ပဲခူးနှင့်တောင်ငူမြို့တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် တင်ဒါခေါ်ယူနေ

553

ချယ်ရီ (NP News) - ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့်တောင်ငူမြို့တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ တင်ဒါခေါ်ယူနေကြောင်း တင်ဒါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အထက်ပါမြို့နယ်များတွင် အိမ်ရာများ တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ရာ မြန်မာနိုင်ငံသား ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် တင်ဒါတင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
တည်ဆောက်မည့် အိမ်ရာများမှာ ပဲခူးမြို့၊ ရှင်စောပုဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅)ထပ် တိုက်(၁)လုံး၊ ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅)ထပ် တိုက်(၁)လုံးနှင့် တောင်ငူမြို့၊ ပြည်တော်သာဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅) ထပ် တိုက် (၁)လုံးတို့ဖြစ်ကြောင်း သိရသည်။
တင်ဒါလျှောက်လွှာကို လာမည့် ဇူလိုင်လ (၂၂)ရက်မှစ၍ စတင်ရောင်းချပေးမည်ဖြစ်ပြီး ဩဂုတ်လ (၄) ရက်၊ ညနေ (၄) နာရီ၌ တင်ဒါလျှောက်လွှာမှာ အရောင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ (၅) ရက်၊ ညနေ (၄) နာရီ၌ တင်ဒါလျှောက်လွှာကို လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် တင်ဒါအဆိုပြုလွှာများနှင့် စည်းကမ်းချက်ကို ပဲခူးတိုင်းဒေသကြီး၊ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ပဲခူးမြို့ ၊ ရှင်စောပုဝန်ထမ်းအိမ်ရာဝင်း၊ ရှင်စောပုလမ်း တွင် လူကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ပြီး သိရှိလိုသည်များကို (၀၉ ၇၉၇၉ ၈၉ ၈၈၄) အား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း တင်ဒါကော်မတီမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ပဲခူးႏွင့္ေတာင္ငူၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာေဆာက္လုပ္ရန္ တင္ဒါေခၚယူေန
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၁
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ႏွင့္ေတာင္ငူၿမိဳ႕တြင္ ဝန္ထမ္းအိမ္ရာေဆာက္လုပ္ရန္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ ပဲခူးတိုင္းေဒသႀကီးၫႊန္ၾကားေရးမႉး႐ုံးမွ တင္ဒါေခၚယူေနေၾကာင္း တင္ဒါေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
(၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္အတြင္း ပဲခူးတိုင္းေဒသႀကီး၊ အစိုးရအဖြဲ႕႐ုံး၏ ေငြလုံးေငြရင္းအသုံးစရိတ္ ခြင့္ျပဳရန္ပုံေငြျဖင့္ အထက္ပါၿမိဳ႕နယ္မ်ားတြင္ အိမ္ရာမ်ား တည္ေဆာက္ေရးလုပ္ငန္းကို ေဆာင္႐ြက္မည္ျဖစ္ရာ ျမန္မာႏိုင္ငံသား ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအေနျဖင့္ တင္ဒါတင္သြင္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
တည္ေဆာက္မည့္ အိမ္ရာမ်ားမွာ ပဲခူးၿမိဳ႕၊ ရွင္ေစာပုဝန္ထမ္းအိမ္ရာ (၄)ခန္းတြဲ (၅)ထပ္ တိုက္(၁)လုံး၊ ပဲခူးၿမိဳ႕၊ ဘုရင့္ေနာင္ဝန္ထမ္းအိမ္ရာ (၄)ခန္းတြဲ (၅)ထပ္ တိုက္(၁)လုံးႏွင့္ ေတာင္ငူၿမိဳ႕၊ ျပည္ေတာ္သာဝန္ထမ္းအိမ္ရာ (၄)ခန္းတြဲ (၅) ထပ္ တိုက္ (၁)လုံးတို႔ျဖစ္ေၾကာင္း သိရသည္။
တင္ဒါေလွ်ာက္လႊာကို လာမည့္ ဇူလိုင္လ (၂၂)ရက္မွစ၍ စတင္ေရာင္းခ်ေပးမည္ျဖစ္ၿပီး ဩဂုတ္လ (၄) ရက္၊ ညေန (၄) နာရီ၌ တင္ဒါေလွ်ာက္လႊာမွာ အေရာင္းပိတ္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဩဂုတ္လ (၅) ရက္၊ ညေန (၄) နာရီ၌ တင္ဒါေလွ်ာက္လႊာကို လက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ တင္ဒါအဆိုျပဳလႊာမ်ားႏွင့္ စည္းကမ္းခ်က္ကို ပဲခူးတိုင္းေဒသႀကီး၊ ၿမိဳ႕ ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး႐ုံး၊ ပဲခူးၿမိဳ႕ ၊ ရွင္ေစာပုဝန္ထမ္းအိမ္ရာဝင္း၊ ရွင္ေစာပုလမ္း တြင္ လူကိုယ္တိုင္လာေရာက္ ဝယ္ယူႏိုင္ၿပီး သိရွိလိုသည္မ်ားကို (၀၉ ၇၉၇၉ ၈၉ ၈၈၄) အား ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း တင္ဒါေကာ္မတီမွ ထုတ္ျပန္ထားသည္။