ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရုရှားကို ယူကရိန်း အဆိုပြု

101

Pika (NP News) - ဇူလိုင် ၂၁
လာမယ့်သီတင်းပတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တွေလုပ်ဆောင်ဖို့ ရုရှားကို ယူကရိန်းက အဆိုပြုခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းမှာ ရုရှားနဲ့ယူကရိန်းကြား ဆွေးနွေးပွဲတွေ ရပ်တန့်သွားခဲ့ပြီးနောက် အချိန်တစ်လကျော်အကြာမှာ ယခုလိုအဆိုပြုချက်တွေ ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဆွေးနွေးပွဲတွေကို နှစ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း ဘယ်လိုတိုးတက်မှုမျိုးမှ မရရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲတွေအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက်တွေကိုပဲ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “လာမယ့်သီတင်းပတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ရုရှားကို ကျွန်တော်တို့ အဆိုပြုခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေရဲ့အရှိန်အဟုန်တွေကို မြှင့်တင်ဖို့လိုအပ်နေပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဇီလန်စကီး က ထပ်မံပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ခေါင်းဆောင်ပိုင်းအဆင့်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔ ႐ုရွားကို ယူကရိန္း အဆိုျပဳ
Pika (NP News) - ဇူလိုင္ ၂၁
လာမယ့္သီတင္းပတ္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအသစ္ေတြလုပ္ေဆာင္ဖို႔ ႐ုရွားကို ယူကရိန္းက အဆိုျပဳခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လအေစာပိုင္းမွာ ႐ုရွားနဲ႔ယူကရိန္းၾကား ေဆြးေႏြးပြဲေတြ ရပ္တန႔္သြားခဲ့ၿပီးေနာက္ အခ်ိန္တစ္လေက်ာ္အၾကာမွာ ယခုလိုအဆိုျပဳခ်က္ေတြ ထြက္ေပၚလာ တာပဲျဖစ္ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ေဆြးေႏြးပြဲေတြကို ႏွစ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း ဘယ္လိုတိုးတက္မႈမ်ိဳးမွ မရရွိခဲ့ဘူးလို႔ သိရပါတယ္။ အဲဒီေဆြးေႏြးပြဲေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္ေရးသေဘာတူညီခ်က္ေတြကိုပဲ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “လာမယ့္သီတင္းပတ္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ႐ုရွားကို ကြၽန္ေတာ္တို႔ အဆိုျပဳခဲ့ပါတယ္။ ေစ့စပ္ညႇိႏႈိင္းမႈေတြရဲ႕အရွိန္အဟုန္ေတြကို ျမႇင့္တင္ဖို႔လိုအပ္ေနပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္နဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း ဇီလန္စကီး က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ထာဝရၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ ေခါင္းေဆာင္ပိုင္းအဆင့္ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။