ထိုင်း - ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုများကြောင့် အလုပ်အကိုင် ကျပ်တည်းမည်ကို ထိုင်းရောက်မြန်မာ လုပ်သားများ စိုးရိမ်နေ

431

Pearl (NP News)-ဇူလိုင် ၂၅
ထိုင်း - ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုများကြောင့် အလုပ်အကိုင် ကျပ်တည်းမည်ကို ထိုင်းရောက်မြန်မာ လုပ်သားများ စိုးရိမ်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးက The Statesman ဂျာနယ်သို့ ပြောသည်။
လက်ရှိတွင် ထိုင်း နိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ အကြား စစ်ရေးတင်းမာမှုများ ဖြစ်နေပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများလည်း ရှိနေကြောင်း သိရသည်။
“ဖြစ်နေတဲ့နေရာမှာက မြန်မာလုပ်သားက နည်းတယ်။ ဖြစ်တဲ့နေရာက စက်ရုံအလုပ်ရုံမရှိဘူး။ မြန်မာလုပ်သားမရှိသလောက် ဖြစ်မယ်လို့ ထင်တယ်။ အဲဒီဘက်တွေက တောဒေသလို့ ပြောရမယ်။ ဒီဘက်က မြဝတီ မဲဆောက်လိုမျိုး စည်းကားတဲ့နေရာမျိုးတွေ မဟုတ်ဘူး။ စစ်က ဒီထက်ပိုကျယ်ပြန့်လာမယ်ဆိုရင်တော့ ဒီဘက်မှာရှိတဲ့ အလုပ်သမားအတွက်တော့ အလုပ်အကိုင်တွေ အကြပ်အတည်းတွေကတော့ ဖြစ်လာမှာပေါ့။ အလုပ်ကိုင်ကျပ်တည်းရင်တော့ နေထိုင်စားသောက်မှုတွေ နောက်ဆက်တွဲတွေ ဖြစ်လာမှာပေါ့” ဟု ၎င်း က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသားများ ဂရုပြုနေထိုင်ကြရန် အတွက် မြန်မာအချင်းချင်းကြားတွင် သတိပေးနေကြသည့် အပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း ယခင်ထက် ပိုမိုကာ သတိထားနေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၄) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဈေးတစ်ခု၌ မြန်မာလူငယ်နှစ်ဦးကို ထိုင်းလူငယ်များက ကမ္ဘောဒီးယား လူမျိုးနှင့် မှား၍ ရန်ပြုထိုးနှက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ထိုသို့ အကြမ်းဖက်သူများကို ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့်လည်း လုံခြုံရေးကို ဂရုပြုကြရန် နှင့် သံရုံးနှင့် စစ်သံရုံးများထံ အကူအညီတောင်းခံနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
“အခက်အခဲ ရှိရင် ထိုင်းနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးများ နဲ့ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Zawgyi Version:
ထိုင္း - ကေမာၻဒီးယား စစ္ေရးတင္းမာမႈမ်ားေၾကာင့္ အလုပ္အကိုင္ ၾကပ္တည္မည္ကို ထိုင္းေရာက္ျမန္မာ လုပ္သားမ်ား စိုးရိမ္ေန
Pearl (NP News)-ဇူလိုင္ ၂၅
ထိုင္း - ကေမာၻဒီးယား စစ္ေရးတင္းမာမႈမ်ားေၾကာင့္ အလုပ္အကိုင္ ၾကပ္တည္မည္ကို ထိုင္းေရာက္ျမန္မာ လုပ္သားမ်ား စိုးရိမ္ေနေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားအေရး ေဆာင္႐ြက္သူ တစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
လက္ရွိတြင္ ထိုင္း ႏိုင္ငံ ႏွင့္ ကေမာၻဒီးယား ႏိုင္ငံတို႔ အၾကား စစ္ေရးတင္းမာမႈမ်ား ျဖစ္ေနၿပီး ေနရပ္စြန႔္ခြာ တိမ္းေရွာင္ရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။
“ျဖစ္ေနတဲ့ေနရာမွာက ျမန္မာလုပ္သားက နည္းတယ္။ ျဖစ္တဲ့ေနရာက စက္႐ုံအလုပ္႐ုံမရွိဘူး။ ျမန္မာလုပ္သားမရွိသေလာက္ ျဖစ္မယ္လို႔ ထင္တယ္။ အဲဒီဘက္ေတြက ေတာေဒသလို႔ ေျပာရမယ္။ ဒီဘက္က ျမဝတီ မဲေဆာက္လိုမ်ိဳး စည္းကားတဲ့ေနရာမ်ိဳးေတြ မဟုတ္ဘူး။ စစ္က ဒီထက္ပိုက်ယ္ျပန႔္လာမယ္ဆိုရင္ေတာ့ ဒီဘက္မွာရွိတဲ့ အလုပ္သမားအတြက္ေတာ့ အလုပ္အကိုင္ေတြ အၾကပ္အတည္းေတြကေတာ့ ျဖစ္လာမွာေပါ့။ အလုပ္ကိုင္ၾကပ္တည္းရင္ေတာ့ ေနထိုင္စားေသာက္မႈေတြ ေနာက္ဆက္တြဲေတြ ျဖစ္လာမွာေပါ့” ဟု ၎ က ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ား ဂ႐ုျပဳေနထိုင္ၾကရန္ အတြက္ ျမန္မာအခ်င္းခ်င္းၾကားတြင္ သတိေပးေနၾကသည့္ အျပင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္လည္း ယခင္ထက္ ပိုမိုကာ သတိထားေနၾကရေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္ (၂၄) ရက္ေန႔က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ေဈးတစ္ခု၌ ျမန္မာလူငယ္ႏွစ္ဦးကို ထိုင္းလူငယ္မ်ားက ကေမာၻဒီးယား လူမ်ိဳးႏွင့္ မွား၍ ရန္ျပဳထိုးႏွက္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီး ထိုသို႔ အၾကမ္းဖက္သူမ်ားကို ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံ မ်ားသို႔ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္လည္း လုံၿခဳံေရးကို ဂ႐ုျပဳၾကရန္ ႏွင့္ သံ႐ုံးႏွင့္ စစ္သံ႐ုံးမ်ားထံ အကူအညီေတာင္းခံႏိုင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ၏ ေျပာေရး ဆိုခြင့္ ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။
“အခက္အခဲ ရွိရင္ ထိုင္းႏိုင္ငံ နဲ႔ ကေမာၻဒီးယားႏိုင္ငံေတြမွာ ရွိတဲ့ ျမန္မာသံ႐ုံး၊ စစ္သံ႐ုံးမ်ား နဲ႔ ဆက္သြယ္ အကူအညီေတာင္းခံႏိုင္တယ္လို႔ ေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။