မော်လမြိုင်တွင် အမည်မသိအမျိုးသားတစ်ဦးဒဏ်ရာများဖြင့်သေဆုံး

582
သက်ပိုင်(NP News) - ဇူလိုင် ၃၁
မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ ရွေနတ်တောင် ဘုရားလမ်းဝတွင် ယနေ့နံနက်(ဇူလိုင်လ ၃၁ရက်) နံနက် (၅) နာရီခန့်က အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက NP News သို့ ပြောသည်။
အဆိုပါအမျိုးသားမှာ ဝဲရင်ဘက်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဝဲလက် ပြတ်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။
“သေဆုံးတဲ့ အမျိုးသားကတော့ အသက် သုံးလေးဆယ် ဝန်းကျင်လောက်တော့ရှိမယ်။ ဘယ်ဘက်လက်မောင်းကတော့ လုံးဝပြတ်ထွက်သွားပြီး ရင်ဘက်နဲ့ ခေါင်းမှာ ဒဏ်ရာတွေရှိတယ်။ ပတ်ဝန်းကျင်က လူတွေကတော့ ကားနဲတိုက်မိပြီးဖြစ်တာလို့တော့ ပြောကြတာရှိတယ်။ ဒါပေမဲ့ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လုပ်စရာရှိတာ လုပ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။
မိမိတို့ လူမှုကူညီရေးအသင်းအနေဖြင့် ပတ်ဝန်းကျင်မှ အကြောင်းကြားလာသည့်အတွက် အဆိုပါ အလောင်းကို ကားဖြင့်သယ်ယူကာ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက ဆိုသည်။
Zawgyi Version:
ေမာ္လၿမိဳင္တြင္ အမည္မသိအမ်ိဳးသားတစ္ဦးဒဏ္ရာမ်ားျဖင့္ေသဆုံး
သက္ပိုင္(NP News) - ဇူလိုင္ ၃၁
မြန္ျပည္နယ္ ၊ေမာ္လၿမိဳင္ၿမိဳ႕၊ ေ႐ြနတ္ေတာင္ ဘုရားလမ္းဝတြင္ ယေန႔နံနက္(ဇူလိုင္လ ၃၁ရက္) နံနက္ (၅) နာရီခန႔္က အမည္မသိအမ်ိဳးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊနတ္ေတာင္လူမႈကယ္ဆယ္ေရးအသင္းတာဝန္ရွိသူက NP News သို႔ ေျပာသည္။
အဆိုပါအမ်ိဳးသားမွာ ဝဲရင္ဘက္ျပတ္ရွဒဏ္ရာ၊ ဦးေခါင္းေပါက္ၿပဲဒဏ္ရာႏွင့္ ဝဲလက္ ျပတ္ထြက္ဒဏ္ရာျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း အဆိုပါတာဝန္ရွိသူက ဆိုသည္။
“ေသဆုံးတဲ့ အမ်ိဳးသားကေတာ့ အသက္ သုံးေလးဆယ္ ဝန္းက်င္ေလာက္ေတာ့ရွိမယ္။ ဘယ္ဘက္လက္ေမာင္းကေတာ့ လုံးဝျပတ္ထြက္သြားၿပီး ရင္ဘက္နဲ႔ ေခါင္းမွာ ဒဏ္ရာေတြရွိတယ္။ ပတ္ဝန္းက်င္က လူေတြကေတာ့ ကားနဲတိုက္မိၿပီးျဖစ္တာလို႔ေတာ့ ေျပာၾကတာရွိတယ္။ ဒါေပမဲ့ ဒါေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြက လုပ္စရာရွိတာ လုပ္ေနၾကပါတယ္” ဟု ၎က ေျပာသည္။
မိမိတို႔ လူမႈကူညီေရးအသင္းအေနျဖင့္ ပတ္ဝန္းက်င္မွ အေၾကာင္းၾကားလာသည့္အတြက္ အဆိုပါ အေလာင္းကို ကားျဖင့္သယ္ယူကာ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း အဖြဲ႕တာဝန္ရွိသူက ဆိုသည္။