အပစ်အခတ်ရပ်စဲရေးကို အစ္စရေးနဲ့ ဆီးရီးယားတို့သဘောတူညီခဲ့တယ်လို့ အမေရိကန်ကိုယ်စားလှယ်ပြော

111

Pika (NP News) - ဇူလိုင် ၂ဝ
တူရကီ၊ ဂျော်ဒန်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေက ထောက်ခံထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးနဲ့ ဆီးရီးယား နိုင်ငံတို့က သဘောတူညီခဲ့တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဘာရက်က ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ ဆီးရီးယားနိုင်ငံ Damascus မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုလိုသဘောတူညီမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တွမ်ဘာရက်က “Druze၊ Bedouins နဲ့ Sunnis လူမျိုးစုတို့ကို ၎င်းတို့ရဲ့လက်နက်တွေကိုချပြီး အခြားလူနည်းစုတွေ နဲ့အတူ ဆီးရီးယားနဲ့ စည်းလုံးညီညွတ်စွာပူးပေါင်းကြဖို့ ကျွန်တော်တို့တောင်းဆိုထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးနဲ့ဆီးရီးယားနိုင်ငံတို့ဟာ တူရကီ၊ဂျော်ဒန်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေက ထောက်ခံထားတဲ့ အပစ် အခတ်ရပ်စဲရေးကို သဘောတူညီခဲ့တယ်လို့ တွမ်ဘာရက်က ထပ်မံပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို အမေရိကန်မှာရှိတဲ့ အစ္စရေးသံရုံးနဲ့ ကနေဒါမှာရှိတဲ့ ဆီးရီးယားကောင်စစ် ဝန်ရုံးတို့က ချက်ချင်းပြန်လည်တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးကို အစၥေရးနဲ႔ ဆီးရီးယားတို႔သေဘာတူညီခဲ့တယ္လို႔ အေမရိကန္ကိုယ္စားလွယ္ေျပာ
Pika (NP News) - ဇူလိုင္ ၂ဝ
တူရကီ၊ ေဂ်ာ္ဒန္နဲ႔ အျခားအိမ္နီးခ်င္းႏိုင္ငံေတြက ေထာက္ခံထားတဲ့ အပစ္အခတ္ရပ္စဲေရးကို အစၥေရးနဲ႔ ဆီးရီးယား ႏိုင္ငံတို႔က သေဘာတူညီခဲ့တယ္လို႔ ဆီးရီးယားႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ တြမ္ဘာရက္က ေျပာၾကားခဲ့ပါတယ္။
အစၥေရးဟာ ဆီးရီးယားႏိုင္ငံ Damascus ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလိုသေဘာတူညီမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တြမ္ဘာရက္က “Druze၊ Bedouins နဲ႔ Sunnis လူမ်ိဳးစုတို႔ကို ၎တို႔ရဲ႕လက္နက္ေတြကိုခ်ၿပီး အျခားလူနည္းစုေတြ နဲ႔အတူ ဆီးရီးယားနဲ႔ စည္းလုံးညီၫြတ္စြာပူးေပါင္းၾကဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးနဲ႔ဆီးရီးယားႏိုင္ငံတို႔ဟာ တူရကီ၊ေဂ်ာ္ဒန္နဲ႔ အျခားအိမ္နီးခ်င္းႏိုင္ငံေတြက ေထာက္ခံထားတဲ့ အပစ္ အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့တယ္လို႔ တြမ္ဘာရက္က ထပ္မံေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို အေမရိကန္မွာရွိတဲ့ အစၥေရးသံ႐ုံးနဲ႔ ကေနဒါမွာရွိတဲ့ ဆီးရီးယားေကာင္စစ္ ဝန္႐ုံးတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။