ဆန္ဒပြမှုများဖြစ်ပွားနေသည့် အီရန်နိုင်ငံတွင်းက ချက်ချင်းထွက်ခွါရန် ၎င်း၏နိုင်ငံသားများကို ဩစတြေးလျအစိုးရ တိုက်တွန်း

 301

Pika (NP News) - ဇန်နဝါရီ ၁ဝ

အီရန်နိုင်ငံအတွင်းတွင် အကြမ်းဖက်ဆန္ဒပြမှုများနှင့် မတည်ငြိမ်သော လုံခြုံရေးအခြေအနေများဖြစ်ပွားနေခြင်းကြောင့် ၎င်း၏နိုင်ငံသားများအားလုံးကို အီရန်နိုင်ငံအတွင်းမှ အမြန်ဆုံးထွက်ခွာရန် ဩစတြေးလျအစိုးက တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဩစတြေးလျအစိုးရက”အီရန်နိုင်ငံအတွင်းမှာရှိနေတဲ့ဩစတြေးလျနိုင်ငံသားအားလုံးကို နိုင်ငံတွင်းကနေ ချက်ချင်းထွက်ခွာကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အီရန်မှာ ကြိုတင်အသိပေးတာမျိုးမရှိဘဲ ပိုမိုဆိုးရွား လာနိုင်တဲ့နိုင်ငံတစ်ဝှမ်း အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေတွေက မတည်မငြိမ်ဖြစ်နေ ပါတယ်” ဟု ပြောခဲ့သည်။ အီရန်ငွေကြေးက သမိုင်းဝင်စံချိန်တင်ကျဆင်းခဲ့မှုနှင့်အတူ တီဟီရန်မြို့တွင် ကုန်သည် များက သပိတ်မှောက်ဆန္ဒပြမှုများစတင်လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံအတွင်းတွင် ကြီးမားသည့်ဆန္ဒပြပွဲများ စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆန္ဒပြပွဲများသည် အခြားမြို့များကို လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး နိုင်ငံရေးနှင့် အကြမ်းဖက်မှုများ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆန္ဒပြပွဲများအတွင်း အီရန်လုံခြုံရေးတပ်ဖွဲ့များသည် အသက်(၁၈)နှစ်အောက် လူငယ်(၅)ဦး အပါအဝင် ဆန္ဒပြသူ အနည်းဆုံး (၂၇)ဦးကို သတ်ဖြတ်ပစ်ခဲ့ကြောင်း နော်ဝေးအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့သည်။
သို့သော်လည်း အကြမ်းဖက်ဆန္ဒပြမှုများကြောင့် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား လည်းရှိခဲ့ကြောင်း အီရန်အာဏာပိုင်များက ထုတ်ပြန်ပြောခဲ့သည်။

Zawgyi Version:
ဆႏၵျပမႈမ်ားျဖစ္ပြားေနသည့္ အီရန္ႏိုင္ငံတြင္းက ခ်က္ခ်င္းထြက္ခြါရန္ ၎၏ႏိုင္ငံသားမ်ားကို ဩစေၾတးလ်အစိုးရ တိုက္တြန္း
Pika (NP News) - ဇန္နဝါရီ ၁ဝ
အီရန္ႏိုင္ငံအတြင္းတြင္ အၾကမ္းဖက္ဆႏၵျပမႈမ်ားႏွင့္ မတည္ၿငိမ္ေသာ လုံၿခဳံေရးအေျခအေနမ်ားျဖစ္ပြားေနျခင္းေၾကာင့္ ၎၏ႏိုင္ငံသားမ်ားအားလုံးကို အီရန္ႏိုင္ငံအတြင္းမွ အျမန္ဆုံးထြက္ခြာရန္ ဩစေၾတးလ်အစိုးက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ဩစေၾတးလ်အစိုးရက”အီရန္ႏိုင္ငံအတြင္းမွာရွိေနတဲ့ဩစေၾတးလ်ႏိုင္ငံသားအားလုံးကို ႏိုင္ငံတြင္းကေန ခ်က္ခ်င္းထြက္ခြာၾကဖို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းပါတယ္။ အီရန္မွာ ႀကိဳတင္အသိေပးတာမ်ိဳးမရွိဘဲ ပိုမိုဆိုး႐ြား လာႏိုင္တဲ့ႏိုင္ငံတစ္ဝွမ္း အၾကမ္းဖက္ဆႏၵျပမႈေတြျဖစ္ပြားေနၿပီး လုံၿခဳံေရးအေျခအေနေတြက မတည္မၿငိမ္ျဖစ္ေန ပါတယ္” ဟု ေျပာခဲ့သည္။ အီရန္ေငြေၾကးက သမိုင္းဝင္စံခ်ိန္တင္က်ဆင္းခဲ့မႈႏွင့္အတူ တီဟီရန္ၿမိဳ႕တြင္ ကုန္သည္ မ်ားက သပိတ္ေမွာက္ဆႏၵျပမႈမ်ားစတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္းတြင္ ႀကီးမားသည့္ဆႏၵျပပြဲမ်ား စတင္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ဆႏၵျပပြဲမ်ားသည္ အျခားၿမိဳ႕မ်ားကို လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ၿပီး ႏိုင္ငံေရးႏွင့္ အၾကမ္းဖက္မႈမ်ား ေပၚေပါက္ လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါဆႏၵျပပြဲမ်ားအတြင္း အီရန္လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ အသက္(၁၈)ႏွစ္ေအာက္ လူငယ္(၅)ဦး အပါအဝင္ ဆႏၵျပသူ အနည္းဆုံး (၂၇)ဦးကို သတ္ျဖတ္ပစ္ခဲ့ေၾကာင္း ေနာ္ေဝးအေျခစိုက္ အီရန္လူ႔အခြင့္အေရးအဖြဲ႕က ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အၾကမ္းဖက္ဆႏၵျပမႈမ်ားေၾကာင့္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ အမ်ားအျပား လည္းရွိခဲ့ေၾကာင္း အီရန္အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.