မန္တလေးတွင် ဘုန်းကြီးအတု ၃ဝဝ ဦး ခန့်ကို အရေးယူနိုင်ခဲ့

3897

သက်ပိုင် (NP News) - ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မန္တလေးမြို့တွင် ဝိနည်းနှင့်မညီသော ဘုန်းကြီးနှင့် ကိုရင်များကို စိစစ် လျက်ရှိရာ လက်ရှိအချိန်အထိ ဘုန်းကြီးအတု ၃ဝဝ ခန့်ကို အရေးယူနိုင်ခဲ့ကြောင်း ချမ်းအေးသာဇံမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် အရှင်ကဝိန္ဒက မိန့်ကြားသည်။
မန္တလေးမြို့တွင် ၂ဝဝ၁ ခုနှစ်မှစတင်ကာ မြို့နယ်အလိုက် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းကာ ဝိနည်းနှင့်မညီညွတ်သော ဘုန်းကြီးအတုများကို စိစစ်ခြင်း၊ ကိုယ်တိုင် ကားမောင်းသော ဘုန်းကြီးများ ကို စိစစ်ခြင်းနှင့် စျေးဆိုင်များတွင် လိုက်လံ အလှူခံနေသော ကိုရင်များကို စိစစ်ခြင်းတို့ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
“စိစစ်ပြီးတော့ အရေးယူတဲ့အပိုင်းကတော့ အမျိုးမျိုးရှိတာပေါ့။ အဓိကကတော့ ဝိနည်းနဲ့မညီဘဲ အလှူခံတာတွေ၊ ကားမောင်းတာတွေကိုတော့ ဒဏ်ပေးပြီးနောင်မလုပ်ဖို့ သတိပေးတာရှိတယ်။ ဒီအတိုင်း လိုက်ပြီး အလှူခံနေတဲ့ ဘုန်းကြီးဆိုရင်တော့ နောက်နောင် ဒီလိုအလှူမခံဖို့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်။ ဘုန်းကြီးအတုတွေ၊ သောက်စားထားတဲ့ ဘုန်းကြီးတွေကိုတော့ လူဝတ်လဲပြီး သက်ဆိုင်ရာကို အပ်ပါတယ်။ ဦးဇင်းတို့အဖွဲ့ကတော့ ၂၀၂၁ ခုနှစ်က စဖွဲ့ခဲ့ပြီး အခုအချိန်အထိ အရေးယူခဲ့တဲ့ ဘုန်းကြီးအတု စုစုပေါင်း (၃ဝဝ) ဝန်းကျင်လောက် ရှိပါပြီ” ဟု အရှင်ကဝိန္ဒ က မိန့်သည်။
ထို့အပြင် နယ်ဝေးမှ လာရောက်ကာ ဝိနည်းနှင့်မညီဘဲ အလှူခံနေသော ဘုန်းကြီးများနှင့် ကိုရင်များကို နောက်နောင် ထိုသို့အလှူခံခြင်းမပြုလုပ်ရန် သတိပေးခြင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ဘုန္းႀကီးအတု ၃ဝဝ ဦး ခန႔္ကို အေရးယူႏိုင္ခဲ့
သက္ပိုင္ (NP News) - ဇူလိုင္ ၂၆
ျမန္မာႏိုင္ငံ၏ ဒုတိယၿမိဳ႕ေတာ္ျဖစ္ေသာ မႏၲေလးၿမိဳ႕တြင္ ဝိနည္းႏွင့္မညီေသာ ဘုန္းႀကီးႏွင့္ ကိုရင္မ်ားကို စိစစ္ လ်က္ရွိရာ လက္ရွိအခ်ိန္အထိ ဘုန္းႀကီးအတု ၃ဝဝ ခန႔္ကို အေရးယူႏိုင္ခဲ့ေၾကာင္း ခ်မ္းေအးသာဇံၿမိဳ႕နယ္ သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ဝင္ အရွင္ကဝိႏၵက မိန႔္ၾကားသည္။
မႏၲေလးၿမိဳ႕တြင္ ၂ဝဝ၁ ခုႏွစ္မွစတင္ကာ ၿမိဳ႕နယ္အလိုက္ သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕မ်ား ဖြဲ႕စည္းကာ ဝိနည္းႏွင့္မညီၫြတ္ေသာ ဘုန္းႀကီးအတုမ်ားကို စိစစ္ျခင္း၊ ကိုယ္တိုင္ ကားေမာင္းေသာ ဘုန္းႀကီးမ်ား ကို စိစစ္ျခင္းႏွင့္ ေစ်းဆိုင္မ်ားတြင္ လိုက္လံ အလႉခံေနေသာ ကိုရင္မ်ားကို စိစစ္ျခင္းတို႔ လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။
“စိစစ္ၿပီးေတာ့ အေရးယူတဲ့အပိုင္းကေတာ့ အမ်ိဳးမ်ိဳးရွိတာေပါ့။ အဓိကကေတာ့ ဝိနည္းနဲ႔မညီဘဲ အလႉခံတာေတြ၊ ကားေမာင္းတာေတြကိုေတာ့ ဒဏ္ေပးၿပီးေနာင္မလုပ္ဖို႔ သတိေပးတာရွိတယ္။ ဒီအတိုင္း လိုက္ၿပီး အလႉခံေနတဲ့ ဘုန္းႀကီးဆိုရင္ေတာ့ ေနာက္ေနာင္ ဒီလိုအလႉမခံဖို႔ သတိေပးၿပီး ျပန္လႊတ္လိုက္တယ္။ ဘုန္းႀကီးအတုေတြ၊ ေသာက္စားထားတဲ့ ဘုန္းႀကီးေတြကိုေတာ့ လူဝတ္လဲၿပီး သက္ဆိုင္ရာကို အပ္ပါတယ္။ ဦးဇင္းတို႔အဖြဲ႕ကေတာ့ ၂၀၂၁ ခုႏွစ္က စဖြဲ႕ခဲ့ၿပီး အခုအခ်ိန္အထိ အေရးယူခဲ့တဲ့ ဘုန္းႀကီးအတု စုစုေပါင္း (၃ဝဝ) ဝန္းက်င္ေလာက္ ရွိပါၿပီ” ဟု အရွင္ကဝိႏၵ က မိန႔္သည္။
ထို႔အျပင္ နယ္ေဝးမွ လာေရာက္ကာ ဝိနည္းႏွင့္မညီဘဲ အလႉခံေနေသာ ဘုန္းႀကီးမ်ားႏွင့္ ကိုရင္မ်ားကို ေနာက္ေနာင္ ထိုသို႔အလႉခံျခင္းမျပဳလုပ္ရန္ သတိေပးျခင္း လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။