ကျူးဘားက မကြာမီအချိန်အတွင်း ပြိုလဲသွားလိမ့်မည်ဟု ဒေါ်နယ်ထရမ့်သတိပေး

 1754

Pika(NP News)-ဇန်နဝါရီ ၃၀
ကျူးဘားနိုင်ငံက မကြာမီအချိန်အတွင်း ပြိုလဲသွားလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့သည်။အမေရိကန်က ကျူးဘားနိုင်ငံကို ရေနံပိတ်ဆို့မှုများလုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများထွက်ပေါ်လာသည့်အချိန်တွင် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ယခုလအစောပိုင်းတွင် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ပြန်ပေးဆွဲခဲ့ပြီးနောက် အမေရိကန်သည် ကျူးဘားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် ကျူးဘားနိုင်ငံက ပြိုလဲရန်နီးကပ်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဗင်နီဇွဲလားထံမှ နောက်ထပ်ရေနံနှင့်ငွေကြေးများကို ကျူးဘားက ထပ်မံရရှိတော့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ကျူးဘားအစိုးရကို အဆုံးသတ်ပစ်ရန်အတွက် ရေနံပိတ်ဆို့မှုများလုပ်ဆောင်ရန် အမေရိကန်က စီစဉ်နေကြောင်း Politicoသတင်းစာက ပြီးခဲ့သည့်သီတင်းပတ်တွင်ရေးသားဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ထို့ပြင် ယခုနှစ်ကုန်တွင် အစိုးရပြောင်းလဲရေးလုပ်ငန်းစဉ်များကို ကူညီရန် ကျူးဘားအစိုးရအတွင်းလူများကို အမေရိကန်ကရှာဖွေနေကြောင်း Wall Street Journalသတင်းစာက ရေးသားဖော်ပြခဲ့သည်။ကျူးဘားနိုင်ငံက ဗင်နီဇွဲလားထံမှ ရေနံနှင့်ငွေကြေးများကို နောက်ထပ်လက်ခံရရှိတော့မှာမဟုတ်ကြောင်းနှင့် အချိန်မလွန်မီ သဘောတူညီချက်တစ်ခုပြုလုပ်ရန် ကျူးဘားကို ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်သီတင်းပတ်များအတွင်း သတိပေးပြောဆိုခဲ့ဖူးကြောင်းလည်းသိရသည်။

Zawgyi Version:
က်ဴးဘားက မၾကာမီအခ်ိန္အတြင္း ၿပိဳလဲသြားလိမ့္မည္ဟု ေဒၚနယ္ထရမ့္သတိေပး
Pika(NP News)-ဇန္နဝါရီ ၃၀
က်ဴးဘားႏိုင္ငံက မၾကာမီအခ်ိန္အတြင္း ၿပိဳလဲသြားလိမ့္မည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့သည္။အေမရိကန္က က်ဴးဘားႏိုင္ငံကို ေရနံပိတ္ဆို႔မႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ေနသည္ဆိုသည့္ သတင္းမ်ားထြက္ေပၚလာသည့္အခ်ိန္တြင္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ယခုလအေစာပိုင္းတြင္ အေမရိကန္တပ္ဖြဲ႕မ်ားက ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ျပန္ေပးဆြဲခဲ့ၿပီးေနာက္ အေမရိကန္သည္ က်ဴးဘားကို ပစ္မွတ္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ က်ဴးဘားႏိုင္ငံက ၿပိဳလဲရန္နီးကပ္ေနသည့္ ႏိုင္ငံတစ္ခုျဖစ္ေၾကာင္းႏွင့္ ဗင္နီဇြဲလားထံမွ ေနာက္ထပ္ေရနံႏွင့္ေငြေၾကးမ်ားကို က်ဴးဘားက ထပ္မံရရွိေတာ့မည္မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။က်ဴးဘားအစိုးရကို အဆုံးသတ္ပစ္ရန္အတြက္ ေရနံပိတ္ဆို႔မႈမ်ားလုပ္ေဆာင္ရန္ အေမရိကန္က စီစဥ္ေနေၾကာင္း Politicoသတင္းစာက ၿပီးခဲ့သည့္သီတင္းပတ္တြင္ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ျဖစ္ရပ္မ်ားျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ ယခုႏွစ္ကုန္တြင္ အစိုးရေျပာင္းလဲေရးလုပ္ငန္းစဥ္မ်ားကို ကူညီရန္ က်ဴးဘားအစိုးရအတြင္းလူမ်ားကို အေမရိကန္ကရွာေဖြေနေၾကာင္း Wall Street Journalသတင္းစာက ေရးသားေဖာ္ျပခဲ့သည္။က်ဴးဘားႏိုင္ငံက ဗင္နီဇြဲလားထံမွ ေရနံႏွင့္ေငြေၾကးမ်ားကို ေနာက္ထပ္လက္ခံရရွိေတာ့မွာမဟုတ္ေၾကာင္းႏွင့္ အခ်ိန္မလြန္မီ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ရန္ က်ဴးဘားကို ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း သတိေပးေျပာဆိုခဲ့ဖူးေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.