တည်ငြိမ်ပြီး စနစ်တကျဖြစ်ခဲ့သည့် မြန်မာရွေးကောက်ပွဲကို တရုတ်နိုင်ငံက ဂုဏ်ပြုပြီး ရွေးကောက်ပွဲအပြီးတွင်လည်း နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

 866

သုတကျော် (NP News) - ဇန်နဝါရီ ၂၇

တည်ငြိမ်ပြီး စနစ်တကျဖြစ်ခဲ့သည့် မြန်မာရွေးကောက်ပွဲကို တရုတ်နိုင်ငံက ဂုဏ်ပြုပြီး ရွေးကောက်ပွဲအပြီးတွင် လည်း နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း The Chinese Global Program Center of China Media Group ၏ သတင်းထောက်မှ မေးမြန်းသည့်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြန်လည်ဖြေကြားသည်။
“မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအပိုင်းသစ် မဲပေးခြင်းသည် ဇန်နဝါရီလ ၂၅ ရက်တွင် အပြီးသတ်ပြီး မြောက်ခဲ့ပါသည်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံဆိုင်ရာနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရွေးကောက်ပွဲအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် တည်ငြိမ်၊ စနစ်တကျဖြစ်ခဲ့ပြီး မဲဆန္ဒရှင်များက တက်ကြွစွာပါဝင်မဲပေးခဲ့ကြပါသည်။ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ဂုဏ်ပြုအပ်ပါသည်” ဟု ဖြေကြားထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်အား အစဉ်အမြဲ ခိုင်မာစွာလိုက်နာကျင့်သုံးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုကြောင်း၊ မိမိတို့သည် အိမ်နီးချင်း ကောင်းအနေဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုကျယ်ပြန့်ခိုင်မာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအား အကောင်အထည်ဖော်၍ အခြေအနေအမြန်ဆုံးပြန်လည်ကောင်းမွန် လာပြီး နိုင်ငံရေးအခြေအနေတည်ငြိမ်မှုအား အတူတကွထိန်းသိမ်းနိုင်ကြရန် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အကူအညီများ အား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
Bloomberg News ၏ သတင်းထောက်က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပို၍နက်ရှိုင်းအောင်လုပ်ဆောင်မှာလား။ အကယ်၍ လုပ်ဆောင်ပါက နောက်အဆင့် တရုတ်-မြန်မာ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဦးတည်ချက်များအား မိတ်ဆက်ပေးနိုင်ပါသလား ဟု မေးမြန်းရာ “တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ရည်ရွယ်ပါ ကြောင်း၊ မကြာသေးမီနှစ်များအတွင်းက တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုများ သည် အပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်သူ့လူနေမှုဘဝတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား အစဉ်အမြဲ နက်ရှိုင်းစွာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း” ပြောကြားသည်။

Zawgyi Version;
တည္ၿငိမ္ၿပီး စနစ္တက်ျဖစ္ခဲ့သည့္ ျမန္မာေ႐ြးေကာက္ပြဲကို တ႐ုတ္ႏိုင္ငံက ဂုဏ္ျပဳၿပီး ေ႐ြးေကာက္ပြဲအၿပီးတြင္ လည္း နက္ရႈိင္းစြာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၇
တည္ၿငိမ္ၿပီး စနစ္တက်ျဖစ္ခဲ့သည့္ ျမန္မာေ႐ြးေကာက္ပြဲကို တ႐ုတ္ႏိုင္ငံက ဂုဏ္ျပဳၿပီး ေ႐ြးေကာက္ပြဲအၿပီးတြင္ လည္း နက္ရႈိင္းစြာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း The Chinese Global Program Center of China Media Group ၏ သတင္းေထာက္မွ ေမးျမန္းသည့္အေပၚ တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူ Mr. Guo Jiakun က ျပန္လည္ေျဖၾကားသည္။
“ျမန္မာႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲအပိုင္းသစ္ မဲေပးျခင္းသည္ ဇန္နဝါရီလ ၂၅ ရက္တြင္ အၿပီးသတ္ၿပီး ေျမာက္ခဲ့ပါသည္။ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ အာဆီယံဆိုင္ရာႏိုင္ငံမ်ား ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားက ေ႐ြးေကာက္ပြဲအား ၾကည့္ရႈစစ္ေဆးခဲ့ၾကပါသည္။ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္သည္ တည္ၿငိမ္၊ စနစ္တက်ျဖစ္ခဲ့ၿပီး မဲဆႏၵရွင္မ်ားက တက္ႂကြစြာပါဝင္မဲေပးခဲ့ၾကပါသည္။ ၎ကိစၥႏွင့္စပ္လ်ဥ္း၍ တ႐ုတ္ႏိုင္ငံမွ ဂုဏ္ျပဳအပ္ပါသည္” ဟု ေျဖၾကားထားျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံမွ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅) ရပ္အား အစဥ္အၿမဲ ခိုင္မာစြာလိုက္နာက်င့္သုံးလ်က္ ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးရာမ်ားတြင္ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳေၾကာင္း၊ မိမိတို႔သည္ အိမ္နီးခ်င္း ေကာင္းအေနျဖင့္ ျမန္မာႏိုင္ငံဘက္အသီးသီးက ေ႐ြးေကာက္ပြဲမွတစ္ဆင့္ ပိုမိုက်ယ္ျပန႔္ခိုင္မာ တည္တံ့ေသာ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးအား အေကာင္အထည္ေဖာ္၍ အေျခအေနအျမန္ဆုံးျပန္လည္ေကာင္းမြန္ လာၿပီး ႏိုင္ငံေရးအေျခအေနတည္ၿငိမ္မႈအား အတူတကြထိန္းသိမ္းႏိုင္ၾကရန္ ေထာက္ခံေၾကာင္း၊ တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာအသိုင္းအဝိုင္းမ်ားႏွင့္အတူ ျမန္မာျပည္သူမ်ား၏ ေ႐ြးခ်ယ္မႈကို ေလးစားလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ ၏ ၿငိမ္းခ်မ္းမႈ၊ တည္ၿငိမ္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ ျပန္လည္ရရွိေရးအတြက္ အျပဳသေဘာေဆာင္ေသာ အကူအညီမ်ား အား ဆက္လက္ေပးအပ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
Bloomberg News ၏ သတင္းေထာက္က ျမန္မာႏိုင္ငံ ေ႐ြးေကာက္ပြဲအၿပီးတြင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ ဆက္ဆံေရးကို ပို၍နက္ရႈိင္းေအာင္လုပ္ေဆာင္မွာလား။ အကယ္၍ လုပ္ေဆာင္ပါက ေနာက္အဆင့္ တ႐ုတ္-ျမန္မာ ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္မႈ၏ အဓိကဦးတည္ခ်က္မ်ားအား မိတ္ဆက္ေပးႏိုင္ပါသလား ဟု ေမးျမန္းရာ “တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံသည္ အစဥ္အလာခ်စ္ၾကည္ရင္းႏွီးေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေၾကာင္း ၊ တ႐ုတ္ႏိုင္ငံ၏ ျမန္မာႏိုင္ငံ အေပၚထားရွိသည့္ ခ်စ္ၾကည္ေရးမူဝါဒသည္ ျမန္မာျပည္သူလူထု တစ္ရပ္လုံးအေပၚ ရည္႐ြယ္ပါ ေၾကာင္း၊ မၾကာေသးမီႏွစ္မ်ားအတြင္းက တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ၏ နယ္ပယ္အသီးသီး ပူးေပါင္းေဆာင္႐ြက္မႈမ်ား သည္ အျပဳသေဘာေဆာင္ေသာ ေအာင္ျမင္မႈမ်ား ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံ၏ ျပည္သူ႔လူေနမႈဘဝတိုးတက္ေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ပံ့ပိုးကူညီေပးခဲ့ပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ ႏွစ္ႏိုင္ငံ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈအား အစဥ္အၿမဲ နက္ရႈိင္းစြာ အေကာင္အထည္ေဖာ္သြားမည္ ျဖစ္ေၾကာင္း” ေျပာၾကားသည္။

Related news

© 2021. All rights reserved.