အမရပူရနှင့် ချမ်းမြသာစည်တွင် ငွေကျပ် သန်းလေးထောင့်ငါးရာ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း ကျော် ဖမ်းဆီးရမိ

 961

စိမ့် (NP News) - ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နှင့် ချမ်းမြသာစည်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ (၁၄) ရက်က ငွေကျပ် (၄ ဒသမ ၅) ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC) က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် ရဲရင့်အောင်(ခ) အားချစ် မောင်းနှင်လာသော MITSUBISHI CANTER ကားကို ရပ်တန့်စစ်ဆေးရာ အဆိုပါ ကားပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၆ ဒသမ ၆ သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ပြည့်ဖြိုးကျော် နှင့် သက်ထွန်းဇော်(ခ)စော်ကဲ တို့(၂) ဦးကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်၊ ၆၂ လမ်းနှင့် ၁၄၁ လမ်းထောင့်တွင် TOYOTA CROWN ကားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အလားတူ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ ပြည့်ဖြိုးကျော်၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၈ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများမှာ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ရမည်းသင်းမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး သယ်ဆောင်ခိုင်းသူများမှာ တောင်ကြီးမြို့နယ်နေ စိုင်းဇော်လတ်(ဖမ်းဆီးရန်ကျန်)နှင့် မိတ္ထီလာမြို့နယ်နေ ဝေယံစိုး(ခ)မောင်ရှမ်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အမရပူရႏွင့္ ခ်မ္းျမသာစည္တြင္ ေငြက်ပ္ သန္းေလးေထာင့္ငါးရာ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ သန္း ေက်ာ္ ဖမ္းဆီးရမိ
စိမ့္ (NP News) - ဇန္နဝါရီ ၂၄
မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ဇန္နဝါရီ (၁၄) ရက္က ေငြက်ပ္ (၄ ဒသမ ၅) ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ သန္းေက်ာ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ (CCDAC) က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္ၿမိဳ႕အနီးတြင္ ရဲရင့္ေအာင္(ခ) အားခ်စ္ ေမာင္းႏွင္လာေသာ MITSUBISHI CANTER ကားကို ရပ္တန႔္စစ္ေဆးရာ အဆိုပါ ကားေပၚမွ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၂၆ ဒသမ ၆ သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေဖာ္ထုတ္ခ်က္အရ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ ျပည့္ၿဖိဳးေက်ာ္ ႏွင့္ သက္ထြန္းေဇာ္(ခ)ေစာ္ကဲ တို႔(၂) ဦးကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈရပ္၊ ၆၂ လမ္းႏွင့္ ၁၄၁ လမ္းေထာင့္တြင္ TOYOTA CROWN ကားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
အလားတူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္ရွိ ျပည့္ၿဖိဳးေက်ာ္၏ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ ဒသမ ၈ သိန္းကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားမွာ ကြင္းဆက္စစ္ေဆးေပၚေပါက္ခ်က္အရ ရမည္းသင္းၿမိဳ႕နယ္မွ မႏၲေလးသို႔ သယ္ေဆာင္ျခင္းျဖစ္ၿပီး သယ္ေဆာင္ခိုင္းသူမ်ားမွာ ေတာင္ႀကီးၿမိဳ႕နယ္ေန စိုင္းေဇာ္လတ္(ဖမ္းဆီးရန္က်န္)ႏွင့္ မိတၳီလာၿမိဳ႕နယ္ေန ေဝယံစိုး(ခ)ေမာင္ရွမ္း (ဖမ္းဆီးရန္က်န္)တို႔ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.