ရန်ကုန်တွင် အိမ်ငှားခများ ဆက်တိုက်မြင့်တက်နေ၍ အခြေခံမိသားစုများ အခက်ကြုံနေ
2110
ပြည့်ဖြိုး (NP News) - ဇန်နဝါရိ ၁ဝ
စစ်ဘေးရှောင်များဖြင့် လူဦးရေပိုများလာသည့် ရန်ကုန်မြို့တွင် အချိန်တိုအတွင်း အိမ်ငှားစျေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် လက်လုပ်လက်စား အခြေခံမိသားစုများ နေထိုင်ရေးအခက်အခဲများစွာဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။
အခြေခံမိသားစုများမှာ လုံးခြင်းအိမ်ငှားရမ်းနိုင်ခြင်းမရှိသောကြောင့် အခန်းတွဲအဆောင်များကိုသာ အဓိက ရှာဖွေ ငှားရမ်းနေရကြောင်း သိရသည်။
အိမ်ငှားစျေးများမှာလည်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် မြို့စွန်များတွင်ပင် ကျပ်တစ်သိန်းခွဲတန်အခန်းများမှာ ရှာဖွေငှားရမ်းရန်ရှားပါးလာပြီး ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းခွဲဝန်းကျင် အခန်း များသာရှိကြောင်း သိရသည်။
“တစ်သိန်းခွဲအခန်းဆိုရင် ပျဉ်းဆွေးဆွေး၊ သွပ်ကာနဲ့ ဆယ်ပေ၊ ခြောက်ဆယ်ကို ပေးရတာ။ ဒါတောင် လိုချင်တိုင်း မရဘူး။ တော်တော်ရှာငှားရတယ်။ နှစ်သိန်းကျော်ဆိုမှ နည်းနည်းသန့်တာ။ ဒါလည်း ဆယ်ပေ၊ ခြောက်ဆယ် ပဲ။ ဒါတောင် ရွှေပြည်သာမှာမို့လို့။ မြို့နဲ့နီးတဲ့ သာကေတ၊ တာမွေဆို အနားတောင်မကပ်နိုင်ဘူး။ နောက်ပြီး ကုန်စျေးနှုန်းတက်လို့ဆိုပြီး နေတာ သုံးလကျော်ပဲ ရှိတာကို သုံးသောင်းထပ်တင်သေးတယ်။ မပေးရင် ဖယ်ခိုင်း တယ်” ဟု ရွှေပြည်သာမြို့နယ်ရှိ ပြည်သူတစ်ဦးက ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်တွင်လည်း အိမ်ငှားများကို ရေရှည်စာချုပ်မချုပ်ဘဲ အများဆုံး ခြောက်လ၊ တစ်နှစ်ဖြင့် ပြောင်းရွေ့မှုများလုပ်ခိုင်းပြီး အိမ်လခစျေးတင် တိုးတောင်းခြင်းများရှိနေခြင်းကြောင့် အခက်အခဲများစွာ ရှိနေ ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ အပိုင်း ၂ တွင်နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။
“ဒီအခန်းနေတာ ခြောက်လပဲ ရှိသေးတယ်။ နှစ်သိန်းခွဲကနေ သုံးသိန်းတိုးတောင်းတယ်။ မပေးနိုင်ရင်ပြောင်းပေါ့ လေ။ နေတာနှစ်နှစ်၊ အိမ်ပြောင်းတာ ငါးကြိမ်လောက်ရှိနေပြီ။ အဓိက ပွဲစားတွေလုပ်စားနေတာ။ သူတို့ ပွဲခ ရအောင်လေ၊ အိမ်ရှင်ကလည်း အိမ်လခ ပိုရတယ်ဆိုပြီး စာနာမှုမရှိ ပြောင်းခိုင်းတာပဲ။ အိမ်ပြောင်းရင်လည်း မလွယ်ဘူး။ ပြောင်းခ၊ ရွှေ့ခ၊ ဧည့်စာရင်းချိန်း၊ အကုန်အစက ပြန်လုပ်ရတာ။ နေရာပြောင်းရင် ကလေးတွေ ကျောင်းထားရတာကအစ ဒုက္ခရောက်တယ်။ ရွေးချယ်စရာလည်း မရှိဘူးလေ” ဟု ဆိုသည်။
၂၀၂၄ ခုနှစ်မတိုင်ခင်က အိမ်လခစျေးနှုန်းများမှာ ကြွေပြားခင်း တိုက်ခန်းများကို တစ်လလျှင် ကျပ်တစ်သိန်း၊ တစ်သိန်းနှစ်သောင်း၊ အများဆုံး တစ်သိန်းခွဲကျော်သာရှိခဲ့ရာမှ ယခုနှစ်နှစ်အတွင်း စျေးနှုန်းများနှစ်ဆကျော် ပိုတိုးမြင့်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများ ပြောပြချက်အရ သိရသည်။
Zawgyi Version:
စစ်ဘေးရှောင်များဖြင့် လူဦးရေပိုများလာသည့် ရန်ကုန်မြို့တွင် အချိန်တိုအတွင်း အိမ်ငှားဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် လက်လုပ်လက်စား အခြေခံမိသားစုများ နေထိုင်ရေးအခက်အခဲများစွာဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။
အိမ်ငှားဈေးများမှာလည်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် မြို့စွန်များတွင်ပင် ကျပ်တစ်သိန်းခွဲတန်အခန်းများမှာ ရှာဖွေငှားရမ်းရန်ရှားပါးလာပြီး ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းခွဲဝန်းကျင် အခန်း များသာရှိကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်တွင်လည်း အိမ်ငှားများကို ရေရှည်စာချုပ်မချုပ်ဘဲ အများဆုံး ခြောက်လ၊ တစ်နှစ်ဖြင့် ပြောင်းရွေ့မှုများလုပ်ခိုင်းပြီး အိမ်လခဈေးတင် တိုးတောင်းခြင်းများရှိနေခြင်းကြောင့် အခက်အခဲများစွာ ရှိနေ ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ အပိုင်း ၂ တွင်နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်မတိုင်ခင်က အိမ်လခဈေးနှုန်းများမှာ ကြွေပြားခင်း တိုက်ခန်းများကို တစ်လလျှင် ကျပ်တစ်သိန်း၊ တစ်သိန်းနှစ်သောင်း၊ အများဆုံး တစ်သိန်းခွဲကျော်သာရှိခဲ့ရာမှ ယခုနှစ်နှစ်အတွင်း ဈေးနှုန်းများနှစ်ဆကျော် ပိုတိုးမြင့်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများ ပြောပြချက်အရ သိရသည်။