အီရန်နဲ့သဘောတူညီချက်တစ်ခု ရရှိဖို့ မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော

134

Pika (NP News) - ဖေဖော်ဝါရီ ၃
အီရန်နဲ့သဘောတူညီချက်တစ်ခု ရရှိဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတိုင်းက ဒေသတွင်းစစ်ပွဲတစ်ခုကို ဦးတည်သွားနိုင် တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက သတိပေးပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက် တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါ့ပြင် အလီခါမေနီရဲ့သတိပေးချက်နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ဟုတ်တာပေါ့။ သူဒီလိုပဲ ပြောမယ်ဆိုတာ ကျွန်တော်သေချာသိနေပါတယ်။ အီရန်နဲ့ကျွန်တော်တို့ကြားမှာ သဘောတူညီချက်တစ်ခု ရရှိလာဖို့ မျှော်လင့်မိပါ တယ်။ သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် သူပြောတာ မှန်/မမှန်ဆိုတာကို ကျွန်တော်တို့ သိရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ရန်က နျူကလီးယားသဘောတူညီချက်ကို သဘောမတူရင် ဒါမှမဟုတ် ဆန္ဒပြသူတွေကို သတ်ဖြတ်တာကို မရပ်တန့်ဘူးဆိုရင် ဝင်ရောက်စွက်ဖက်မှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်ကိုသတိပေးလိုတဲ့အနေနဲ့ အရှေ့အလယ်ပိုင်း မှာ ရေတပ်အင်အားစုတစ်ခုကို အမေရိကန်က တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္နဲ႔သေဘာတူညီခ်က္တစ္ခု ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၃
အီရန္နဲ႔သေဘာတူညီခ်က္တစ္ခု ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈတိုင္းက ေဒသတြင္းစစ္ပြဲတစ္ခုကို ဦးတည္သြားႏိုင္ တယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ဒါ့ျပင္ အလီခါေမနီရဲ႕သတိေပးခ်က္နဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ေမးျမန္းမႈေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ဟုတ္တာေပါ့။ သူဒီလိုပဲ ေျပာမယ္ဆိုတာ ကြၽန္ေတာ္ေသခ်ာသိေနပါတယ္။ အီရန္နဲ႔ကြၽန္ေတာ္တို႔ၾကားမွာ သေဘာတူညီခ်က္တစ္ခု ရရွိလာဖို႔ ေမွ်ာ္လင့္မိပါ တယ္။ သေဘာတူညီခ်က္မရရွိခဲ့ဘူးဆိုရင္ သူေျပာတာ မွန္/မမွန္ဆိုတာကို ကြၽန္ေတာ္တို႔ သိရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ရန္က န်ဴကလီးယားသေဘာတူညီခ်က္ကို သေဘာမတူရင္ ဒါမွမဟုတ္ ဆႏၵျပသူေတြကို သတ္ျဖတ္တာကို မရပ္တန႔္ဘူးဆိုရင္ ဝင္ေရာက္စြက္ဖက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကိမ္ႀကိမ္ သတိေပးေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္ကိုသတိေပးလိုတဲ့အေနနဲ႔ အေရွ႕အလယ္ပိုင္း မွာ ေရတပ္အင္အားစုတစ္ခုကို အေမရိကန္က တည္ေဆာက္ခဲ့တယ္လို႔လည္း သိရပါတယ္။