Bitcoin ဈေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်

117

Pika (NP News) - ဇူလိုင် ၂၁
ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်သော Bitcoin တစ်ခု၏ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ (၁၂ဝဝဝဝ) ကျော်သွားခဲ့ပြီး စံချိန်သစ်တစ်ခုကို တင်ခဲ့ကာ ၎င်း၏နှစ်စဉ်အမြတ်ငွေမှာ (၃၀)ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့ကြောင်း သိရသည်။
CoinDesk ဒေတာအရ Bitcoin တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၁၂၂၇၀ဝ) ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မဲဆွယ် စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်သည် အမေရိကန်ကို ကမ္ဘာကြီး၏ ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်အောင် လုပ်ဆောင်သွားမည်ဆိုသည့်အချက်အပြင် ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းအတွက် ကတိပေါင်းများစွာကို ကတိပြုခဲ့ပြီးနောက် Bitcoin ဈေး နှုန်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမေရိကန်ကို ကမ္ဘာကြီး၏ ဒီဂျစ်တယ် ငွေကြေး မြို့တော်ဖြစ်အောင်လုပ်ဆောင်သွားမည် ဆို သည့်ကတိနှင့်အညီ ပြီးခဲ့သည့်မတ်လတွင် ဒေါ်နယ်ထရမ့်သည် US Strategic Bitcoin Reserve ကို တည်ထောင်ရန် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် အရီဇိုးနားနှင့် New Hampshire ပြည်နယ်တို့သည် နိုင်ငံတော်အဆင့် Bitcoin အရန်ငွေ များ ဖန်တီးခြင်းဆိုင်ရာ ဥပဒေများကို အဆိုပါ အချိန်တည်းက အတည်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်၏ သွင်းကုန်အခွန်စည်းကြပ် မှုများကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးမသေချာ မရေရာ မှုများသည် အမေရိကန်ဒေါ်လာတန်ဖိုးကျ ဆင်းမှုနှင့် တစ်စိတ်တစ်ပိုင်း ဆက်စပ်နေပြီး အဆိုပါ လမ်း ကြောင်းအတိုင်း ဆက်သွားမည်ဆိုပါက Bitcoin ဈေးနှုန်းမှာ ပိုမိုမြင့်မားလာနိုင်ကြောင်း လေ့လာသုံးသပ် သူများက ခန့်မှန်းပြောဆိုထားသည်။

Zawgyi Version:
Bitcoin ေဈးႏႈန္း သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ျမင့္တက္
Pika (NP News) - ဇူလိုင္ ၂၁
ဒီဂ်စ္တယ္ေငြေၾကးတစ္ခုျဖစ္ေသာ Bitcoin တစ္ခု၏ေဈးႏႈန္းသည္ အေမရိကန္ေဒၚလာ (၁၂ဝဝဝဝ) ေက်ာ္သြားခဲ့ၿပီး စံခ်ိန္သစ္တစ္ခုကို တင္ခဲ့ကာ ၎၏ႏွစ္စဥ္အျမတ္ေငြမွာ (၃၀)ရာခိုင္ႏႈန္း နီးပါး ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
CoinDesk ေဒတာအရ Bitcoin တစ္ခုလွ်င္ အေမရိကန္ေဒၚလာ (၁၂၂၇၀ဝ) ဝန္းက်င္ျဖင့္ အေရာင္း အဝယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။ မဲဆြယ္ စည္း႐ုံးေရးကာလအတြင္း ေဒၚနယ္ထရမ့္သည္ အေမရိကန္ကို ကမာၻႀကီး၏ ဒီဂ်စ္တယ္ေငြေၾကးၿမိဳ႕ေတာ္ျဖစ္ေအာင္ လုပ္ေဆာင္သြားမည္ဆိုသည့္အခ်က္အျပင္ ဒီဂ်စ္တယ္ေငြေၾကးလုပ္ငန္းအတြက္ ကတိေပါင္းမ်ားစြာကို ကတိျပဳခဲ့ၿပီးေနာက္ Bitcoin ေဈး ႏႈန္းမွာ ဆက္တိုက္ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အေမရိကန္ကို ကမာၻႀကီး၏ ဒီဂ်စ္တယ္ ေငြေၾကး ၿမိဳ႕ေတာ္ျဖစ္ေအာင္လုပ္ေဆာင္သြားမည္ ဆို သည့္ကတိႏွင့္အညီ ၿပီးခဲ့သည့္မတ္လတြင္ ေဒၚနယ္ထရမ့္သည္ US Strategic Bitcoin Reserve ကို တည္ေထာင္ရန္ အမႈေဆာင္အမိန႔္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ အရီဇိုးနားႏွင့္ New Hampshire ျပည္နယ္တို႔သည္ ႏိုင္ငံေတာ္အဆင့္ Bitcoin အရန္ေငြ မ်ား ဖန္တီးျခင္းဆိုင္ရာ ဥပေဒမ်ားကို အဆိုပါ အခ်ိန္တည္းက အတည္ျပဳခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္၏ သြင္းကုန္အခြန္စည္းၾကပ္ မႈမ်ားေၾကာင့္ျဖစ္ေပၚလာေသာ စီးပြားေရးမေသခ်ာ မေရရာ မႈမ်ားသည္ အေမရိကန္ေဒၚလာတန္ဖိုးက် ဆင္းမႈႏွင့္ တစ္စိတ္တစ္ပိုင္း ဆက္စပ္ေနၿပီး အဆိုပါ လမ္း ေၾကာင္းအတိုင္း ဆက္သြားမည္ဆိုပါက Bitcoin ေဈးႏႈန္းမွာ ပိုမိုျမင့္မားလာႏိုင္ေၾကာင္း ေလ့လာသုံးသပ္ သူမ်ားက ခန႔္မွန္းေျပာဆိုထားသည္။