ကျူးဘားရဲ့ခေါင်းဆောင်ပိုင်းနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

170

Pika (NP News) - ဖေဖော်ဝါရီ ၃
ကျူးဘားနိုင်ငံရဲ့ခေါင်းဆောင်ပိုင်းနဲ့ သဘောတူညီချက်တစ်ခုရယူနိုင်ဖို့ အမေရိကန်က ညှိနှိုင်းမှုတွေလုပ်ဆောင်နေ တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံအပေါ် ရေနံပိတ်ဆို့မှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျူးဘားက ကျရှုံးနိုင်ငံတစ်ခုပါ။ ဗင်နီဇွဲလားကြောင့် အချိန်အကြာကြီးရပ်တည်နိုင်ခဲ့တဲ့ ကျူးဘားက လက်ရှိအချိန်မှာတော့ ဗင်နီဇွဲလားဆီက ထောက်ပံ့မှုတွေကိုရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ဘာတွေဖြစ်လာမလဲဆိုတာကိုသိရဖို့ ကျူးဘားရဲ့အမြင့်ဆုံးလူတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်ဆောင်နေ ပါတယ်။ ကျူးဘားနဲ့သဘောတူညီချက်တစ်ခုကို ရယူနိုင်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီသဘောတူညီချက်ထဲမှာ ဘယ်လိုအရာတွေ ပါဝင်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ပြီး ရေနံထောက်ပံ့မှုတွေကို ရရှိထားတဲ့ကျူးဘားနိုင်ငံဟာ ပြီးခဲ့တဲ့လ အစောပိုင်းကတည်းကနေ စတင်ပြီး ဗင်နီဇွဲလားနိုင်ငံကနေ ထောက်ပံ့မှုတွေ သိပ်မရရှိခဲ့တော့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
က်ဴးဘားရဲ႕ေခါင္းေဆာင္ပိုင္းနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၃
က်ဴးဘားႏိုင္ငံရဲ႕ေခါင္းေဆာင္ပိုင္းနဲ႔ သေဘာတူညီခ်က္တစ္ခုရယူႏိုင္ဖို႔ အေမရိကန္က ညႇိႏႈိင္းမႈေတြလုပ္ေဆာင္ေန တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
က်ဴးဘားႏိုင္ငံအေပၚ ေရနံပိတ္ဆို႔မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “က်ဴးဘားက က်ရႈံးႏိုင္ငံတစ္ခုပါ။ ဗင္နီဇြဲလားေၾကာင့္ အခ်ိန္အၾကာႀကီးရပ္တည္ႏိုင္ခဲ့တဲ့ က်ဴးဘားက လက္ရွိအခ်ိန္မွာေတာ့ ဗင္နီဇြဲလားဆီက ေထာက္ပံ့မႈေတြကိုရေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မလို႔ ဘာေတြျဖစ္လာမလဲဆိုတာကိုသိရဖို႔ က်ဴးဘားရဲ႕အျမင့္ဆုံးလူေတြနဲ႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေန ပါတယ္။ က်ဴးဘားနဲ႔သေဘာတူညီခ်က္တစ္ခုကို ရယူႏိုင္ေတာ့မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီသေဘာတူညီခ်က္ထဲမွာ ဘယ္လိုအရာေတြ ပါဝင္မလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြ ကိုေတာ့ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ဗင္နီဇြဲလားႏိုင္ငံရဲ႕ မိတ္ဖက္ႏိုင္ငံ ျဖစ္ၿပီး ေရနံေထာက္ပံ့မႈေတြကို ရရွိထားတဲ့က်ဴးဘားႏိုင္ငံဟာ ၿပီးခဲ့တဲ့လ အေစာပိုင္းကတည္းကေန စတင္ၿပီး ဗင္နီဇြဲလားႏိုင္ငံကေန ေထာက္ပံ့မႈေတြ သိပ္မရရွိခဲ့ေတာ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။