မိတ္ထီလာမြို့တွင် ကျောင်းသူတစ်ဦး အဆောင်အိမ်သာအတွင်း မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ဟုဆို

1672

သန့်ဇင်(NP News)-ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ကျောင်းသူတစ်ဦး အဆောင်အိမ်သာအတွင်း မိမိကိုယ်ကို မီးရှို့အဆုံးစီရင်မှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၂ရက်)၊ နံနက်အစောပိုင်းအချိန်ခန့်က မိတ္ထီလာမြို့၊ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတစ်ခု၏ အဆောင်အိမ်သာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးတစ်ဦးပါ။ ဒီဇယ်လောင်းပြီး ကိုယ့်ကိုယ်ကို မီးရှို့တာလို့ပြောရမှာပေါ့။ ဘော်ဒါဆောင်ထဲမှာဖြစ် တာ။ အသက်မွေး ဝမ်းကျောင်းသင်တန်းကျောင်းသူတစ်ဦးပါ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီးတွင် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းက မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်၊ ညနေပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့၊ ရပ်ကွက် (၇) လားရှိုးတွင် ဖခင်ဖြစ်သူက သား(၃)ယောက်နှင့်အတူ အဆိပ်ဟု ယူဆရသောဆေးများသောက်၍ အဆုံးစီရင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
မိတၳီလာၿမိဳ႕တြင္ ေက်ာင္းသူတစ္ဦး အေဆာင္အိမ္သာအတြင္း မိမိကိုယ္ကို မီးရႈိ႕အဆုံးစီရင္ဟုဆို
သန႔္ဇင္(NP News)-ဩဂုတ္ ၁၂
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ ေက်ာင္းသူတစ္ဦး အေဆာင္အိမ္သာအတြင္း မိမိကိုယ္ကို မီးရႈိ႕အဆုံးစီရင္မႈျဖစ္ပြား ခဲ့ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၁၂ရက္)၊ နံနက္အေစာပိုင္းအခ်ိန္ခန႔္က မိတၳီလာၿမိဳ႕၊ သက္ေမြးဝမ္းေက်ာင္းသင္တန္းေက်ာင္းတစ္ခု၏ အေဆာင္အိမ္သာအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ိဳးသမီးတစ္ဦးပါ။ ဒီဇယ္ေလာင္းၿပီး ကိုယ့္ကိုယ္ကို မီးရႈိ႕တာလို႔ေျပာရမွာေပါ့။ ေဘာ္ဒါေဆာင္ထဲမွာျဖစ္ တာ။ အသက္ေမြး ဝမ္းေက်ာင္းသင္တန္းေက်ာင္းသူတစ္ဦးပါ”ဟု ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတြင္ မီးေလာင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ဝန္ဇင္းလူငယ္လူမႈကူညီေရးအသင္းက မိတၳီလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လွ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၀ရက္၊ ညေနပိုင္းကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၇) လားရႈိးတြင္ ဖခင္ျဖစ္သူက သား(၃)ေယာက္ႏွင့္အတူ အဆိပ္ဟု ယူဆရေသာေဆးမ်ားေသာက္၍ အဆုံးစီရင္သြားခဲ့သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။