ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော

419

NP News - အောက်တိုဘာ ၁၈
ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
ယင်းတွေ့ဆုံမှုကို အောက်တိုဘာလ ၁၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ရေးချုပ်စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
NCA နှစ်ပတ်လည်အခမ်းအနားတွင် မိမိအနေဖြင့် လိုအပ်သည်များကိုပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NCA သည် တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ်မူတည်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ NCA ကို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် ယခင်ကတည်းကဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းတွင် အကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးခဲ့ရကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ကြားကာလများတွင် မိမိနှင့်သော်လည်းကောင်း၊ မိမိ၏ ကိုယ်စားလှယ်အဖွဲ့များနှင့် သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ မိမိအနေဖြင့်လည်း သဘောတူညီပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခေတ်ကာလအရ ပြင်ဆင်ရန်လိုအပ်သည်များရှိသည်ကို မိမိအနေဖြင့် သဘောပေါက်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပြင်ဆင်နိုင်ရေးအတွက် ကြိုတင်ဆွေးနွေးသကဲ့သို့ လွှတ်တော်တွင် အတည်ပြုပြင်ဆင်နိုင်ရန်လိုကြောင်း၊ NCA ကိုအရှိန်ပြန်ရလာအောင် လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံကောင်းအောင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြောင်းသိရသည်။
ယင်းနောက်တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက NCA လက်မှတ်ရေးထိုးထားသည့်သူများဖြစ်သည်နှင့်အညီ NCA လမ်းကြောင်းအတိုင်း နိုင်ငံအတွင်းငြိမ်းချမ်းရေးရရှိရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ အပါအဝင် အခြား အချက်အလက်များကိုလည်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် NCA ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော်ရှိရန်လိုကြောင်း၊ မူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းက လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ NCA တွင် ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများအားလုံး ပါဝင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးသည်အရေးကြီးကြောင်း၊ ထို့ကြောင့် မဲစာရင်းများမှားယွင်းမှုမရှိစေရေး၊ ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မဲမသမာမှုများ ဆောင်ရွက်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) များဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကို ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အခိုင်မာဆုံးဖြစ်ကြောင်း၊ အခြေခံဥပဒေအား ပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ဖက်ဒရယ်စနစ်တွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်ကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရေး တောင်းဆိုခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တိုင်းရင်းသားများ၏ အခွင့်အရေးများမဆုံးရှုံးစေရေးအတွက် ဒီမိုကရေစီနှင့်ဖက်ရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိ၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည့်အတိုင်းအားလုံးက ဖြစ်ချင်တာထက်ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထားစောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း၊ လူအနည်းစု၏ သဘောထားကို အလေးထားရမည် ဖြစ်သော်လည်း လူအများစု၏ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကိုဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။ မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစတင်၍ ယနေ့အချိန်အထိလွတ်လပ်ရေး၏ အသီးအပွင့်ကိုမခံစားရသေးကြောင်း၊ မိမိတို့နိုင်ငံနှင့် အကျယ်အဝန်းအရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံအရ တူညီသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်နေကြောင်း၊ ထို့ကြောင့် အားလုံးကတိုင်းပြည်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

Zawgyi Version:
ကြဲျပားျခားနားမႈမ်ားရွိေသာ္လည္း မိမိတို႔အေနျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာ
NP News - ေအာက္တိုဘာ ၁၈
ကြဲျပားျခားနားမႈမ်ားရွိေသာ္လည္း မိမိတို႔အေနျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့သည့္ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖြဲ႕မ်ားက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လာေရာက္ဂါရဝျပဳေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။
ယင္းေတြ႕ဆုံမႈကို ေအာက္တိုဘာလ ၁၇ ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေတြ႕ဆုံပြဲသို႔ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာ္မရွင္အတြင္းေရးမႉး တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC) ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔တက္ေရာက္ခဲ့သည့္ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖြဲ႕မ်ားျဖစ္သည့္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)ဥကၠ႒ ေစာျမရာဇာလင္း၊ ဒီမိုကေရစီအက်ိဳးျပဳကရင့္တပ္မေတာ္ (DKBA) စစ္ေရးခ်ဳပ္ေစာစိန္ဝင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး-ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) ဒုတိယဥကၠ႒ ေဒါက္တာေနာ္ကေပၚထူး၊ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး (LDU) ဥကၠ႒ က်ာေဆာ္လမြန္၊ မြန္ျပည္သစ္ပါတီ (NMSP) ဗဟိုေကာ္မတီဝင္ ႏိုင္ဗညားမြန္၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS) အတြင္းေရးမႉး(၁) စဝ္စိုင္းငင္းႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ စဝ္ေဆာင္းဟန္၊ NCA တြင္ ပါဝင္လက္မွတ္ေရးထိုးသူ ဦးခြန္ဥကၠာႏွင့္ ဦးမ်ိဳးဝင္း၊ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖြဲ႕မ်ား တက္ေရာက္ၾကသည္။
NCA ႏွစ္ပတ္လည္အခမ္းအနားတြင္ မိမိအေနျဖင့္ လိုအပ္သည္မ်ားကိုေျပာၾကားခဲ့ၿပီးျဖစ္ေၾကာင္း၊ NCA သည္ တိုင္းရင္းသားမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး၍ တိုင္းရင္းသားမ်ား၏ ေတာင္းဆိုခ်က္မ်ားအေပၚမူတည္၍ ေရးဆြဲထားျခင္းျဖစ္ေၾကာင္း၊ NCA ကို အျပည့္အဝအေကာင္အထည္ေဖာ္ရန္အတြက္ ယခင္ကတည္းကေဆာင္႐ြက္ခဲ့ေသာ္လည္း ဒီမိုကေရစီ ဒုတိယအစိုးရသက္တမ္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေႏွာင့္ေႏွးခဲ့ရေၾကာင္း၊ မိမိတို႔တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ အခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ေနျခင္းျဖစ္သည့္အတြက္ ဆက္လက္ေဆြးေႏြးေဆာင္႐ြက္မႈမရွိ၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေႏွာင့္ေႏွးခဲ့ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို မိမိတို႔အေနျဖင့္ အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ေျပာၾကားသည္။
ၾကားကာလမ်ားတြင္ မိမိႏွင့္ေသာ္လည္းေကာင္း၊ မိမိ၏ ကိုယ္စားလွယ္အဖြဲ႕မ်ားႏွင့္ ေသာ္လည္းေကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္၍ မိမိအေနျဖင့္လည္း သေဘာတူညီၿပီးျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ေခတ္ကာလအရ ျပင္ဆင္ရန္လိုအပ္သည္မ်ားရွိသည္ကို မိမိအေနျဖင့္ သေဘာေပါက္ေၾကာင္း၊ ထို႔ေၾကာင့္ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံၿပီး အေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ ဥပေဒျပင္ဆင္ႏိုင္ေရးအတြက္ ႀကိဳတင္ေဆြးေႏြးသကဲ့သို႔ လႊတ္ေတာ္တြင္ အတည္ျပဳျပင္ဆင္ႏိုင္ရန္လိုေၾကာင္း၊ NCA ကိုအရွိန္ျပန္ရလာေအာင္ လာေရာက္ၿပီး ပူးေပါင္းေဆာင္႐ြက္ေပးသည့္အတြက္ အားလုံးကိုေက်းဇူးတင္ရွိပါေၾကာင္း၊ ႏိုင္ငံေကာင္းေအာင္ အားလုံးက ဝိုင္းဝန္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာေၾကာင္းသိရသည္။
ယင္းေနာက္ေတြ႕ဆုံပြဲသို႔တက္ေရာက္လာၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖြဲ႕မ်ားက NCA လက္မွတ္ေရးထိုးထားသည့္သူမ်ားျဖစ္သည္ႏွင့္အညီ NCA လမ္းေၾကာင္းအတိုင္း ႏိုင္ငံအတြင္းၿငိမ္းခ်မ္းေရးရရွိေရး ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ား အပါအဝင္ အျခား အခ်က္အလက္မ်ားကိုလည္း ေဆြးေႏြးတင္ျပၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ NCA ကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေ႐ြးခ်ယ္ခံအစိုးရ၊ လႊတ္ေတာ္ရွိရန္လိုေၾကာင္း၊ မူလစတင္လက္မွတ္ေရးထိုးစဥ္ကတည္းက လႊတ္ေတာ္၊ အစိုးရ၊ တပ္မေတာ္၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ NCA တြင္ ပါဝင္ခဲ့ၾကသည့္ အဖြဲ႕အစည္းမ်ားအားလုံး ပါဝင္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရး ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ရာတြင္လည္း လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရးႏွင့္ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရးသည္အေရးႀကီးေၾကာင္း၊ ထို႔ေၾကာင့္ မဲစာရင္းမ်ားမွားယြင္းမႈမရွိေစေရး၊ ဆႏၵမဲေပးခြင့္ရွိသူမ်ားအားလုံး ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ မဲမသမာမႈမ်ား ေဆာင္႐ြက္၍မရႏိုင္သည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစနစ္ (MEVM) မ်ားျဖင့္ ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားသည္။
၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုအေျခခံၿပီး NCA ကို ေဆာင္႐ြက္ထားျခင္းျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖစ္သည့္အတြက္ လက္ရွိအခ်ိန္တြင္ အခိုင္မာဆုံးျဖစ္ေၾကာင္း၊ အေျခခံဥပေဒအား ျပင္ဆင္၍ ရသည္မ်ားကိုျပင္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ကို က်င့္သုံးသည္ဆိုေသာ္လည္း မိမိတို႔ႏိုင္ငံႏွင့္ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကို က်င့္သုံးႏိုင္ရန္လိုေၾကာင္း၊ ဖက္ဒရယ္စနစ္တြင္လည္း အလားတူပင္ျဖစ္ေၾကာင္း၊ ကြဲျပားျခားနားမႈမ်ားရွိေသာ္လည္း မိမိတို႔အေနျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ၁၉၈၈ ခုႏွစ္ကာလတြင္ ျပည္သူမ်ားအေနျဖင့္ ႏိုင္ငံေတာ္အား ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းႏိုင္ေရး ေတာင္းဆိုခဲ့ျခင္းေၾကာင့္ တပ္မေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းႏိုင္ေရးေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း တိုင္းရင္းသားမ်ား၏ အခြင့္အေရးမ်ားမဆုံးရႈံးေစေရးအတြက္ ဒီမိုကေရစီႏွင့္ဖက္ရယ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိ၏ NCA ႏွစ္ပတ္လည္ေန႔မိန႔္ခြန္းတြင္ထည့္သြင္း ေျပာၾကားခဲ့သည့္အတိုင္းအားလုံးက ျဖစ္ခ်င္တာထက္ျဖစ္ႏိုင္တာ၊ ျဖစ္သင့္တာကို ပိုမိုဦးစားေပးၿပီး ေဆာင္႐ြက္သင့္ေၾကာင္း၊ အထူးသျဖင့္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အေရးႀကီးသျဖင့္ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ တိုင္းျပည္ခြဲထြက္ေရးကို တပ္မေတာ္အေနျဖင့္ လုံးဝလက္မခံေၾကာင္း၊ ဒို႔တာဝန္အေရးသုံးပါးကို တပ္မေတာ္အေနျဖင့္ အေလးထားေစာင့္ထိန္းလိုက္နာသြားမည္ျဖစ္ေၾကာင္း၊ လူအနည္းစု၏ သေဘာထားကို အေလးထားရမည္ ျဖစ္ေသာ္လည္း လူအမ်ားစု၏ဆႏၵကိုလည္း အားလုံးက ေလးစားလိုက္နာရမည္ျဖစ္ေၾကာင္း၊ ျဖစ္ခ်င္သည္ထက္ ျဖစ္သင့္သည္ ျဖစ္ႏိုင္သည္မ်ားကို ေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံေတာ္၏အက်ိဳးကိုေဆာင္႐ြက္ျခင္းပင္ျဖစ္ေၾကာင္း။ မိမိတို႔ ႏိုင္ငံအေနျဖင့္ လြတ္လပ္ေရးရၿပီးခ်ိန္မွစတင္၍ ယေန႔အခ်ိန္အထိလြတ္လပ္ေရး၏ အသီးအပြင့္ကိုမခံစားရေသးေၾကာင္း၊ မိမိတို႔ႏိုင္ငံႏွင့္ အက်ယ္အဝန္းအရ၊ လူဦးေရအရ၊ စီးပြားေရးအေျခခံအရ တူညီသည့္ႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက မ်ားစြာေနာက္က်က်န္ေနေၾကာင္း၊ ထို႔ေၾကာင့္ အားလုံးကတိုင္းျပည္ေကာင္းေအာင္ ဆက္လက္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ေျပာၾကားသည္။