ဥတ္တရသီရိမြိုနယ်၌ ဖုန်းတစ်လုံး အပါအဝင် ကျပ်ငွေ (၇)သောင်းကျော်အတွက် လူသတ်လုယက်သူ အမျိုးသား(၃)ဦးကို ဖမ်းဆီးရမိ

798

စော (NP News) - ဇူလိုင် ၂၁
နေပြည်တော်၊ ဥတ္တရသီရိမြိုနယ်၌ ဖုန်းတစ်လုံး အပါအဝင် ကျပ်ငွေ (၇)သောင်းကျော်အတွက် လူသတ်လုယက်သူ အမျိုးသား(၃)ဦးတို့ကို ပြီးခဲ့သည့် ဇူလိုင် (၁၉)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် (ဇူလိုင်လ ၁၇ ရက်)၊ နံနက် (၈) နာရီအချိန်က ဥတ္တရသီရိမြိုနယ်၊ အမှတ်(၁) မီးသတ်စခန်းအနောက်ဘက်တောအတွင်း မီးသွေးဖိုအနီး၌ ကိုးရွာသပြေကုန်းကျေးရွာ၊ လေးကျွန်း မဏ္ဍိုင်ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးလှဝင်း(၇၄)နှစ်ကို ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကျူးလွန်သူများကို စိစစ်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဘုရားကုန်းမြိုမရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ အခင်းမဖြစ်မီရက်များက အဆိုပါဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် အထက်ပါကျေးရွာနေ နိုင်မင်းထွန်း(ခ)ဘိုဘို(၁၈)နှစ်၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်(၁၇)နှစ်နှင့် ရေတာရှည်မြိုနယ်၊ သရက်တောကျေးရွာနေ ဆန်းမင်းငြိမ်း(ခ)ပေါက်တူး(၂၇)နှစ်တို့ကို စစ်ဆေးခဲ့ကြောင်း နစကမှဆိုသည်။
ထို့သို့စစ်ဆေးခဲ့ရာ လူသတ်လုယက်မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်(၂)ပေခန့်ရှိ ထင်းချောင်း(၂)ချောင်း၊ VIVO အမျိုးအစား သက်သေခံဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ၎င်းတို (၃) ဦးသည် ငွေကြေးလိုအပ်ချက်ကြောင့် ကပ္ပိယဖြစ်သူ ဦးလှဝင်းထံမှ ပိုက်ဆံများလုရန် တိုင်ပင်ခဲ့ရာ ဇူလိုင်လ (၁၆) ရက်၊ ညနေ ၄ နာရီ အချိန်က ဦးလှဝင်း၏ မီးသွေးဖိုအနီး ဝါးရုံပင်အောက်၌ အရက်သေစာသောက်စားကာ စောင့်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အချိန်တွင် ဦးလှဝင်းကို နိုင်မင်းထွန်း(ခ)ဘိုဘိုမှ အသင့်ယူလာသော ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့ပြီး မှောက်လျက်လဲကျသွားသော ကပ္ပိယအား ဆန်းမင်းငြိမ်း(ခ) ပေါက်တူးမှ ဆွဲလှန်ပေးကာ နိုင်မင်းထွန်း(ခ)ဘိုဘို နှင့် ဇွဲခန့်နိုင်(ခ)ဇွဲခန့်တိုမှ ထင်းချောင်းများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဦးလှဝင်းကိုင်ဆောင်သော VIVO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းနှင့် လွယ်အိတ်အတွင်းမှ ငွေကျပ် (၇၂၀၀၀) အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း နစကမှ ဆိုသည်။
အဆိုပါဖြစ်စဉ်တွင် လူသတ်လုယက်မှုကျူးလွန်သူ နိုင်မင်းထွန်း(ခ)ဘိုဘို၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်နှင့် ဆန်းမင်းငြိမ်း(ခ)ပေါက်တူးတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးထားသည်။

Zawgyi Version:
ဥတၱရသီရိၿမိဳနယ္၌ ဖုန္းတစ္လုံး အပါအဝင္ က်ပ္ေငြ (၇)ေသာင္းေက်ာ္အတြက္ လူသတ္လုယက္သူ အမ်ိဳးသား(၃)ဦးကို ဖမ္းဆီးရမိ
ေစာ (NP News) - ဇူလိုင္ ၂၁
ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳနယ္၌ ဖုန္းတစ္လုံး အပါအဝင္ က်ပ္ေငြ (၇)ေသာင္းေက်ာ္အတြက္ လူသတ္လုယက္သူ အမ်ိဳးသား(၃)ဦးတို႔ကို ၿပီးခဲ့သည့္ ဇူလိုင္ (၁၉)ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ (ဇူလိုင္လ ၁၇ ရက္)၊ နံနက္ (၈) နာရီအခ်ိန္က ဥတၱရသီရိၿမိဳနယ္၊ အမွတ္(၁) မီးသတ္စခန္းအေနာက္ဘက္ေတာအတြင္း မီးေသြးဖိုအနီး၌ ကိုး႐ြာသေျပကုန္းေက်း႐ြာ၊ ေလးကြၽန္း မ႑ိဳင္ဘုန္းႀကီးေက်ာင္းမွ ကပၸိယျဖစ္သူ ဦးလွဝင္း(၇၄)ႏွစ္ကို ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ က်ဴးလြန္သူမ်ားကို စိစစ္ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရးအတြက္ ဘုရားကုန္းၿမိဳမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ခဲ့ၿပီး စုံစမ္းရွာေဖြစစ္ေဆးျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ အခင္းမျဖစ္မီရက္မ်ားက အဆိုပါဘုန္းႀကီးေက်ာင္းတြင္ ေရာက္ရွိေနသည့္ အထက္ပါေက်း႐ြာေန ႏိုင္မင္းထြန္း(ခ)ဘိုဘို(၁၈)ႏွစ္၊ ဇြဲခန႔္ႏိုင္(ခ)ဇြဲခန႔္(၁၇)ႏွစ္ႏွင့္ ေရတာရွည္ၿမိဳနယ္၊ သရက္ေတာေက်း႐ြာေန ဆန္းမင္းၿငိမ္း(ခ)ေပါက္တူး(၂၇)ႏွစ္တို႔ကို စစ္ေဆးခဲ့ေၾကာင္း နစကမွဆိုသည္။
ထို႔သို႔စစ္ေဆးခဲ့ရာ လူသတ္လုယက္မႈက်ဴးလြန္ခဲ့ေၾကာင္းေပၚေပါက္ၿပီး က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ အရွည္(၂)ေပခန႔္ရွိ ထင္းေခ်ာင္း(၂)ေခ်ာင္း၊ VIVO အမ်ိဳးအစား သက္ေသခံဖုန္း (၁)လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ၎တို (၃) ဦးသည္ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ ကပၸိယျဖစ္သူ ဦးလွဝင္းထံမွ ပိုက္ဆံမ်ားလုရန္ တိုင္ပင္ခဲ့ရာ ဇူလိုင္လ (၁၆) ရက္၊ ညေန ၄ နာရီ အခ်ိန္က ဦးလွဝင္း၏ မီးေသြးဖိုအနီး ဝါး႐ုံပင္ေအာက္၌ အရက္ေသစာေသာက္စားကာ ေစာင့္ဆိုင္းခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔အခ်ိန္တြင္ ဦးလွဝင္းကို ႏိုင္မင္းထြန္း(ခ)ဘိုဘိုမွ အသင့္ယူလာေသာ ထင္းေခ်ာင္းျဖင့္ ႐ိုက္ႏွက္ခဲ့ၿပီး ေမွာက္လ်က္လဲက်သြားေသာ ကပၸိယအား ဆန္းမင္းၿငိမ္း(ခ) ေပါက္တူးမွ ဆြဲလွန္ေပးကာ ႏိုင္မင္းထြန္း(ခ)ဘိုဘို ႏွင့္ ဇြဲခန႔္ႏိုင္(ခ)ဇြဲခန႔္တိုမွ ထင္းေခ်ာင္းမ်ားျဖင့္ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ဦးလွဝင္းကိုင္ေဆာင္ေသာ VIVO အမ်ိဳးအစား အျဖဴေရာင္လက္ကိုင္ဖုန္းႏွင့္ လြယ္အိတ္အတြင္းမွ ေငြက်ပ္ (၇၂၀၀၀) အား လုယက္ယူေဆာင္ခဲ့ၾကျခင္းျဖစ္သည္ကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း နစကမွ ဆိုသည္။
အဆိုပါျဖစ္စဥ္တြင္ လူသတ္လုယက္မႈက်ဴးလြန္သူ ႏိုင္မင္းထြန္း(ခ)ဘိုဘို၊ ဇြဲခန႔္ႏိုင္(ခ)ဇြဲခန႔္ႏွင့္ ဆန္းမင္းၿငိမ္း(ခ)ေပါက္တူးတို႔ကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရးေဆာင္႐ြက္ လ်က္ရွိေၾကာင္းႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ လုံၿခဳံေရးတပ္ဖြဲဝင္မ်ားက အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ အသိေပးထားသည္။