ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စီးကို အမေရိကန်ထပ်မံတိုက်ခိုက်

192

Pika (NP News) - အောက်တိုဘာ ၁၈
ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတယ်လို့ ယူဆရတဲ့ နောက်ထပ်သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်အရာရှိနှစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခုတစ်ကြိမ်တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်း အမေရိကန်က မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာ (၆)ကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အမေရိကန်စစ်တပ်က နောက်ဆုံးအကြိမ်လုပ်ဆောင်ထားတဲ့တိုက်ခိုက်မှုအတွင်း ထိခိုက်/သေဆုံးတာမျိုးတွေ မရှိခဲ့ဘဲ အသက်ရှင်ကျန်ရစ်သူတွေရှိတဲ့ ပထမဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဗင်နီဇွဲလားမြေပေါ်မှာ စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ စီအိုင်အေအဖွဲ့ကို ခွင့်ပြုထားတယ်ဆိုတာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကိုရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာ ရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဗင်နီဇွဲလားကမ်းလွန်မှာ စစ်သင်္ဘောတွေကို အမေရိကန်က ဖြန့်ကျက် ချထားခဲ့ပြီးနောက် ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ စတင် မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတယ္လို႔ ယူဆရတဲ့ သေဘၤာတစ္စီးကို အေမရိကန္ထပ္မံတိုက္ခိုက္
Pika (NP News) - ေအာက္တိုဘာ ၁၈
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတယ္လို႔ ယူဆရတဲ့ ေနာက္ထပ္သေဘၤာတစ္စီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္အရာရွိႏွစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယခုတစ္ႀကိမ္တိုက္ခိုက္မႈဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလေနာက္ပိုင္း အေမရိကန္က မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာ (၆)ႀကိမ္ေျမာက္ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေမရိကန္စစ္တပ္က ေနာက္ဆုံးအႀကိမ္လုပ္ေဆာင္ထားတဲ့တိုက္ခိုက္မႈအတြင္း ထိခိုက္/ေသဆုံးတာမ်ိဳးေတြ မရွိခဲ့ဘဲ အသက္ရွင္က်န္ရစ္သူေတြရွိတဲ့ ပထမဆုံးတိုက္ခိုက္မႈတစ္ခုျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ဗင္နီဇြဲလားေျမေပၚမွာ စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔ စီအိုင္ေအအဖြဲ႕ကို ခြင့္ျပဳထားတယ္ဆိုတာကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကိုရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာ ရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ဗင္နီဇြဲလားကမ္းလြန္မွာ စစ္သေဘၤာေတြကို အေမရိကန္က ျဖန႔္က်က္ ခ်ထားခဲ့ၿပီးေနာက္ ဗင္နီဇြဲလားနဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ စတင္ ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။