နိုင်ငံပေါင်း (၁၅၀)ကျော် ကုန်သွယ်ခွန်အသစ်ကို ရင်ဆိုင်ရမည်ဟု ဒေါ်နယ်ထရမ့် သတိပေး

290

ဂျန်ဇက် (NP News)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းအနည်းဆုံး (၁၅၀)ကျော်သည် ကုန်သွယ်ခွန်အသစ် ကောက်ခံခြင်းကိုရင် ဆိုင်ရမည်ဖြစ်ပြီး ကုန်သွယ်ခွန်အဖြစ် (၁၀)ရာခိုင်နှုန်း သို့ မဟုတ် (၁၅) ရာခိုင်နှုန်းကောက်ခံခြင်းကိုတွေ့ ကြုံရဖွယ်ရှိသည်ဟု သတိပေးပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလတွင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ကုန်သွယ် ရေးမူဝါဒများကို ပြောင်းလဲခဲ့ပြီး အမေရိကန် နိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ် ရန် ကုန်သွယ်ခွန်ကောက်ခံခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်က “ကုန်သွယ် ခွန် ကောက်ခံမှုနဲ့ပတ်သက်ပြီး အသိပေးစာထပ်မံပေးပို့မယ့် နိုင်ငံပေါင်း (၁၅၀)ရှိတယ်။ အဲဒီသတိပေးချက် ထဲမှာ အကောက်ခွန်နှုန်းထားတွေကို အတိအကျ ဖော်ပြပေးသွားမယ်”ဟုပြောသည်။ ဒေါ်နယ်ထရမ့် က အမေရိကန်နိုင်ငံ၏ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအနေဖြင့် ကုန်သွယ်ခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုများအတွင်း သဘောတူညီမှုများကို ဩဂုတ်လ(၁)ရက်နောက်ဆုံးထားပြီး မရခဲ့ဘူး ဆို လျှင် သတ်မှတ်ထားသည့်အခွန်နှုန်းထားအတိုင်းကောက်ခံမည်ဟု ပြောသည်။
အမေရိကန်နိုင်ငံမှကောက်ခံမည့်ကုန်သွယ်ခွန်နှင့်ပတ်သက်ပြီး မိတ်ဖက်နိုင်ငံများသည် အမေရိ ကန်နိုင်ငံနှင့်စေ့စပ်ဆွေးနွေးရန်လိုလားနေပြီး အချို့နိုင်ငံများက စေ့စပ်ဆွေးနွေးရန်လိုလားခဲ့ကြောင်း သိ ရသည်။
အမေရိကန်အစိုးရက ကုန်သွယ် ခွန်ကောက်ခံမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး တရုတ် အပါ အဝင်နိုင်ငံအချို့နှင့် အငြင်းပွားမှုများဖြစ် လာခဲ့ပြီး ကမ္ဘာ့နိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့သည်။ ကုန်သွယ် ခွန်ကောက်ခံမည့်အစီအစဉ်စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ စက်မှုလုပ်ငန်းလုပ်ဆောင်ချက်များ နှေးကွေးခဲ့ကြောင်း၊ သတင်းများလည်းထွက်ပေါ်ခဲ့သည်။ အမေရိကန် အခြေစိုက် Institute for Supply Management က ထုတ်လုပ်မှုပိုင်း ကျဆင်းခဲ့သလို ထောက်ပံ့ရေးကွင်းဆက်များလည်း ပိတ်ဆို့ခဲ့ ကြောင်း ဖော်ပြထားသည်။ အမေရိကန် ကုမ္ပဏီ များသည် လက်ရှိအချိန်တွင် ရှင်သန်ရန် ရုန်းကန်နေရ ပြီး ကုန်သွယ်ခွန်များ ဆက်လက်လုပ်ဆောင်မည်ဆိုပါက bond market မတည်ငြိမ်မှုများဖြစ်မည်ကို လည်း စိုးရိမ်မှုမြင့်တက်နေကြောင်းသိရသည်။

Zawgyi Version:
ႏိုင္ငံေပါင္း (၁၅၀)ေက်ာ္ ကုန္သြယ္ခြန္အသစ္ကို ရင္ဆိုင္ရမည္ဟု ေဒၚနယ္ထရမ့္ သတိေပး
ဂ်န္ဇက္ (NP News)
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကမာၻတစ္ဝန္းရွိ ႏိုင္ငံေပါင္းအနည္းဆုံး (၁၅၀)ေက်ာ္သည္ ကုန္သြယ္ခြန္အသစ္ ေကာက္ခံျခင္းကိုရင္ ဆိုင္ရမည္ျဖစ္ၿပီး ကုန္သြယ္ခြန္အျဖစ္ (၁၀)ရာခိုင္ႏႈန္း သို႔ မဟုတ္ (၁၅) ရာခိုင္ႏႈန္းေကာက္ခံျခင္းကိုေတြ႕ ႀကဳံရဖြယ္ရွိသည္ဟု သတိေပးေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္သည္ ဇန္နဝါရီလတြင္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ကုန္သြယ္ ေရးမူဝါဒမ်ားကို ေျပာင္းလဲခဲ့ၿပီး အေမရိကန္ ႏိုင္ငံ၏ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို ကာကြယ္ ရန္ ကုန္သြယ္ခြန္ေကာက္ခံျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္က “ကုန္သြယ္ ခြန္ ေကာက္ခံမႈနဲ႔ပတ္သက္ၿပီး အသိေပးစာထပ္မံေပးပို႔မယ့္ ႏိုင္ငံေပါင္း (၁၅၀)ရွိတယ္။ အဲဒီသတိေပးခ်က္ ထဲမွာ အေကာက္ခြန္ႏႈန္းထားေတြကို အတိအက် ေဖာ္ျပေပးသြားမယ္”ဟုေျပာသည္။ ေဒၚနယ္ထရမ့္ က အေမရိကန္ႏိုင္ငံ၏ကုန္သြယ္ေရးမိတ္ဖက္ႏိုင္ငံမ်ားအေနျဖင့္ ကုန္သြယ္ခြန္ေကာက္ခံမႈႏွင့္ပတ္သက္ၿပီး ေစ့စပ္ေဆြးေႏြးမႈမ်ားအတြင္း သေဘာတူညီမႈမ်ားကို ဩဂုတ္လ(၁)ရက္ေနာက္ဆုံးထားၿပီး မရခဲ့ဘူး ဆို လွ်င္ သတ္မွတ္ထားသည့္အခြန္ႏႈန္းထားအတိုင္းေကာက္ခံမည္ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံမွေကာက္ခံမည့္ကုန္သြယ္ခြန္ႏွင့္ပတ္သက္ၿပီး မိတ္ဖက္ႏိုင္ငံမ်ားသည္ အေမရိ ကန္ႏိုင္ငံႏွင့္ေစ့စပ္ေဆြးေႏြးရန္လိုလားေနၿပီး အခ်ိဳ႕ႏိုင္ငံမ်ားက ေစ့စပ္ေဆြးေႏြးရန္လိုလားခဲ့ေၾကာင္း သိ ရသည္။
အေမရိကန္အစိုးရက ကုန္သြယ္ ခြန္ေကာက္ခံမည့္ အစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ အပါ အဝင္ႏိုင္ငံအခ်ိဳ႕ႏွင့္ အျငင္းပြားမႈမ်ားျဖစ္ လာခဲ့ၿပီး ကမာၻ႔ႏိုင္ငံမ်ားက ေဝဖန္ျပစ္တင္ခဲ့သည္။ ကုန္သြယ္ ခြန္ေကာက္ခံမည့္အစီအစဥ္စတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္၏ စက္မႈလုပ္ငန္းလုပ္ေဆာင္ခ်က္မ်ား ေႏွးေကြးခဲ့ေၾကာင္း၊ သတင္းမ်ားလည္းထြက္ေပၚခဲ့သည္။ အေမရိကန္ အေျခစိုက္ Institute for Supply Management က ထုတ္လုပ္မႈပိုင္း က်ဆင္းခဲ့သလို ေထာက္ပံ့ေရးကြင္းဆက္မ်ားလည္း ပိတ္ဆို႔ခဲ့ ေၾကာင္း ေဖာ္ျပထားသည္။ အေမရိကန္ ကုမၸဏီ မ်ားသည္ လက္ရွိအခ်ိန္တြင္ ရွင္သန္ရန္ ႐ုန္းကန္ေနရ ၿပီး ကုန္သြယ္ခြန္မ်ား ဆက္လက္လုပ္ေဆာင္မည္ဆိုပါက bond market မတည္ၿငိမ္မႈမ်ားျဖစ္မည္ကို လည္း စိုးရိမ္မႈျမင့္တက္ေနေၾကာင္းသိရသည္။