ဆန်နှင့် ဆန်ကွဲ ဝယ်လိုအားကျဆင်းနေခြင်းကြောင့် ပြည်ပထွက်ပြီး ဝယ်လက်ရှာဖွေနေ

 340

ပြည့်ဖြိုး (NP News) - ဇူလိုင် ၁၉
ဆန် နှင့် ဆန်ကွဲ ဈေးနှုန်းကျဆင်းပြီး၊ ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်ပသို့ထွက်ခွာ ပြီးဝယလက်ရှာဖွေကာ ပြည်ပတင်ပို့မှုအရှိန်မြှင့်လုပ်ဆောင်နေကြောင်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထံမှသိရသည်။
၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းက စတင်ပြီး နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းကာ ဝယ်လိုအား လျော့နည်းနေသော်လည်း ရည်မှန်းချက်အတိုင်းပြည်ပကို လစဉ်တင်ပို့နေဆဲဖြစ်ကြောင်း အသင်းချုပ် က ပြောသည်။
" မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပို့ကုန်ကုမ္ပဏီတွေ ပူးပေါင်းပြီး ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှုလုပ်ငန်းတွေကို ပြည်ပနိုင်ငံတွေအထိ သွားရောက်ပြီး ဝယ်လက်တွေနဲ့တွေ့ဆုံညှိနှိုင်းကာ တင်ပို့ရောင်းချတာတွေပြုလုပ်နေပါ တယ်" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင်ဆန်စပါးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကိုယ်တိုင် မလေးရှားနိုင်ငံသို့ရောက်ရှိနေပြီး ဆန်စပါးနှင့် ပတ်သက်သောသက်ဆိုင်သူများနှင့်ဆွေးနွေးလျက်ရှိကြောင်းလည်းသိရသည်။
ဆန်၊ဆန်ကွဲကို မြန်မာနိုင်ငံရဲ့ပုံမှန်ဝယ်လက်တွေဖြစ်သည့် ဥရောပနိုင်ငံများ၊ အာရှ နှင့် အာဖရိကနိုင်ငံများ ကဝယ်ယူမှုတွေ ရှိနေဆဲဖြစ်ပြီး၊ ဈေးကွက်ဝေစုတွေ ထိန်းသိမ်းထားနိုင်ခြင်းကြောင့် လစဉ် ပို့ကုန် ရည်မှန်းချက်ကို ပြည့်မီစွာ တင်ပို့နေဆဲဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် (၂၀၂၅-၂၀၂၆) ခုနှစ်တွင် ဆန်၊ ဆန်ကွဲ တန်ချိန် (၃) သန်းတင်ပို့သွားနိုင်ဖို့ စီစဉ်ထားရာ လက်ရှိ (၂၀၂၅) ခုနှစ် ဇန်နဝါရီတွင် ဆန်၊ဆန်ကွဲပြည်ပတင်ပို့မှု မက်ထရစ်တန် (၂၀၉၅၉၉) ၊ ဖေဖော်ဝါရီ တွင် မက်ထရစ် တန် (၁၂၉၄၅၃) ၊ မတ်လ တွင် မက်ထရစ်တန် (၁၁၃၆၈၄) ၊ ဧပြီတွင် မက်ထရစ်တန် (၁၄၂၇၈၈) ၊ မေလ တွင် မက်ထရစ်တန် (၂၅၉၅၀၁) နှင့် ဇွန်လ မက်ထရစ်တန် (၂၁၂၄၁၅) တင်ပို့ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆန္ႏွင့္ ဆန္ကြဲ ဝယ္လိုအားက်ဆင္းေနျခင္းေၾကာင့္ ျပည္ပထြက္ၿပီး ဝယ္လက္ရွာေဖြေန
ျပည့္ၿဖိဳး (NP News) - ဇူလိုင္ ၁၉
ဆန္ ႏွင့္ ဆန္ကြဲ ေဈးႏႈန္းက်ဆင္းၿပီး၊ ဝယ္လိုအား က်ဆင္းေနျခင္းေၾကာင့္ ျပည္ပသို႔ထြက္ခြာ ၿပီးဝယလက္ရွာေဖြကာ ျပည္ပတင္ပို႔မႈအရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္း
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ထံမွသိရသည္။
၂၀၂၅ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းက စတင္ၿပီး ႏိုင္ငံတကာေဈးကြက္မွာ ဆန္ေဈးႏႈန္းေတြ ဆက္တိုက္က်ဆင္းကာ ဝယ္လိုအား ေလ်ာ့နည္းေနေသာ္လည္း ရည္မွန္းခ်က္အတိုင္းျပည္ပကို လစဥ္တင္ပို႔ေနဆဲျဖစ္ေၾကာင္း အသင္းခ်ဳပ္ က ေျပာသည္။
" ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႔ ပို႔ကုန္ကုမၸဏီေတြ ပူးေပါင္းၿပီး ဆန္၊ ဆန္ကြဲ ျပည္ပတင္ပို႔မႈလုပ္ငန္းေတြကို ျပည္ပႏိုင္ငံေတြအထိ သြားေရာက္ၿပီး ဝယ္လက္ေတြနဲ႔ေတြ႕ဆုံညႇိႏႈိင္းကာ တင္ပို႔ေရာင္းခ်တာေတြျပဳလုပ္ေနပါ တယ္" ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ဆန္စပါးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္ ကိုယ္တိုင္ မေလးရွားႏိုင္ငံသို႔ေရာက္ရွိေနၿပီး ဆန္စပါးႏွင့္ ပတ္သက္ေသာသက္ဆိုင္သူမ်ားႏွင့္ေဆြးေႏြးလ်က္ရွိေၾကာင္းလည္းသိရသည္။
ဆန္၊ဆန္ကြဲကို ျမန္မာႏိုင္ငံရဲ႕ပုံမွန္ဝယ္လက္ေတြျဖစ္သည့္ ဥေရာပႏိုင္ငံမ်ား၊ အာရွ ႏွင့္ အာဖရိကႏိုင္ငံမ်ား ကဝယ္ယူမႈေတြ ရွိေနဆဲျဖစ္ၿပီး၊ ေဈးကြက္ေဝစုေတြ ထိန္းသိမ္းထားႏိုင္ျခင္းေၾကာင့္ လစဥ္ ပို႔ကုန္ ရည္မွန္းခ်က္ကို ျပည့္မီစြာ တင္ပို႔ေနဆဲျဖစ္ေၾကာင္း သိရသည္။
ယခုဘ႑ာႏွစ္ (၂၀၂၅-၂၀၂၆) ခုႏွစ္တြင္ ဆန္၊ ဆန္ကြဲ တန္ခ်ိန္ (၃) သန္းတင္ပို႔သြားႏိုင္ဖို႔ စီစဥ္ထားရာ လက္ရွိ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီတြင္ ဆန္၊ဆန္ကြဲျပည္ပတင္ပို႔မႈ မက္ထရစ္တန္ (၂၀၉၅၉၉) ၊ ေဖေဖာ္ဝါရီ တြင္ မက္ထရစ္ တန္ (၁၂၉၄၅၃) ၊ မတ္လ တြင္ မက္ထရစ္တန္ (၁၁၃၆၈၄) ၊ ဧၿပီတြင္ မက္ထရစ္တန္ (၁၄၂၇၈၈) ၊ ေမလ တြင္ မက္ထရစ္တန္ (၂၅၉၅၀၁) ႏွင့္ ဇြန္လ မက္ထရစ္တန္ (၂၁၂၄၁၅) တင္ပို႔ထားႏိုင္ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.