စင်ကာပူမှာ ၂၀၂၄ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၃၁၄ ခုထိရှိ

85
ရောင်နီ (NP News) - ဇူလိုင် ၂ဝ
စင်ကာပူနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု စုစုပေါင်း ၃၁၄ မှုထိ ရှိခဲ့တယ်လို့ စင်္ကာပူ Samaritans (SOS) က စနေနေ့ (ဇူလိုင် ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။
သတ်သေမှု ကာကွယ်ရေးစင်တာမှ ဖော်ပြတဲ့ ယာယီအချက်အလက်တွေ အရ အသက် ၃၀ နဲ့ ၃၉ နှစ်ကြား အရွယ်ရောက်ပြီးသူတွေထဲမှာ မိမိကိုယ်ကို သတ်သေမှု အများဆုံး တိုးလာနေတယ်လို့ မီဒီယာတစ်ခုမှ ပြောကြားပါတယ်။
အသက်အရွယ်အုပ်စုရှိ လူတစ်ဦးချင်းစီဟာ "မိသားစု ပြဿနာတွေ၊ အလုပ် မတည်ငြိမ်မှု၊ စိတ်ကျန်းမာရေး စိန်ခေါ်မှုတွေနဲ့ ဆက်စပ်တဲ့ ဖိအားများစွာ ကြုံတွေ့ နေရတယ်လို့ SOS က ပြောကြားခဲ့ပါတယ်။
SOS ရဲ့ ၂၄ နာရီ hotline နဲ့ စာတိုပေးပို့မှုဝန်ဆောင်မှုတွေကတစ်ဆင့် အကူအညီတောင်းခံသူတွေက အဆိုပါစိုးရိမ်မှုကို မီးမောင်းထိုးပြနေပါတယ်။
သတ်သေမှု ၃၁၄ မှုမှာ ၂၀၂ (သို့) ၆၄.၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်ပြီး ကျန် ၁၁၂ ရာခိုင်နှုန်း (သို့) ၃၅.၇ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
စင္ကာပူမွာ ၂၀၂၄ ခုႏွစ္အတြင္း ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈ ၃၁၄ ခုထိရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
စင္ကာပူႏိုင္ငံမွာ ၂၀၂၄ ခုႏွစ္အတြင္း ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈ စုစုေပါင္း ၃၁၄ မႈထိ ရွိခဲ့တယ္လို႔ စကၤာပူ Samaritans (SOS) က စေနေန႔ (ဇူလိုင္ ၁၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
သတ္ေသမႈ ကာကြယ္ေရးစင္တာမွ ေဖာ္ျပတဲ့ ယာယီအခ်က္အလက္ေတြ အရ အသက္ ၃၀ နဲ႔ ၃၉ ႏွစ္ၾကား အ႐ြယ္ေရာက္ၿပီးသူေတြထဲမွာ မိမိကိုယ္ကို သတ္ေသမႈ အမ်ားဆုံး တိုးလာေနတယ္လို႔ မီဒီယာတစ္ခုမွ ေျပာၾကားပါတယ္။
အသက္အ႐ြယ္အုပ္စုရွိ လူတစ္ဦးခ်င္းစီဟာ "မိသားစု ျပႆနာေတြ၊ အလုပ္ မတည္ၿငိမ္မႈ၊ စိတ္က်န္းမာေရး စိန္ေခၚမႈေတြနဲ႔ ဆက္စပ္တဲ့ ဖိအားမ်ားစြာ ႀကဳံေတြ႕ ေနရတယ္လို႔ SOS က ေျပာၾကားခဲ့ပါတယ္။
SOS ရဲ႕ ၂၄ နာရီ hotline နဲ႔ စာတိုေပးပို႔မႈဝန္ေဆာင္မႈေတြကတစ္ဆင့္ အကူအညီေတာင္းခံသူေတြက အဆိုပါစိုးရိမ္မႈကို မီးေမာင္းထိုးျပေနပါတယ္။
သတ္ေသမႈ ၃၁၄ မႈမွာ ၂၀၂ (သို႔) ၆၄.၃ ရာခိုင္ႏႈန္းဟာ အမ်ိဳးသားေတြ ျဖစ္ၿပီး က်န္ ၁၁၂ ရာခိုင္ႏႈန္း (သို႔) ၃၅.၇ ရာခိုင္ႏႈန္းကေတာ့ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ သိရပါတယ္။