမႈ၊ ေျပာဆိုပုံမတူညီမႈႏွင့္ ထုံးတမ္းဓေလ့အခ်ိဳ႕ မတူညီမႈ တို႔ကို ခြဲျခားဆက္ဆံျခင္း၊ ႏွိပ္ကြပ္ျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။

Picture

Tha Lwin

19/07/2025 12:03

ကြိိုဆိုပါတယ်

Related news

© 2021. All rights reserved.