နေတိုးအဖွဲ့အကြီးအကဲရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေကို ဘရာဇီး ပြစ်တင်ရှုတ်ချ

 274

Pika (NP News) - ဇူလိုင် ၂ဝ
ရုရှားနဲ့ကုန်သွယ်မှုလုပ်ဆောင်တဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေအပေါ် အလားအလာရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့အကြီးအကဲရဲ့မှတ်ချက်တွေကို ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Mauro Vieira က ပြစ်တင် ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘရာဇီး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ရုရှားနဲ့ကုန်သွယ်မှုတွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတီက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အလေးအနက်ထားဖို့အတွက် ရုရှားသမ္မတပူတင်ကို ဖုန်းခေါ်ပြော ဆိုကြဖို့ ဘရာဇီး၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေကို မာ့ခ်ရူတီက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ အိန္ဒိယ၊ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့အတူ (၂၀၀၆)ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ BRICS အဖွဲ့ကို တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာ တောင်အာဖရိက၊ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား၊ ယူအေအီး နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ BRICS အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတီရဲ့ ခြိမ်းခြောက်ပြောဆိုချက်တွေဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့လည်း Mauro Vieira က ဝေဖန်ခဲ့ပါတယ်။ Mauro Vieira က “အခြားနိုင်ငံတွေလိုပဲ ဘရာဇီးဟာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို နှစ်နိုင်ငံကြား ဒါမှမဟုတ် WTO မူဘောင်အတွင်း ကိုင်တွယ်ပါတယ်။ ဒါကြောင့်မလို့ မာ့ခ်ရူတီရဲ့ ပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ်မရှိသလို အဓိပ္ပါယ်လည်းမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေနတိုးအဖြဲ႕အႀကီးအကဲရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြကို ဘရာဇီး ျပစ္တင္ရႈတ္ခ်
Pika (NP News) - ဇူလိုင္ ၂ဝ
႐ုရွားနဲ႔ကုန္သြယ္မႈလုပ္ေဆာင္တဲ့ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြအေပၚ အလားအလာရွိတဲ့ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ပတ္သက္ၿပီး ေနတိုးအဖြဲ႕အႀကီးအကဲရဲ႕မွတ္ခ်က္ေတြကို ဘရာဇီးႏိုင္ငံျခားေရးဝန္ႀကီး Mauro Vieira က ျပစ္တင္ ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဘရာဇီး၊ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံတို႔အေနနဲ႔ ႐ုရွားနဲ႔ကုန္သြယ္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနမယ္ဆိုရင္ အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ေနတိုးအဖြဲ႕အႀကီးအကဲ မာ့ခ္႐ူတီက ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အေလးအနက္ထားဖို႔အတြက္ ႐ုရွားသမၼတပူတင္ကို ဖုန္းေခၚေျပာ ဆိုၾကဖို႔ ဘရာဇီး၊ အိႏၵိယ နဲ႔ တ႐ုတ္ႏိုင္ငံေတြကို မာ့ခ္႐ူတီက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဘရာဇီးႏိုင္ငံဟာ အိႏၵိယ၊ တ႐ုတ္၊ ႐ုရွားႏိုင္ငံတို႔နဲ႔အတူ (၂၀၀၆)ခုႏွစ္မွာဖြဲ႕စည္းခဲ့တဲ့ BRICS အဖြဲ႕ကို တည္ေထာင္သူ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တယ္လို႔လည္း သိရပါတယ္။ ေနာက္ပိုင္းမွာ ေတာင္အာဖရိက၊ အီဂ်စ္၊ အီရန္၊ အီသီယိုးပီးယား၊ ယူေအအီး နဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔ဟာ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြအျဖစ္ ပါဝင္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေနတိုးအဖြဲ႕အႀကီးအကဲ မာ့ခ္႐ူတီရဲ႕ ၿခိမ္းေျခာက္ေျပာဆိုခ်က္ေတြဟာ လုံးဝအဓိပၸါယ္မရွိဘူးလို႔လည္း Mauro Vieira က ေဝဖန္ခဲ့ပါတယ္။ Mauro Vieira က “အျခားႏိုင္ငံေတြလိုပဲ ဘရာဇီးဟာ ကုန္သြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြကို ႏွစ္ႏိုင္ငံၾကား ဒါမွမဟုတ္ WTO မူေဘာင္အတြင္း ကိုင္တြယ္ပါတယ္။ ဒါေၾကာင့္မလို႔ မာ့ခ္႐ူတီရဲ႕ ေျပာဆိုခ်က္ေတြဟာ လုံးဝအေျခအျမစ္မရွိသလို အဓိပၸါယ္လည္းမရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.