မူဆယ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့် ၁၂ ချက် ခုတ်ကာ လုယက်ခံရ

922

သက်ပိုင် (NP News) - ဇူလိုင် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက အသက် (၄၀) အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ၁၂ ချက်တိတိခုတ်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက NP News သို့ပြောသည်။
မူဆယ်မြို့ မလွယ်တိန်ခမ်း တောင်ပေါ်ရှိ အလှူခံရာနေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်ခံခဲ့ရသူအမျိုးသမီးမှာ ဓားဖြင့် (၁၂) ချက်တိတိ ခုတ်ခံခဲ့ရသော ဒဏ်ရာဖြင့်သေဆုံးခဲ့ရပြီး ဆိုင်ကယ်နှင့် ဖုန်းမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။
"ရွှေသမင် ဘုန်းကြီးကျောင်း အလှူခံဌာနက သော့ကိုင်တဲ့ အစ်မပါ။အသက် (၄၀) ပါ။အလှူခံဌာန ငွေတွေ၊ သော့တွေ၊ တောင်းပါတယ်။ မပေးလို့ ဓားနဲ့ (၁၂) ချက်ခုတ်သွားပါတယ်။ဆိုင်ကယ်နဲ့ဖုန်း ပါသွားပါတယ်။ တရားခံ မမိသေးပါဘူး။ မူဆယ်မှာ နေ့စဥ်အသတ်ခံနေရပါတယ်။ ကြာရင်မလွယ်ပါဘူး" ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်ကလည်း မူဆယ်စျေးအတွင်းရှိ ဟိုတစ်တစ်ခု ရှေ့နားတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၂၄)ရက် ညနေပိုင်းကလည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူသေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မူဆယ်မြို့တွင် ထိုသို့ နေ့စဥ်ရက်ဆက် ဆိုသကဲ့သို့ ပစ်ခတ်မှု၊နှင့် လူသေမှုများဖြစ်ပွားနေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မူဆယ္တြင္ အမ်ိဳးသမီးတစ္ဦး ဓားျဖင့္ ၁၂ ခ်က္ ခုတ္ကာ လုယက္ခံရ
သက္ပိုင္ (NP News) - ဇူလိုင္ ၂၇
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕တြင္ ဇူလိုင္ ၂၆ ရက္ နံနက္ပိုင္းက အသက္ (၄၀) အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ ၁၂ ခ်က္တိတိခုတ္ကာ လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
မူဆယ္ၿမိဳ႕ မလြယ္တိန္ခမ္း ေတာင္ေပၚရွိ အလႉခံရာေနရာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လုယက္ခံခဲ့ရသူအမ်ိဳးသမီးမွာ ဓားျဖင့္ (၁၂) ခ်က္တိတိ ခုတ္ခံခဲ့ရေသာ ဒဏ္ရာျဖင့္ေသဆုံးခဲ့ရၿပီး ဆိုင္ကယ္ႏွင့္ ဖုန္းမွာ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။
"ေ႐ႊသမင္ ဘုန္းႀကီးေက်ာင္း အလႉခံဌာနက ေသာ့ကိုင္တဲ့ အစ္မပါ။အသက္ (၄၀) ပါ။အလႉခံဌာန ေငြေတြ၊ ေသာ့ေတြ၊ ေတာင္းပါတယ္။ မေပးလို႔ ဓားနဲ႔ (၁၂) ခ်က္ခုတ္သြားပါတယ္။ဆိုင္ကယ္နဲ႔ဖုန္း ပါသြားပါတယ္။ တရားခံ မမိေသးပါဘူး။ မူဆယ္မွာ ေန႔စဥ္အသတ္ခံေနရပါတယ္။ ၾကာရင္မလြယ္ပါဘူး" ဟု ၄င္းကဆိုသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂၅) ရက္ကလည္း မူဆယ္ေစ်းအတြင္းရွိ ဟိုတစ္တစ္ခု ေရွ႕နားတြင္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ဇူလိုင္လ (၂၄)ရက္ ညေနပိုင္းကလည္း အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ ဦးတို႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ကာ လူေသဆုံးမႈရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
မူဆယ္ၿမိဳ႕တြင္ ထိုသို႔ ေန႔စဥ္ရက္ဆက္ ဆိုသကဲ့သို႔ ပစ္ခတ္မႈ၊ႏွင့္ လူေသမႈမ်ားျဖစ္ပြားေနသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္မႈ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။