မွန်ပြည်နယ်အတွင်း ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးမည်

239

ကိုဖြိုး (NP News) - ဖေဖော်ဝါရီ ၁
မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မွန်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကော်ဖီ ၁၀၆ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် ယခုအခါ ကော်ဖီပျိုးပင်များကို ကြိုတင်ပျိုးထောင်ထားရှိပြီး အဆိုပါပျိုးပင်များကို တောင်သူများအား အခမဲ့ဖြန့်ဝေပေးကာ တိုးချဲ့စိုက်ပျိုးမည်ဖြစ်သည်။
ထို့ပြင် တောင်သူများအား ကော်ဖီပင်များအတွက် လိုအပ်သောဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီကာ ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းနိုင်စေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
“လက်ရှိ မွန်ပြည်နယ်မှာ ကော်ဖီစိုက်ဧကပေါင်း ၁၁၆ ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ကော်ဖီ စိုက်ဧကပေါင်း ၁၀၆ ဧကလောက် တိုးချဲ့စိုက်ပျိုးဖို့ လျာထားဆောင်ရွက်နေပါတယ်။ လက်ရှိ ရော်ဘာပင်တွေ ကြားမှာ စိုက်ပျိုးထားတဲ့ကော်ဖီစိုက်ခင်းတွေရှိပါတယ်။ အဲဒီကော်ဖီစိုက်ခင်းတွေမှာ တောင်သူတွေကို ကော်ဖီစိုက် နည်းစနစ် အသိပညာပေးဖြန့်ဝေတာတွေ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေ ကွင်းဆင်းဆောင်ရွက်ပေးနေပါ တယ်” ဟု မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၌ ရိုဘတ်စတာမြေနိမ့်ကော်ဖီပင်များကို နှစ်ရှည်သီးနှံပင်ဖြစ်သော ရော်ဘာပင်များကြား စိုက်ပျိုးထားပြီး ထိုသို့စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေရန် နှင့် လူနေမှုဘဝများတိုးတက်မြင့်မားလာစေရန် ရည်မှန်းထားကြောင်း သိရသည်။
မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်နည်းစနစ်မှန်ကန်စေရန်၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရန် နှင့် ကော်ဖီပင်များကို လျာထားဧကပြည့်မီစေရန် လိုအပ်သည်များ ပံ့ပိုးကူညီမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မြန္ျပည္နယ္အတြင္း ၂ဝ၂၆-၂ဝ၂၇ ဘ႑ာႏွစ္တြင္ ေကာ္ဖီတိုးခ်ဲ႕စိုက္ပ်ိဳးမည္
ကိုၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၁
မြန္ျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ႀကီးမႉး၍ မြန္ျပည္နယ္အတြင္း ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္တြင္ ေကာ္ဖီ ၁၀၆ ဧက တိုးခ်ဲ႕စိုက္ပ်ိဳးရန္ လ်ာထားေၾကာင္း မြန္ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။
ထိုသို႔ေကာ္ဖီပင္မ်ား တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္ရန္ ယခုအခါ ေကာ္ဖီပ်ိဳးပင္မ်ားကို ႀကိဳတင္ပ်ိဳးေထာင္ထားရွိၿပီး အဆိုပါပ်ိဳးပင္မ်ားကို ေတာင္သူမ်ားအား အခမဲ့ျဖန႔္ေဝေပးကာ တိုးခ်ဲ႕စိုက္ပ်ိဳးမည္ျဖစ္သည္။
ထို႔ျပင္ ေတာင္သူမ်ားအား ေကာ္ဖီပင္မ်ားအတြက္ လိုအပ္ေသာဓာတ္ေျမဩဇာႏွင့္ စိုက္ပ်ိဳးေရးနည္းစနစ္မ်ားကို ပံ့ပိုးကူညီကာ ေရာဂါပိုးမႊားမ်ား ကာကြယ္ႏွိမ္နင္းႏိုင္ေစရန္ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္သည္။
“လက္ရွိ မြန္ျပည္နယ္မွာ ေကာ္ဖီစိုက္ဧကေပါင္း ၁၁၆ ဧက စိုက္ပ်ိဳးထားရွိၿပီး ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္မွာ ေကာ္ဖီ စိုက္ဧကေပါင္း ၁၀၆ ဧကေလာက္ တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔ လ်ာထားေဆာင္႐ြက္ေနပါတယ္။ လက္ရွိ ေရာ္ဘာပင္ေတြ ၾကားမွာ စိုက္ပ်ိဳးထားတဲ့ေကာ္ဖီစိုက္ခင္းေတြရွိပါတယ္။ အဲဒီေကာ္ဖီစိုက္ခင္းေတြမွာ ေတာင္သူေတြကို ေကာ္ဖီစိုက္ နည္းစနစ္ အသိပညာေပးျဖန႔္ေဝတာေတြ စိုက္ပ်ိဳးေရးဦးစီးဌာနက ဝန္ထမ္းေတြ ကြင္းဆင္းေဆာင္႐ြက္ေပးေနပါ တယ္” ဟု မြန္ျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဦးစီးအရာရွိတစ္ဦးက ေျပာသည္။
မြန္ျပည္နယ္၌ ႐ိုဘတ္စတာေျမနိမ့္ေကာ္ဖီပင္မ်ားကို ႏွစ္ရွည္သီးႏွံပင္ျဖစ္ေသာ ေရာ္ဘာပင္မ်ားၾကား စိုက္ပ်ိဳးထားၿပီး ထိုသို႔စိုက္ပ်ိဳးျခင္းျဖင့္ ေတာင္သူမ်ားအတြက္ ဝင္ေငြတိုးတက္ရရွိေစရန္၊ ေဒသအတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ေပါမ်ားလာေစရန္ ႏွင့္ လူေနမႈဘဝမ်ားတိုးတက္ျမင့္မားလာေစရန္ ရည္မွန္းထားေၾကာင္း သိရသည္။
မြန္ျပည္နယ္စိုက္ပ်ိဳးေရး ဦးစီးဌာနအေနျဖင့္ ေတာင္သူမ်ား စိုက္နည္းစနစ္မွန္ကန္ေစရန္၊ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား ရရွိေစရန္ ႏွင့္ ေကာ္ဖီပင္မ်ားကို လ်ာထားဧကျပည့္မီေစရန္ လိုအပ္သည္မ်ား ပံ့ပိုးကူညီမည္ျဖစ္ၿပီး လာမည့္ႏွစ္မ်ားတြင္လည္း တိုးခ်ဲ႕စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း သိရသည္။