နောင်ချို - ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီး ပြန်ဖွင့်နိုင်သောကြောင့် ဘိလပ်မြေအိတ် (၃)သောင်းကျော်ကို မန္တလေးသို့ ပို့ဆောင်နေ

 2406

စော(NP News)- ဇူလိုင် ၂၁
နောင်ချို - ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီးအား ပြန်လည်ဖွင့်လှစ်နိုင်သောကြောင့် ဘိလပ်မြေအိတ် (၃)သောင်းကျော်ကို မန္တလေးသို့ ပို့ဆောင်ပေးနေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရသိရသည်။
တပ်မတော်အနေဖြင့် (ဇူလိုင် ၁၆ ရက်)က အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို-ကျောက်ကြမ်း- အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်းကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူစွာစီးဆင်းနိုင်ခဲ့၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါလမ်းကြောင်းကြီးအား ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ယမန်နေ့ (ဇူလိုင် ၂၀ရက်)က Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ တင်ဆောင်လာသော မော်တော်ယာဉ် (၅၉) စီး၊ ၁ စီးလျှင် ၃၃ တန်ဖြင့် စုစုပေါင်း ၁၉၄၇ တန် (စုစုပေါင်း ဘိလပ်မြေ ၃၆၅၈၀ အိတ်)တို့ကို မန္တလေးမြို့နယ်သို့ သွားရောက်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ဘိလပ်မြေများ ပြန်လည်ပို့ဆောင်ပေးနိုင်မှုကြောင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ရာတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လူနေအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စေတီ၊ ပုထိုးများ တည်ဆောက်မှုနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သော ဘိလပ်မြေများကို ပြည်သူလူထုအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်သမားများက တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်တို့အား ယာယီထိန်းချုပ်ထား စဉ် နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး လမ်းကြောင်းအား ထိန်းချုပ်၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင်လုပ်ဆောင်ခဲ့မှုကြောင့် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာအနီးရှိ Crown ဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်နေလျက်ရှိသော ဘိလပ်မြေများကို မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စဉ်က လိုအပ်လျက်ရှိသောနေရာများသို့ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်ခြင်းမရှိသဖြင့် ပြည်သူလူထုအနေဖြင့် ဘိလပ်မြေများကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲနေရကြောင်း နစကမှ ဆိုသည်။

Zawgyi Version:
ေနာင္ခ်ိဳ - ေက်ာက္ၾကမ္း - အုမၼခါး - အုမၼသီး - ျပင္ဦးလြင္ - မႏၲေလးလမ္းေၾကာင္းႀကီး ျပန္ဖြင့္ႏိုင္ေသာေၾကာင့္ ဘိလပ္ေျမအိတ္ (၃)ေသာင္းေက်ာ္ကို မႏၲေလးသို႔ ပို႔ေဆာင္ေန
ေစာ(NP News)- ဇူလိုင္ ၂၁
ေနာင္ခ်ိဳ - ေက်ာက္ၾကမ္း - အုမၼခါး - အုမၼသီး - ျပင္ဦးလြင္ - မႏၲေလးလမ္းေၾကာင္းႀကီးအား ျပန္လည္ဖြင့္လွစ္ႏိုင္ေသာေၾကာင့္ ဘိလပ္ေျမအိတ္ (၃)ေသာင္းေက်ာ္ကို မႏၲေလးသို႔ ပို႔ေဆာင္ေပးေန ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရသိရသည္။
တပ္မေတာ္အေနျဖင့္ (ဇူလိုင္ ၁၆ ရက္)က အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီထိန္းခ်ဳပ္ထားသည့္ ေတာင္ခမ္းေဒသတစ္ဝိုက္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕တို႔ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေနာင္ခ်ိဳ-ေက်ာက္ၾကမ္း- အုမၼခါး-အုမၼသီး-ျပင္ဦးလြင္-မႏၲေလး လမ္းေၾကာင္းႀကီးကို ျပန္လည္ဖြင့္လွစ္ေပးႏိုင္ေသာေၾကာင့္ ကုန္စည္စီးဆင္းမႈမ်ား လြယ္ကူစြာစီးဆင္းႏိုင္ခဲ့၍ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါလမ္းေၾကာင္းႀကီးအား ျပန္လည္ဖြင့္လွစ္ေပးႏိုင္ေသာေၾကာင့္ ယမန္ေန႔ (ဇူလိုင္ ၂၀ရက္)က Crown ဘိလပ္ေျမစက္႐ုံမွ ဘိလပ္ေျမမ်ား တင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္ (၅၉) စီး၊ ၁ စီးလွ်င္ ၃၃ တန္ျဖင့္ စုစုေပါင္း ၁၉၄၇ တန္ (စုစုေပါင္း ဘိလပ္ေျမ ၃၆၅၈၀ အိတ္)တို႔ကို မႏၲေလးၿမိဳ႕နယ္သို႔ သြားေရာက္ပို႔ေဆာင္ေပးေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ ဘိလပ္ေျမမ်ား ျပန္လည္ပို႔ေဆာင္ေပးႏိုင္မႈေၾကာင့္ မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ရာတြင္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေသာ လူေနအေဆာက္အအုံမ်ား၊ လမ္း၊ တံတားမ်ား၊ ေစတီ၊ ပုထိုးမ်ား တည္ေဆာက္မႈႏွင့္ အျခားတည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ အဓိကလိုအပ္ခ်က္ျဖစ္ေသာ ဘိလပ္ေျမမ်ားကို ျပည္သူလူထုအေနျဖင့္ ေဈးႏႈန္းသက္သာစြာျဖင့္ ဝယ္ယူသုံးစြဲႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အၾကမ္းဖက္သမားမ်ားက ေတာင္ခမ္းေဒသတစ္ဝိုက္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္တို႔အား ယာယီထိန္းခ်ဳပ္ထား စဥ္ ေနာင္ခ်ိဳ-ေက်ာက္ၾကမ္း-အုမၼခါး-အုမၼသီး လမ္းေၾကာင္းအား ထိန္းခ်ဳပ္၍ ေဒသတြင္း ကုန္စည္စီးဆင္းမႈမ်ား ရပ္တန႔္ေအာင္လုပ္ေဆာင္ခဲ့မႈေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕၏ အေနာက္ေျမာက္ဘက္ ၇ မိုင္ခန႔္အကြာရွိ ေလာင္ဖန္းေက်း႐ြာအနီးရွိ Crown ဘိလပ္ေျမစက္႐ုံမွ ေန႔စဥ္ထုတ္လုပ္ေနလ်က္ရွိေသာ ဘိလပ္ေျမမ်ားကို မႏၲေလးငလ်င္ႀကီးေၾကာင့္ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚစဥ္က လိုအပ္လ်က္ရွိေသာေနရာမ်ားသို႔ လြယ္ကူလ်င္ျမန္စြာ ေပးပို႔ႏိုင္ျခင္းမရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ ဘိလပ္ေျမမ်ားကို ေဈးႏႈန္းျမင့္မားစြာ ဝယ္ယူသုံးစြဲေနရေၾကာင္း နစကမွ ဆိုသည္။

Picture

Tha Lwin

21/07/2025 14:20

👍👍👍

Related news

© 2021. All rights reserved.